By The Kumudra, Shweproperty.com
Updated at 5 December 2017
မြေပုံမြေရာဇဝင်ရေးကူးရန ်လျှောက်ထားနိုင်တဲ့သူတွေ ကတော့ မြေကွက်အမည်ပေါက်သူ၊ GP,SP ရထားသူ၊ အမွေဆက်ခံသူအမျိုးမျိုးနဲ့ တရားမကြောင်းအရ တရားစွဲပြီး ဘီလစ်ကဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သတ်ပြီးမြေ ပုံမြေရာဇဝင်ရေး ကူးဖို့လိုအပ်တဲ့ အကြောင်းရင်းတွေကတော့ (၁)အရောင်းအဝယ်ပြုလုပ်ခြင်း ၊(၂)စည်းဝင်းခတ်ခြင်း ၊(၃)မှတ်ပုံတင်ခြင်း ၊(၄)မှတ်တမ်းထားခြင်း ၊(၅)အိမ် အသစ်ဆောက်လုပ်ခြင်း၊ (၆)အသေးစားပြင်ဆင်ခြင်း၊ (၇)အဝီစိတွင်းတူးဖော်ခြင်း၊ (၈)မြေခွဲခြမ်းခြင်း၊ (၉)ပိုင်ဆိုင်ကြောင်းအပိုင်းပေးအပ်တာ၊ စွန့်လွှတ်တာနဲ့အမှားပြင်စာချုပ်ချုပ်ဆိုခြင်း၊ (၁၀)တရားရုံးတင်ပြခြင်း၊(၁၁) ကျုးလွန်ခြင်းပြမြေပုံနဲ့ (၁၂) ဘဏ်ချေးငွေရယူမယ့်အချိန်တွေမှာ လိုအပ်ပါတယ်။
လျှောက်ထားသူ ဘက်ကလိုအပ်တ အချက်အလက်တွေ ကတော့ မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အမည်ပေါက် ဂရန်မူရင်း၊ မိတ္တူ၊ မြေခွန်မြေ ခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံစာ၊ ပိုင်ဆိုင်မှုမှတ်ပုံတင်စာရွက်စာတမ်း၊ တရားရုံးအမိန့်ဒီဂရီ၊ သေတမ်းစာအတည်ပြုလက်မှတ်၊ အမွေထိန်းစာနဲ့အတူ ထုခွဲရောင်းချခွင့်အမိန့်၊ ကျမ်းကျိန်လွှာ ၊ပိုင်ဆိုင်ခွင့်ရှိသူလွှဲအပ်တဲ့ မှတ်ပုံတင်အထွေထွေကိုယ်စားလှယ်လွှဲစာ၊ အထူး ကိုယ်စားလှယ်လွှဲစာ၊ ကြွေးကျန်ကင်းရှင်းကြောင်းနောက်ဆုံးမြေခွန်ပြေစာ၊ မရွှေ့ပြောင်းနိုင်တဲ့မြေခွန်ပြေစာ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ကန့်သတ်ချက်ဥပဒေငြိစွန်းခြင်းရှိမရှိ စိစစ်ခြင်း၊ စည်ကပင်ရဲ့ ဝန်ဆောင်မှု စရိတ်ပေးသွင်းရန် တို့ဖြစ်ပါတယ်။
မြေပုံရာဇဝင်ကူးယူခြင်းကိုရွာမြေ၊ ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှတစ်ပါးတခြားမြေအမျိုးအစားတွေကို မှန်ကန်ကြောင်း သက်သေခံအနေနဲ့ထုတ်ပေးပါတယ်။ မြေပုံမြေရာဇဝင်ကူးယူခွင့်ကိုမြေအမည်ပေါက်သူကိုယ်တိုင်လျှောက်ထားရင်အမှုတွဲဖွင့်လှစ်တဲ့နေ့ကစပြီး (၁၄) ရက် အကြာမှာထုတ်ယူနိုင်ပါတယ်။တခြားစာချုပ်စာတမ်း အရပိုင်ဆိုင်သူနဲ့ ကျမ်းကျိန်လွှာအရ တင်ပြလျှောက်ထား သူတွေကိုတော့ သတင်း စာက (၁၄) ရက်အချိန်ပေး ကြော်ငြာတာဖြစ်တယ်လို့ အမှုတွဲဖွင့်တဲ့နေ့ကစပြီး ရက်၃၀ပြည့်ချိန်မှာမြို့တော်ခန်းမမှာ သွားရောက် ထုတ်ယူနိုင် မှာ ဖြစ်ပါတယ်။
Ref : THe Kumudra
Photo Credit : Shutterstock
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ