By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 15 May 2018
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ အခန်း(၃) တွင်
၃၉။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း၊ အဆောက်အအုံ ဆောက်လုပ်မှုနှင့် ဆက်နွယ်သည့် လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား သတ်မှတ်ထားသော အာမခံငွေ တင်သွင်းစေ၍ ကန်ထရိုက်တာအဖြစ် မှတ်ပုံတင်ပြီး လိုင်စင်ထုတ်ပေး နိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကို သတ်မှတ်ပေးရမည်။
(ဂ) နည်းဥပဒေခွဲ(ခ)အရ သတ်မှတ်ပေးထားသည့် လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကို တိုးမြှင့်သတ်မှတ်နိုင် သည်။
၄၀။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း၊ အဆောက်အအုံ ဆောက်လုပ်မှုနှင့် ဆက်နွယ်သည့် လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့် အတွေ့အကြုံရှိသူများကို စိစစ်၍ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် မှတ်ပုံတင်ပြီးလိုင်စင်ထုတ်ပေးနိုင်သည်။
(ဂ) နည်းဥပဒေခွဲ(ခ)အရ သတ်မှတ်ပေးထားသည့် လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကိုတိုးမြင့်သတ်မှတ်နိုင်သည်။
၄၁။ ကော်မတီသည်-
(က) သတ်မှတ်ထားသော အရည်အချင်းနှင့် ကျွမ်းကျင်မှုရှိသူများကို လိုင်စင်ရအင်ဂျင်နီယာအဖြစ် မှတ်ပုံတင်ပြီးလိုင်စင်ထုတ်ပေးနိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းနှင့်အဆင့်တို့ကို သတ်မှတ်ပေးရမည်။
(ဂ) နည်းဥပဒေခွဲ(ခ)အရ သတ်မှတ်ပေးထားသည့် လိုင်စင်သက်တမ်းနှင့်အဆင့်တို့ကို တိုးမြင့် သတ်မှတ်နိုင်သည်။
၄၂။ လိုင်စင်ရ ကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊ လိုင်စင်ရအဆောက်အအုံ အင်ဂျင်နီယာ သို့မဟုတ် လိုင်စင်ရအင်ဂျင်နီယာသည် လိုင်စင်သက်တမ်းတိုးမြှင့်လိုလျှင် လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း သုံးဆယ် ကြိုတင်၍ သတ်မှတ်ချက် နှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။
၄၃။ ကော်မတီသည် လိုင်စင်ရ ကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊ လိုင်စင်ရအဆောက်အအုံ အင်ဂျင်နီယာ နှင့် လိုင်စင်ရအင်ဂျင်နီယာတို့၏ လုပ်ငန်းတာဝန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။
၄၄။ ဥပဒေပုဒ်မ ၅၃ ပုဒ်မခွဲ(ခ)အရ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုတ်သိမ်းခြင်းခံရသူသည် သတ်မှတ် ကာလကုန်ဆုံးသည့်အခါ လိုင်စင်ပြန်လည်ရရှိရန် သတ်မှတ်ချက်နှင့်အညီ ကော်မတီသို့ လျှောက်ထားနိုင်သည်။
၄၅။ ကော်မတီသည် နည်းဥပဒေ (၄၄) အရ လျှောက်ထားသည့်လျှောက်လှွာကိုစီစစ်ပြီး သတ်မှတ်ချက်နှင့်ညီညွတ်ပါက သက်ဆိုင်ရာလိုင်စင်ကို ထုတ်ပေးနိုင်သည် ဟုဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Turkishlawyeroffice
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ