By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 1 June 2018
BCC ဆိုတာကတော့ လူနေထိုင်ဖို့ အန္တာရာယ်ရှိ၊မရှိကို စည်ပင်သာယာရေးကောင်စီမှ စိစစ်ကာ ထုတ်ပေးတဲ့ အဆောက်အအုံပြီးစီးကြောင်း သက်သေခံလတ်မှတ်ကို ဆိုလိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း နေထိုင်ဖို့ အန္တာရာယ်မရှိကြောင်း၊ အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ်(BCC) ကျပြီး အဆောက်အအုံတွေမှာ ဝယ်ယူနေထိုင်သင့်သလို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ လက်မှတ်ကိုရရှိမှသာလျှင် ရောင်းချခွင့်ပြုသင့်ပါတယ်။အဆောက်အအုံအမျိုးအစားပေါ်မူတည်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ စည်းကမ်းသတ်မှတ်ချက်တွေက ကွဲလွှဲသွားမှာပဲ ဖြစ်ပါတယ်။
(၂၀၁၃)ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၁(င)အရ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုဖြစ်ပါစေ၊ အဆောက်အအုံပြီးစီးကြောင်းသက်သေခံလက်မှတ် (BCC) မရရှိသေးပါက စည်ပင်၏ခွင့်ပြုချက်မရှိဘဲ နေထိုင်ခွင့်မရှိပေ။ နေထိုင်သူရှိပါက ဖယ်ရှားခံရမယ့်အပြင် နေထိုင်သူကော ဆောက်လုပ်ခဲ့တဲ့ ကုမ္မဏီကိုပါ အရေးယူသွားမှာ ဖြစ်ပါတယ်။
အဆိုပါ အဆောက်အအုံပြီးစီးကြောင်း ခွင့်ပြုချက် (BCC) ကျရန်အတွက် ရန်ကုန်မြို့တော် ဌာနတွင် လျေက်ထားနိုင်သလို ရန်ကုန်စည်ပင်သာယာရေးကော်မတီဝက်ဘ်ဆိုက်မှလည်း အလွယ်တကူ လျောက်ထားနိုင်ကြောင်း သိရှိရပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Proptiger
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ