By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 5 July 2018
အိမ်ခြံမြေ အရောင်းပြပွဲများမှတဆင့် အိမ်ရာချေးငွေဖြင့် အိမ်ရာ၊ တိုက်ခန်း ဝယ်ယူမှုများ တဖြေးဖြေး ခေတ်စားလာပြီဖြစ်သည်။
အိမ်ရာချေးငွေဖြင့် ငွေအလုံးအရင်းပေးစရာမလိုဘဲ (၅) နှစ် ၊ (၁၀) နှစ် ၊ (၁၅) နှစ် စသည့် အရစ်ကျစနစ်များဖြင့် အိမ်ရာ ၊ တိုက်ခန်း နှင့် ကွန်ဒိုများကို ဝယ်ယူနိုင်မည့် အခွင့်အလမ်းများလည်း ရှိနေပြီဖြစ်သည်။
အိမ်ရာချေးငွေလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း ပြည့်စုံရန် လိုအပ်သည်။
ဧရာဝတီတွင် ဈေးဆိုင်၊ ဆိုင်ခန်းလုပ်ကိုင်သူများ အိမ်ရာချေးငွေလျှောက်ထားပါက အောက်ပါအချက်အလက်များ ပြည့်စုံရန်လိုအပ်သည်။
ဈေးဆိုင်၊ ဆိုင်ခန်း လုပ်ကိုင်သူဖြစ်ပါက
· အိမ်ရာချေးငွေလျှောက်လွှာ (Mortgage Loan Application Form)
· တိုက်ခန်း၊ ကွန်ဒိုရောင်းချသူများထံမှ ရရှိလာသည့် တိုက်ခန်းအခြေအနေ ၊ ဈေးနှုန်းစသည်တို့ဖော်ပြထားသည့်ပြေစာ (Invoice)
· လုပ်ငန်းလိုင်စင်
· မြို့တော်စည်ပင်မှ ထောက်ခံပေးသော ဆိုင်ခန်းလိုင်စင်
· (၃) နှစ်စာ ဆိုင်ခန်းအခွန်ပြေစာ
· (၃)နှစ်စာ ဝင်ငွေစာရင်း(Ledger Book)
· (၆)လတွင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement)
· သန်းခေါင်စာရင်း (အိမ်ထောင်စုစာရင်း) မိတ္တူ ၊ မှတ်ပုံတင်မိတ္တူ
· ရပ်ကွက်ထောက်ခံစာ နှင့် ရဲစခန်းထောက်ခံစာ (မူရင်း)
· အာမခံပေးသူ၏ မှတ်ပုံတင် မိတ္တူ ၊ မူရင်း
· အာမခံပေးသူ၏ ဝင်ငွေနှင့် ပတ်သက်သော အထောက်အထားများ ပြည့်စုံစွာ ယူဆောင်ပြီး လျှောက်ထားရမည်ဖြစ်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : AYA Bank
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ