By The Kumudra, Shweproperty.com
Updated at 31 October 2017
အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် (ဘီစီစီ) လျှောက်ထားရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ. သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အထပ်မြင့် အဆောက်အအုံ လေးထပ်နဲ. အထက်
ပိုင်ရှင် မှတ်ပုံတင် မိတ္တူ
ဘီစီစီလျှောက်လွှာ။
သက်ရှိထင်ရှားဖြစ်ကြောင်း ခံဝန်ကတိပြုစာချုပ်မှာ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ.ဖြိုးရေးကောင်စီရဲ. ထပ်ဆင့်ထောက်ခံချက်။
မြို.နယ်အေးချမ်းသာယာရေးနှင့် ဖွံ.ဖြိုးရေးကောင်စီရဲ. ကန်.ကွက်ရန် မရှိကြောင်း ထောက်ခံချက်။
ဆောက်လုပ်ခွင့် ပါမစ်မိတ္တူ
ဆောက်လုပ်ခွင့်ပုံစံ (Drawing) မိတ္တူတစ်စုံ။
ဆောက်လုပ်ခွင့် ပုံစံစစ်ဆေးခ ငွေသွင်း ချလန်မိတ္တူ။
အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာနဲ. စစ်ဆေးရေးအင်ဂျင်နီယာတွေရဲ. မှတ်ချက်ပါရှိတဲ့ log-book(ကန်.လန်.ဖြတ်ဇယား)။
ကန်ထရိုက်တာရဲ. ဝန်ခံကတိစာချုပ်တို. လိုအပ်ပါတယ်။
အထပ်နိမ့် အဆောက်အအုံ (သုံးထပ်ခွဲအထိ)
ပိုင်ရှင်မှတ်ပုံတင်မိတ္တူ။
သက်ရှိထင်ရှား ဖြစ်ကြောင်း ခံဝန်ကတိပြုစာချုပ်မှာ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ.ဖြိုးရေးကောင်စီရဲ. ထပ်ဆင့်ထောက်ခံချက်။
ဆောက်လုုပ်ခွင့်ပါမစ်မိတ္တူ။
ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခ ငွေသွင်းချလန် မိတ္တူ။
အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာနှင့် စစ်ဆေးရေး အင်ဂျင်နီယာတွေရဲ. မှတ်ချက်ပါရှိတဲ့ log-book။
သန်.ရှင်းရေးဌာနရဲ. အမှိုက်ပုံးဝယ်ပြီးကြောင်း ထောက်ခံချက်။
ပြည်တွင်းအခွန်ဦးစီးဌာနရဲ. အခွန်ထမ်းဆောင်ပြီးကြောင်း ထောက်ခံချက်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ