By The Modern, Shweproperty.com
Updated at 11 December 2018
အိမ်ခြံမြေဈေးကွက်မှာ ငွေအကျေမချေသေးပဲ စရန်ငွေချပြီး တစ်ဖက်လူကို ပြန်ရောင်းသူတွေရှိတယ်။
စရန်ငွေပဲ ချထားသေးတာကြောင့် ပါမစ်မူရင်းမဟုတ်ဘဲ မိတ္တူပဲကိုင်ပြီး အရောင်းတင်တဲ့ ဈေးကွက်ပါ။ အခုလိုအရောင်းတင်တဲ့အခါမှာ မိတ္တူပဲဖြစ်နေတာကြောင့် မူရင်းပြပြီးရောင်းတဲ့သူနဲ့ ယှဉ်တဲ့အခါ အတုနဲ့ရောင်းသလို အထင်ခံရပြီး အရောင်းမထွက်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "ဒီနောက်ပိုင်း ဈေးကွက်က သိတဲ့အတိုင်းပဲလေ၊ အတုတွေနဲ့ လိမ်လည်ရောင်းတာတွေ ရှိနေတော့ ဝယ်သူတွေလဲ မဝယ်ရဲ၊ ရောင်းတဲ့သူတွေကလည်း ပိုင်ရှင်ဆိုပေမယ့် အပြီးမဝယ်သေးပဲ စရန်ငွေချပြီး ပြန်ရောင်းကြတာဆိုတော့ မိတ္တူပဲပြနိုင်နဲ့ ဈေးကွက်ထဲမှာ ကြုံနေရတဲ့ အခက်အခဲတွေပေါ့"လို့ ရှင်းပြပါတယ်။
အပိုင်ဝယ်ပြီးမှ (စာရွက်စာတမ်းအစုံ)နဲ့ ပါမစ်မူရင်းကိုင်ပြီးရောင်းနိုင်တဲ့သူနဲ့ ပါမစ်မိတ္တူနဲ့ရောင်းတဲ့သူတွေ ဈေးကွက်ထဲမှာ ကွာခြားချက်တွေရှိတာကြောင့်လို့ သိရတယ်။ ပါမစ်မိတ္တူနဲ့ အရောင်းတင်တဲ့အခါ ပါမစ်မသေချာဘူးထင်ပြီး မဝယ်ရဲကြဘူး။ ပါမစ်မူရင်းရှိတဲ့ နေရာခေါ်ပြတော့လည်း မလိုက်နဲ့ ဈေးကွက်ထဲမှာ ကြုံတွေ့နေရတဲ့ အဖြစ်တွေလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က "စရန်ချထားပြီး ပါမစ်မိတ္တူနဲ့ အရောင်းတင်တာမျိုး ဝယ်လက်အများစုက သိပ်စိတ်မဝင်စားဘူး၊ ဈေးခေါ်တာတောင် ဈေးကျနေရင် အောက်ဈေး၊ ဈေးတက်နေရင် အတက်ဈေး၊ ဈေးတန်းက ငြိမ်နေရင် အငြိမ်ဈေးနဲ့ အခြေအနေကြည့်ပြီး ဈေးကိုပြောင်းလဲရတယ်၊ ခုအချိန်က အတက်ဈေးမဟုတ်ဘဲ အောက်ဈေးတန်းနဲ့ဆိုရင်တော့ ပွဲချက်ခြင်းဖြစ်တာများတယ်"လို့ ဈေးကွက်အခြေအနေကို ပြောပြပါတယ်။
စရန်ချထားပြီး ဈေးကွက်တင်ရတာကြောင့် ပါမစ်မိတ္တူနဲ့ အရောင်းတင်ရတယ်။ စရန်ချထားရုံနဲ့ မူရင်းကို မပေးတာကြောင့် မူရင်းကို ဝယ်သူရှိရင် လိုက်ပြပေးတာမျိုး လုပ်ရတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မဇင်မာက "ဈေးကွက်မှာ အခက်အခဲဖြစ်ရတာက မိတ္တူပြပြီး ရောင်းရတာဆိုတော့ အတုလို့အထင်ခံရတာများတယ်၊ တချို့တွေကတော့ နားလည်ပါတယ်၊ တချို့ဝယ်လက်တွေကျတော့ ပြောရခက်တယ်"လို့ ပြောပါတယ်။
Ref : The Modern
Photo Credit : wikimedia
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ