By Kumudra, Shweproperty.com
Updated at 29 August 2018
အဆောက်အအုံတစ်ခု၊ ဆိုင်ခန်းတစ်ခုကို ရောင်းတော့မယ်ဆိုရင် ပေါ်လွင်ထင်ရှားနေတဲ့ အဆောက်အအုံတွေ ထက်လှပကျော့ရှင်းတဲ့ပုံစံ ဒီဇိုင်းလေးတွေကို ပိုပြီး လူကြိုက်များပါတယ်။ ဒါကြောင့် အရောင်းသွက်စေဖို့ဆိုရင်အဆောက်အအုံ၊ဆိုင်ခန်းပုံစံတစ်ခုအတွက် အပြင်အဆင်နဲ့ ဒီဇိုင်းကအရေးကြီးပါတယ်။
အောက်ခင်းကြမ်းပြင် ဒီဇိုင်းအတွက် စကျင်ကျောက်ပြားတွေကို သုံးထားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖန်တီးမှုကိုရရှိစေပါတယ်။အခန်းပုံစံတွေကို မှန်လုံခန်းတွေသုံးပြီး ပြင်ဆင်ထားမှုကလည်း ဧည့်သည်တွေအတွက်ဆွဲဆောင်မှု ရှိစေပါတယ်။ ကျောက်ပြားတွေဟာ ဈေးဆိုင်တစ်ဆိုင်ရဲ့ ဆွဲဆောင်မှုရှိစေပါတယ်။ကျောက်ပြားတွေဟာ ဈေးဆိုင်တစ်ဆိုင်ရဲ့ဆွဲဆောင်မှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်နေပြီး ဆိုင်ခန်းနေရာ တစ်ခုလုံးကို ထူးခြားစေပါတယ်။
ဆိုင်ခန်းတွေရဲ့ လက်ရန်းတန်းတွေကို ကြေးဝါလက်ရန်းတန်းတွေသုံးတာ ပိုလှစေပါတယ်။တချို့ဆိုင်တွေမှာဆိုရင် အလူမီနီယံလက်ရန်းတန်းတွေသုံးထားကြတယ်။ ဈေးသက်သာစေပေမဲ့ အကြိုက်မတွေ့တာမျိုးလည်းရှိပါတယ်။
ဈေးဆိုင်ခန်းတွေ အရှေ့ဘက်နံရံမှာ ရေတံခွန်တွေ ဖန်တီးထားကြပါတယ်။ဒါ့အပြင် ဆိုင်တွင်းပန်းချီကားလေးတွေကလည်း ဆိုင်ခန်းအတွက် တင့်တယ်မှုကို တစ်ထောင့်တစ်နေရာကနေ ဖြစ်ပေါ်စေပါတယ်။
ဒါ့အပြင် လူနေအိမ်တွေအတွက်လည်း ပြတင်းပေါက်တွေ အကြီးကြီးတွေ ထားတာကပိုကောင်းစေပါတယ်။ မှန်တွေကို အများကြီးသုံးထားရင် ခေါင်းမူးစေနိုင်တာကြောင့် မှန်တွေကို အလွန်အကျွံမသုံးဘဲ သင့်တင့်မျှတအောင် သုံးသင့်ပါတယ်။
လူနေခန်းတွင်း အပြင်အဆင်တွေကို ဝယ်သူတွေက သိပ်ပြီးအရေးမထားတတ်ကတာမျိုးလည်း တွေ့ရတတ်ပါတယ်။ဝယ်ပြီးတဲ့အခါမှ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းတွေကို ရွေးချယ်ပြီး စိတ်ကြိုက်ပြင်ဆင်ကြပါတယ်။
ဒါကြောင့် လူနေခန်းတွေအတွက် အရင်မရှိဖူးတဲ့ ဒီဇိုင်းသစ်တွေ တီထွင်ပေးပြီး ဇိမ်ကျကျနေနိုင်အောင် လုပ်နေရုံမကဘဲ ဒီဇိုင်းပုံစံရောစပ်မှု၊ အသုံးပြုတဲ့ ပစ္စည်းအနေအထားအရောင်တွေကိုလည်း လူတွေ ရွေးချယ်ဝယ်တတ်ကြကြောင့် အဆောက်အအုံတွေကို ရောင်းမယ်ဆိုရင် လှပကျော့ရှင်းနေတာကို လူကြိုက်များကြောင်း သိရပါတယ်။
Ref : Kumudra
Photo Credit : Activerain
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ