By Wunyan, Shweproperty.com
Updated at 25 February 2019
လူတိုင်း ၊ အိမ်တိုင်းမှာ မင်္ဂလာရှိအောင် နေဖို့လိုပါတယ် ။ တ ချို့ မှား ယွင်း တဲ့ အ ချက် တွေ ကြောင့် အိမ် လာဘ် တိတ် စေ ပါ တယ် ။ ထို့ ကြောင့် မိ မိ အိမ် မှာ လာဘ် တိတ် စေ သော အ ချက် များ ကို ဖော် ပြ ပေး လိုက် ပါ တယ် ။
၁။ စားသောက်ပြီး အိုးခွက်ပန်းကန်များကို အချိန်ကြာမြင့်စွာ မဆေးပဲထားခြင်း။
၂။ အိမ်ထောင်ဦးစီး လင်ယောက်ျားအား နိမ့်ကျသော နေရာတွင်ထားခြင်း။
၃။ မိမိဇနီးသည်အား ညာဖက်တွင်အိပ်စေခြင်း။
၄။ စားသောက်သော အိုးခွက်၊ ပန်းကန်များအား လွှင့်ပစ်ခြင်း။
၅။ ထမင်းဟင်းချက်ရင်း သီချင်းဆိုခြင်း။
၆။ နေဝင်ခါစအချိန်တွင် အိပ်စက်ခြင်း။
၇။ နေဝင်မိုးချုပ် လေချွန်ခြင်း။
၈။ နေမထွက်ခင်ကြွေးပေးကြွေးယူ ကြွေးတောင်းခံရခြင်း။
၉။ နေဝင်နေထွက်ချိန်တွင် သန်းရှာခြင်း။
၁၀။ နေဝင်နေထွက်ချိန် ကလေးများအားရိုက်ခြင်း။
၁၁။ နေမွန်းတည့်ချိန်တွင် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း။
၁၂။ နေဝင်နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း။
၁၃။ အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင်ဖားလျားဖြင့် အပြင်သို့သွားခြင်း။
၁၄။ အမျိုးသမီးများ၏ မသန့်ရှင်းသောပစ္စည်းများ အိမ်ဦးခန်းတွင်ထားခြင်း၊ စွန့်ပစ်ခြင်း။
၁၅။ မိမိဝတ်သောပုဆိုး၊ ထမီဖြင့်မျက်နှာသုပ်ခြင်း။
၁၆။ အိမ်အပေါက်အား နောက်ပြန်ဝင်ခြင်း။
၁၇။ မျက်နှာမသစ်ဘဲ အစာ စားခြင်း။
၁၈။ မိမိ၏ခန္ဓာကိုယ်မှ အမွှေးအမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ်အတွင်း စွန့်ပစ်ခြင်း။
၁၉။ သောက်ရေအိုးရေမရှိဘဲ ခန်းခြောက်နေခြင်း။
၂၀။ သောက်ရေအိုးမှ ရေကို ထမင်းဟင်းချက်ရာတွင် သုံးခြင်း။
၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း။
၂၂။ သားသမီး၊ ဇနီးကို လင်သားက ငွေ သို့မဟုတ် အစားအစာ ပစ်ပေးခြင်း။
၂၃။ အဝတ်အစားများကို ပြောင်းပြန်ဝတ်ဆင်ခြင်း။
၂၄။ အိမ်အပေါက်အား ကျောခိုင်းထိုင်ခြင်း။
၂၅။ ထမင်းစားရင်း အိပ်ငိုက်ခြင်း။
၂၆။ ထမင်းရည်ပူအား မြေကြီးပေါ်သို့ တိုက်ရိုက်ငှဲ့ခြင်း။
၂၇။ အိမ်၏မျက်နှာစာတွင် ကလေးငယ်ကို အပေါ့အလေး စွန့်ခိုင်းခြင်း။
၂၈။ မိမိအိမ်သို့လာရောက် အလှူခံသော တောင်းစားသူများကို ဆဲဆိုလွှတ်ခြင်း။
၂၉။ အိမ်သာတက်ရင်း အစာစားခြင်း။
၃၀။ အိုးခွက် ပုဂံများကိုတီး၍ သီချင်းဆိုခြင်း။
၃၁။ အိမ်ရှေ့တည့်တည့်တွင် ထမီစကတ်များကို လှန်းခြင်း၊ ချွတ်ထားခြင်း။
၃၂။ မိမိအိမ်တွင် မွေးမြူထားသောတိရိစ္ဆာန်များအား အစာမကျွေးဘဲ လှောင်ထားခြင်း၊ ရိုက်နှက်ခြင်း။
၃၃။ ထမင်းစားရင် သီချင်းညည်းခြင်း ဆိုခြင်း။
Ref & Photo Credit : Wunyan
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ