By Kumudra, Shweproperty.com
Updated at 21 August 2018
အိမ်ခြံမြေဝယ်တဲ့အခါ ဝယ်သူတွေ အလေးထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
အိမ်ခြံမြေဝယ်ယူတဲ့အခါ တချို့သူတွေက နားလည်မှုနဲ့ နီးစပ်ရာ ပွဲစားတွေနဲ့သာ ပြေလည်အောင် ညှိနှိုင်းပြီး အရောင်းအဝယ်လုပ်တတ်ကြတာကြောင့် အိမ်ခြံမြေ အရောင်းအဝယ်နဲ့ ပတ်သက်ပြီး သတိထားစရာတွေ ရောင်းပြီးဝယ်ပြီးနောက်ပိုင်း ဖြစ်တတ်တဲ့ ပြဿနာတွေ အများကြီး ကြုံတွေ့ရတတ်ပါတယ်။
ဝယ်သူတွေအနေနဲ့ သိန်းပေါင်းရာထောင်ချီပြီး တန်ဖိုးရှိတဲ့ အိမ်ခြံမြေကို ဝယ်ယူရာမှာ နားလည်တတ်ကျွမ်းတဲ့ ရှေ့နေ ဥပဒေပညာရှင်တွေကို ငှားရမ်းဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ စရန်ပေးတဲ့အခါနဲ့ ကတိစာချုပ်ချုပ်ဆိုတဲ့အခါ ပါဝင်သင့်တဲ့ စည်းမျဉ်းစည်းကမ်း၊သတ်မှတ်ချက်တွေကို ပြည့်ပြည့်စုံစုံနဲ့ စာချုပ်ကို ဥပဒေနဲ့ အညီရေးသားတင်ပြနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝယ်ယူတဲ့အခါ ရောင်းချသူ လက်ဝယ်ပိုင်ဆိုင်မှု မှတ်ပုံတင်စာချုပ်စာတမ်းတွေ၊မူရင်းမြေဂရန်စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံ ရှိမှသာ ချုပ်ဆိုသင့်သလို စရန်ငွေ ပေးသင့်ပါတယ်။တချို့က မူရင်း ဂရန်ပိုင်ရှင်ဆီက ဝယ်ယူပြီး မိမိနာမည်နဲ့ မလွှဲဘဲ ပြန်လည်ရောင်းချတတ်ပြီး စာရွက်စာတမ်းတွေလည်း ပြည့်ပြည့်စုံစုံ မရှိတတ်တာကြောင့် ဝယ်သူတွေအနေနဲ့ သတိထားသင့်ပါတယ်။
ဒါ့အပြင် မူရင်းဂရန် ပျောက်ဆုံးပြီး ဂရန်မိတ္တူနဲ့ ရောင်းချလာပါကလည်း သေချာအောင် လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။ဘာကြောင့်လဲဆိုရင် တချို့မြေတွေက ပေါင်နှံထားပြီးမှ အရောင်းအဝယ် လုပ်တတ်တာတွေကြောင့် သတိထားသင့်ပါယ်။သက်ဆိုင်ရာ နယ်နိမိတ်အတွင်း မြေကွက်တွေကို ဆိုင်းငံ့ထားပြီး ရောင်းချပိုင်ခွင့်မရှိတတ်တာတွေလည်း ရှိပါတယ်။ ဒါ့အပြင် မိမိဝယ်ယူတဲ့ မြေဟာ မည်သူတွေနဲ့ သက်ဆိုင်နေသလဲ ကျေနပ်မှု ရှိမရှိသိဖို့ လည်း လိုအပ်ပါတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။
ဒါကြောင့် ဝယ်ယူမယ့်အိမ်ခြံမြေကို အရောင်းအဝယ်ကိစ္စ ညှိနှိုင်းပြေလည်တဲ့ အခါကန့်ကွက်မှုရှိမရှိကိုနိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းကြေညာပြီးမှ အမှန်တကယ်ကန့်ကွက်မယ့်သူမရှိမှသာ အရောင်းအဝယ်လုပ်တဲ့အခါ စိတ်ကျေနပ်စွာနဲ့ ဆောင်ရွက်ပြီး ငွေပေးချေသင့်ပါတယ်။
Ref : Kumudra
Photo Credit : Familypublications
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ