By Ra Wai, Shweproperty.com
Updated at 1 June 2020
စာချုပ်များ ချုပ်ဆိုရာတွင် ကာယကံရှင်အချင်းချင်း ချုပ်ဆိုသည်များ ရှိသကဲ့သို့ ကာယကံရှင်၏ ကိုယ်စား လှယ်လွှဲစာရသူနှင့် ချုပ်ဆိုသည်များလည်း ရှိပါသည်။ ကိုယ်စားလှယ်လွှဲစာရသူဆိုသည်မှာ ကာယကံရှင်က ၎င်းကိုယ်စားဆောင်ရွက်ရန် ကိုယ်စားလှယ်လွှဲစားပေးထားခြင်းခံရသူကို ဆိုလိုပါသည်။
ကိုယ်စားလှယ်လွှဲစာရသူသည် အထူးကိုယ်စားလှယ်လွှဲစာရသူလည်း ဖြစ်နိုင်သကဲ့သို့ အထွေထွေ ကိုယ် စားလှယ်လွှဲစာရသူလည်း ဖြစ်နိုင်ပါသည်။ မည်သည့် ကိုယ်စားလှယ်လွှဲစာရသူပင် ဖြစ်စေကာမူ ပြုလုပ်ချုပ် ဆိုသော ကိစ္စအတွက် ကိုယ်စားလှယ်လွှဲစာရသော် ကိုယ်စား စာချုပ်ချုပ်၍ရပါသည်။
သို့သော် ကိုယ်စားလှယ်လွှဲစားပေးရာ၌ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်၍ပေးသော ကိုယ် စားလှယ်လွှဲစားနှင့် နိုထရီပဗ္ဗလစ် ရှေ့နေထံတွင် ပြုလုပ်ပေးသော ကိုယ်စားလှယ်လွှဲစာတို့မှ အကျိုးသက် ရောက်ပုံခြင်း မတူသည်များ ရှိပါသည်။
ရွှေ့ပြောင်းနိုင်သောပစ္စည်းအတွက် ကိုယ်စားလှယ်လွှဲစာပေးသည်ဆိုပါက နိုထရီပဗ္ဗလစ် ရှေ့နေထံတွင် ပြု လုပ်ပေးသော ကိုယ်စားလှယ်လွှဲစာနှင့်ပင် လုံလောက်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်း ကိုယ်စားလှယ် လွှဲစာပေးသည် ဆိုပါက နိုထရီပဗ္ဗလစ်ရှေ့နေထံတွင် ပြုလုပ်ပေးသာ ကိုယ်စားလှယ်လွှဲစာနှင့် လုံလောက် မှုမရှိနိုင်ပါ။ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပေးပါမှ လုံလောက်မှုရှိနိုင်ပါသည်။
တစ်ဖန် ကိုယ်စားလှယ်ဖြင့် စာချုပ်ချုပ်ဆိုရာတွင် တစ်ဖက်မှ ပုဂ္ဂိုလ်အနေဖြင့် အောက်ပါ အချက်များကို စာချုပ်တွင် ထည့်သွင်းချုပ်ထားရန် မလွဲမသွေ လိုအပ်မည် ထင်ပါသည်။
၁။ ကာယကံရှင်က ကိုယ်စားလှယ်အား ပေးထားသော ကိုယ်စားလှယ် လွှဲစာကို ပြန်လည်ရုပ်သိမ်းခြင်း မရှိသေး ကြောင်း၊
၂။ ကိုယ်စားလှယ်လွှဲစာပေးသူ ကာယကံရှင်သည် ယနေ့ထက်တိုင် သက်ရှိ ထင်ရှား ရှိနေသေးသူဖြစ်ကြောင်း၊
၃။ ချုပ်ဆိုသော ကိစ္စရပ်အတွက် ကိုယ်စားလှယ်လွှဲစာပေးသူ ကာယကံရှင်က ဤချုပ်ဆိုသော ကိစ္စရပ်ကို အသိအမှတ်မပြုဟု ငြင်းဆိုပါက ယင်းငြင်းဆိုမှုကြောင့် တစ်ဖက် နစ်နာဆုံးရှုံးမှုဖြစ်ရလျှင် ယင်းနစ်နာဆုံးရှုံးမှု မှန်သမျှအတွက် ကိုယ်စားလှယ်လွှဲစာရသူက တာဝန်ယူကြောင်း ၊
၄။ ဤချုပ်ဆိုသော ကိစ္စရပ်အတွက် ကိုယ်စားလှယ်လွှဲစာရသူက ကိုယ်စားလှယ် လွှဲစားပေးသူ ကာယကံရှင်သို့ အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ဤစာချုပ် ချုပ်ဆိုသည်အတွက် ခံစားခွင့်နှင့် တာဝန်များ အတွက် လည်း အသိပေး အကြောင်းကြားပြီးဖြစ်ကြောင်း စသည်တို့ကို ထည့်သွင်း ချုပ်ဆိုထားသင့်သည်ဟု ယူဆပါ သည်။
စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ ပြဿနာရှိရန် အကြောင်းမရှိသော်လည်း အရပ်ဘက်ချုပ်ချုပ်ဆိုသော စာချုပ်များတွင်မူ ပြဿနာ အငြင်းပွားမှုများ မကြာခဏ ပေါ်ပေါက်တတ်ပါသည်။
ထို့ပြင် စာချုပ်ချုပ်ဆိုရာတွင် ကိုယ်စားလှယ်သည် ကိုယ်စားလှယ်အဖြစ်သာ ပေါ်လွင်မှုရှိရန် လိုအပ်ပါ သည်။ ဥပမာ - ရောင်းသူသည် ကာ ယကံရှင် ဦးမြ ဖြစ်ပါသည်။ ဦးမြက ဦးဖြူအား ကိုယ်စားလှယ်လွှဲစာ ပေး ပါသည်။ စာချုပ် ချုပ်ဆိုရာတွင် ရောင်းသူနေရာ၌ ဦးဖြူ ဟူ၍ ဖော်ပြချုပ်ဆိုခြင်းသည် မှားယွင်းသော ဖော်ပြမှု ဖြစ်ပါသည်။ အမှန် ဖော်ပြရမည်မှာ ရောင်းသူသည် ဦးမြ သာ ဖြစ်ရပါမည်။ ထို့ကြောင့် ရောင်းသူ ဦးမြ၊ ဦးမြ၏ မှတ်ပုံတင်နံပါတ် ၊ နေရပ်လိပ်စာတို့ကို ဖော်ပြရပါမည်။ ထိုသို့ ဖော်ပြပြီး အောက်ဘက်တွင် လက်သည်း ကွင်ဖွင့်၍ ( ဦးမြ၏ တရားဝင်ကိုယ်စားလှယ်လွှဲစာ ပေးအပ်ခြင်းခံရသူ ဦးဖြူ ) ဟူ၍ ဖော်ပြရပါမည်။ ဦးဖြူ၏ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင်တကွ ကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင်အမှတ်တို့ကို အပြည့်အစုံ ရည်ညွှန်း ဖော်ပြရန် လိုအပ်ပါသည်။
စာချုပ်တွင် လက်မှတ်ရေးထိုးထားရာတွင်လည်း ဖော်ပြပါအတိုင်း ကိုယ်စားလှယ်လွှဲစာရသူအနေဖြင့် လက်မှတ် ရေးထိုးရပါမည်။ ထို့နောက် ကိုယ်စားလှယ်လွှဲစာ ဓာတ်ပုံမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်ကြည့်ရှုစစ်ဆေး ၍ စာချုပ်တွင် ပူးတွဲထားရမည် ဖြစ်ပေးသည်။
(စာညွှန်း - ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၃၉
Ref By: DVB Law Lab
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ