By Social Media, Shweproperty.com
Updated at 24 January 2019
အိမ်တစ်အိမ်ဆောက်ရင်အဓိက ၃ချက်ရှိတယ်။အိမ်ပနပ်၊အိမ်ဦးရင်တိုင်၊လှေကား အဲ့ဒါ အဓိကဘဲ။
မဆောက်ကောင်းသောအိမ်
အိမ်ပျံ ၊အိမ်ရင်ကွဲ ၊အိမ်ပလ္လင်၊အိမ်ဖိုခနောက်၊အိမ်နွား ၊အိမ်ပတ္တလား ၊ကျောင်းနှင့်တူသောအိမ်မဆောက်ကောင်းပါ ။
ရင်ကွဲအိမ် (ကွဲ...သေ) ၊ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်) ၊သစ်ဆက်ဝါးဆက်ဆက်သောအိမ်(ရန်ဖြစ်)၊ အဲ့အိမ်တွေမှာ ထုပ်ယောက် မိုက်ဖွဲ့ပြီး ၃နဲ့စားလို့ပျက်ရင်၃လအတွင်း လူသေဖို့ ၁၀၀%ပါ။
အိမ်ပတ္တလားနဲ့ အိမ်နွားက ဆင်းရဲရုံဘဲရှိတယ်လူမခိုက်ပါ။ အိမ်မှာ သစ်စုံန်းပါရင်သစ်မင်းစိုက်ထားပါ။အိမ်ထက်အိမ်သာမကောင်းစေသင့်။အိမ်အရင် အိမ်သာမဆောက်ကောင်း။ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။
အိမ်တိုင်တွေကို ကြေးပြားမှာ စည်းချဂါထာရေးပြီး အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်။မီးမခနိုင်ဧည့်သည်ကောင်းများလာစေတက်။လောင်မီးစက်မခနိုင်။မိစ္ဆာများမနေနိုင်ပါ။အိမ်တစ်အိမ်မှာ
ချမ်းသာချင်လည်း လှေကားဘဲ ၊မွဲချင်လည်း လှေကားဘဲ။လှေကားက အဓိကပါဘဲ။
အိမ်နဲ့ပတ်သတ်ပြီး သိပ္ပံခေတ်မှာ ယုံစရာမလိုဘူးဆိုလို့ မယုံကြည်ရင် အိမ်ရဲ့ဘယ်ဘက်ညာဘက်၂ဘက်လုံး အဖီဆွဲနေလေ ။မွဲအေးရော ။အကြားအမြင် ပြည့်ဝကြပါစေ။
အောင်- ဧကပုတ္တမနုရက္ခေ
လူမှန်သမျှအိမ်နှင့်မကင်းနိုင်။ထိုအိမ်ဆောက်ရာတွင်အကျိုးအပြစ်ကို စလေဦးပုည၏ ဟောစတမ်းမှ အကျိုးများ၍ အများအကျိုးတွက်တင်ပေးပါအံ့။
တနင်္ဂနွေနေ့အိမ်ဆောက်လျှင်ဥရုတိုင်အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ တစ်ထွာခန့်အမျက်ရှိတတ်၏။ ထိုအမျက်ကား အိမ်လူတွေကိုဒုက္ခပေးတတ်၏။ပယ်နိုင်ကပယ်လိုက်မပယ်နိုင်လျှင်ထိုဥရုတိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်။စည်းစိမ်ဥစ္စာတိုးပွား၏။
တနင်္လာနေ့အိမ်ဆောက်မူ အနောက်မြောက်ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏။သားသမီးမြေးမြစ်သေတတ်၏။ပယ်လိုကပယ်မပယ်လိုက အရှေ့တောင်က သစ်မင်းတိုင်နှင့်လဲ၍စိုက်။ခြေလေးခြောင်းရကိန်းရှိ၏။
အင်္ဂါနေ့အိမ်ဆောက်မူ မြောက်အလယ်တည့်တည့် ယက်မအောက်တွင်သေချာကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏။အိမ်ရှိတိရစ္ဆာန်သေတတ်၏ ပယ်လိုကပယ်၊ မပယ်လိုက တောင်ဘက်စဉ်စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက် သမီးရတနာရတတ်၏။
ဗုဒ္ဓဟူးနေ့တွင်အိမ်ဆောက်မူ အရှေ့မြောက်ထောင့်ကတိုင်တွင်မြေပေါ်တစ်ထောင်လောက်အကွာအမျက်ရှိတတ်၏။ကိုယ်ချစ်ရသူသေတတ်၏။ပယ်လိုကပယ်မပယ်လိုက ဘူမိအရပ်က တိုင်န့ှင်လဲစိုက် စုဒ်ကောင်းဝင်လတ္တံ့။
ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှင်အရှေ့စွန်းက တိုင်ခွတွင်အခေါင်းပါတတ်၏။ ရောဂါရတတ်၏။သောကရောက်တတ်၏။ပယ်လိုကပယ် မပယ်လိုက အလည်တိုင်နှင့်လဲစိုက်။ ဘုန်းကြီးအံ့။သောကြာနေ့တွင်အိမ်ဆောက်မူ အလယ်တိုင်၏ဂွအောက်တစ်ထွာလောက်တွင်အခေါင်းပါတတ်၏။ရောဂါထူပြောအံ့ ။ပယ်လိုကပယ်မပယ်လိုက အလည်ဂွတိုင်နှင့်လဲစိုက်။လာဒ်ရအံ့။
စနေနေ့တွင်အိမ်ဆောက်မူ အနောက်တောင်ရှိတိုင်ထိပ်၌ စရွေးအောက်မှာ အမျက်သေးပါတတ်၏။မိန်းမမသေ ၊ယောကျ်ားသေတတ်၏။ပယ်လိုကပယ် မပယ်လိုက အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက်။လာဒ်ကြီးရလတ္တံ့။
Ref : Social Media
Photo Credit : Irishnews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ