By ထိုက်သိ Real Estate Services (Social Media), Shweproperty.com
Updated at 2 February 2020
ဒီတစ်ပတ် အိမ်ခြံမြေ ချစ်မိတ်ဆွေများ မိမိတို့ဝယ်ယူမယ့် မြေကွက် ရွေးချယ်တဲ့အခါ အကောင်းဆုံးနဲ့ စီးပွားလာဒ်လာဘ တိုးတက်စေဖို့ ဖုန်းရွှေ အရ ဆောင်ရန် ရှောင်ရန်တွေ ပြောပြပေးချင်ပါတယ် ။
အချိန်
မြေကွက် ကြည့်ဖို့အကောင်းဆုံး အချိန်ကတော့ နဂါးတွေ ကြီးစိုးချိန်ဖြစ်တဲ့ နံနက် ၇ နာရီကနေ နံနက် ၉ နာရီ အထိက မြေကြည့်ဖို့ အသင့်တော်ဆုံး မင်္ဂလာ အချိန်ပါ။
ရာသီဥတု
မြေကြည့်ချိန် မိုးဖွဲဖွဲလေး ရွာနေရင်တော့ နိမိတ် အလွန်ကောင်းပါတယ်၊ ကြီးပွားချမ်းသာမယ့် နိမိတ်ပါ။ သဲကြီး မဲကြီး ရွာနေရင်တော့ ရှောင်ပါ။ ပြသနာတက်မယ့် နိမိတ်လို့ ဆိုထားပါတယ်။
မြေပြင် အနေအထား
ဝဲဘက်မှာ နဂါး၊ ယာဘက်မှာ ကျား၊ စတဲ့ တောင်ကုန်းငယ် လေးတွေ ရှိပြီး နဂါးက ကျားထက် ပိုမြင့်ရမတဲ့။ အရှေ့မှာ ကြက်သွေးရောင် ဇာမဏီ ရှိပြီး အနောက်မှာတော့ လိပ်ကျောကုန်း သဏ္ဌာန် တောင်ကုန်း ရှိသင့်ပါတယ်။ မရှိက တံတိုင်းအမြင့် ဆောက်ပါ သို့မဟုတ် သစ်ပင်များ စိုက် လိပ်ရုပ်လေး ထားလို့ ဆိုသတဲ့။ ရေကန်ရှိရင်တော့ လိပ်လေးတွေ ထည့်ထားခြင်းဖြင့် အိမ်သူ အိမ်သားများ အသက်ရှည် ကျန်းမာစေပါတယ်။
မြေပြင်
မြေပြင်မှာ မြေရဲ့ အရောင်ဟာ နဂါးတွေ ပျော်တဲ့ နီကျင်ကျင်အရောင်ဖြစ်ရင် လာဒ်ကောင်းပါမယ်။ မြေပြန့်ထက် ဆင်ခြေလျှော ပုံသဏာန် အနောက်ကနေ ခပ်ပြေပြေလေး လျောဆင်းနေမယ်ဆို အလွန်ကောင်းပါတယ်။ စောက်နက်လွန်းရင်တော့ ရှောင်ပါလေ။ ဖြည်းညင်းစွာ စီးဆင်းနေတဲ့ ရေချောင်းလေးရယ် စိမ်းလန်းတဲ့ စိုက်ခင်းလေးတွေ ပါရင်တော့ အကောင်းဆုံးပါ။
ကံကောင်းတဲ့ သင်္ကေတ
မြေပေါ်မှာ နဂါး၊ လိပ်ပြာ၊ ဒင်္ဂါးပြား သဏ္ဌာန် ကုန်းကမူ လေးတွေရှိရင် အလွန်ကံကောင်းစေပါတယ်။ ကျား၊ လင်းယုန်ငှက်၊ ကြွက်ပုံ ပေါက်နေရင်တော့ ချက်ချင်းသာ ဖြိုပစ်ပါ ချစ်မိတ်ဆွေ။
ဖော်ပြပါ အချက်များအတိုင်းဖုန်းရွှေနည်းအရ သေချာလေးရွေးချယ်မယ်ဆို ကံကောင်းခြင်းများ ပြည့်ဝ ပြီး သက်ရှည် ကျန်းမာ စေသကဲ့သို့ သိပ္ပံနည်းအရ ဆိုရင်လဲ သဘာဝဘေးအန္တရာယ်ကာကွယ်ပေးပြီး သက်ရှည် ကျန်းမာ စေမှာပဲမို့ လိုက်နာဆောင်ရွက်သင့်ပါတယ်။
Ref : ထိုက္သိ Real Estate Services (Social Media)
Photo Credit : Thaibizmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ