By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 15 May 2018
စုပေါင်းအဆောက်အအုံ ဆိုင်ရာ ဥပဒေ အခန်း(၉) တွင်
၂၈။ စုပေါင်းပိုင် အဆောက်အအုံ တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုကို မိမိတို့၏ ဆန္ဒအလျောက် ဖြိုဖျက်ပြီး အသစ်ပြန်လည်ဆောက်လုပ်လိုလျှင် အသင်း၏အသင်းသား စုံးညီအစည်းအဝေး သို့မဟုတ် အသင်းသား စုံညီအထူးအစည်းအဝေးတွင် အသင်းဝင် ၇၅ ရာခိုင်နှုန်း၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။
၂၉။ (က) အမှုဆောင်အဖွဲ့သည် ပုဒ်မ ၂၈ အရ ချမှတ်ထားသော သဘောတူဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်နိုင်ရေးအလို့ငှာ သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြရမည်။
(ခ) သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသည် တင်ပြချက်ကိုစိစစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာ အစိုးဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်း၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ဂ) အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ၏ အတည်ပြုချက်ရရှိပါက သက်ဆိုင်သူများသိရှိနိုင်ရန် သတင်းစာတွင် ကြေညာရမည်။
၃၀။ (က) အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက အတည်ပြုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတည်ပြုချက်မိတ္တူနှင့် အသင်းသား စုံညီအစည်းအဝေး သို့မဟုတ် အသင်းသား စုံညီအထူးအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက် မိတ္တူတို့ကို မှတ်ပုံတင် အရာရှိထံသို့ တင်ပြရမည်။
(ခ) မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာ မှတ်ပုံတင်စာအုပ်တွင် လိုအပ်သော ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ရမည်။
၃၁။ (က) အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ အတည်ပြုချက်နှင့် အညီ စုပေါင်းပိုင်အဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်ရာတွင် လည်းကောင်း၊ စုပေါင်းပိုင်အဆောက်အအုံ တစ်ခုလုံးကို ဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ ဖြိုဖျက်ပြီး မူလပုံစံအတိုင်း အသစ်ပြန်လည်ဆောက်လုပ်ရာတွင် လည်းကောင်း ယင်းစုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံမှ ဖယ်ရှားပေးရန် ပျက်ကွက်သူများ၏စာရင်းကို ဦးစီးဌာနသို့ တင်ပြရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ(က)အရ တင်ပြချက်နှင့်စပ်လျဉ်း၍ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီကို ရယူဖယ်ရှားနိုင်သည်။
၃၂။ (က) စုပေါင်းပိုင်အဆောက်အအုံသည် ဘေးအန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သက်ဆိုင်ရာက သတ်မှတ်လာလျှင် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖြိုဖျက်ရမည်။
(ခ) ထိုသို့ ဖြိုဖျက်ခဲ့သည့် စုပေါင်းပိုင်မြေအပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခြင်း သို့မဟုတ် အခြားနည်းအသုံးပြုခြင်းများကို သတ်မှတ်သည့်နည်းလမ်းများနှင့် အညီ ဆောက်ရွက်ရမည် ဟုဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Travexpert
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ