By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 29 May 2018
အိမ်တစ်လုံးဝယ်ယူရာမှာ ရွေးချယ်မှုမမှားယွင်းစေဖို့အတွက် ဝယ်ယူရာမှာ ဘယ်အချက်တွေကို အဓိကထားသိသင့်သလဲ၊ မေးမြန်းသင့်လဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကတော့ ….
(၁) ပတ်ဝန်းကျင်၊ တည်နေရာ
အိမ်ရဲ့တည်နေရာဟာ လေကောင်းလေသန့် ရနိုင်လား။ ဈေး၊ ကျောင်း၊ ဆေးရုံ အနီးအနားမှာ ရှိလား ဆိုတာကို သိထားသင့်ပါတယ်။ မိမိရဲ့ အလုပ်အကိုင်နဲ့ နီးစပ်ပြီး ကိုယ်နဲ့ သင့်တော်မယ့် တည်နေရာမှာရှိတဲ့ အိမ်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
(၂) မြေအမျိုးအစား
အိမ်ဝယ်ယူရာမှ အဓိက အရေးအကြီးဆုံးက အိမ်တည်ဆောက်ထားတဲ့ မြေအမျိုးအစားပါ။ လူအများစုရဲ့ အိမ်ဝယ်ယူရခြင်း ရည်ရွယ်ချက်ကတော့ မိသားစုတွေ အေးချမ်းစွာ နေထိုင်နိုင်မယ့် နေရာတစ်ခု ဆွေစဉ်မျိုးဆက် ပိုင်ဆိုင်မှုခိုင်မာချင်လို့ပါ။ ဂရန်မြေရိုးရိုးပေါ်မှာ တည်ဆောက်ထားသလား၊ ဘိုးဘွားပိုင်မြေပေါ်လား ဆိုတာကို မေးမြန်းပါ။ ပိုင်ဆိုင်မှုခိုင်မာမယ့်မြေမျိုးကို ရွေးချယ်ပါ။
(၃) အကျယ်အဝန်းနှင့် အခန်းဖွဲ့စည်းပုံ
အိမ် ၊ခြံရဲ့ အကျယ်အဝန်း၊ အိမ်အတွင်းပိုင်းက အခန်းဘယ်နှခန်းပါဝင်တယ်၊ ဘယ်လို ဖွဲ့စည်းထားတယ်၊ နေထိုင်ဖို့အသင့်ပြင်ဆင်ပြီး အိမ်အမျိုးအစားလား၊ ကိုယ်တိုင်စိတ်ကြိုက်ပြန်ပြင်ဆင်နိုင်မယ့် အိမ်မျိုးလားဆိုတာကိုပါ ကိုယ်တိုင်သွားရောက်လေ့လာကြည့်ပါ။
(၄) အိမ်အရှုပ်အရှင်းရှိ၊မရှိ
အိမ်တစ်လုံးဝယ်ယူတော့မယ်ဆို အရေးကြီးဆုံးသိထားရမယ့်အချက်ပါ။ အိမ်ရောင်းမယ်သူကို အရှုပ်အရှင်း ကင်း၊မကင်းကို မေးမြန်းပြီး ပတ်ဝန်းကျင်အနီအနား၊ ရပ်ကွက်ရုံးမှာ အိမ်မဝယ်ယူခင် ထပ်ဆင့်စုံစမ်းပါ။
(၅) အိမ်ရဲ့ တန်ဖိုး
အထက်ပါအချက်တွေမေးမြန်းပြီး ကိုယ်တကယ် ဝယ်ယူဖိုုု့သေချာပြီဆိုမှ အိမ်ရဲ့တန်ဖိုးကို မေးမြန်းပါ။ ဒါမှသာလျှင် ရောင်းသူကော ဝယ်သူပါ အဆင်ပြေစေမယ့် ဈေးနှုန်းကို အိမ်ရဲ့အခြေအနေကို ကြည့်ပြီး ညှိနှိုင်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၆) ဘယ်လိုဝယ်ယူနိုင်မယ်
ဝယ်ယူရာမှာ ဘဏ်နဲ့ချိတ်ဆက်ပြီးဝယ်နိုင်လား၊ လက်ငင်းငွေပေးချေပြီး ဝယ်ယူရမှာလား၊ ဘယ်လို ငွေပေးချေမှုပုံစံမျိုးနဲ့ ဝယ်ယူနိုင်လဲ ဆိုတာကို မေးမြန်းပါ။ သင်နဲ့ အဆင်ပြေပြီး ရောင်းသူဝယ်သူ အချိတ်အဆက်မိစေမယ့် ဝယ်ယူမှုမျိုးကို ပြုလုပ်ပါ။
ဒီအချက်တွေကို အဓိကထားပြီး အိမ်ဝယ်ယူမယ်ဆိုရင် အရွေးမမှားတဲ့ ရွေးချယ်မှုမျိုးဖြစ်စေမှာပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Bankbazaar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ