By The Modern, Shweproperty.com
Updated at 24 July 2015
ကန်ထရိုက်နဲ. အကျိုးတူဆောက်လုပ်မယ့် မြေပိုင်ရှင်တွေကြားဂရန်မူရင်းပေးထားတာကြောင့် အရှုပ်အရှင်း ဖြစ်နိုင်သလိုစာချုပ်ချုပ်တဲ့ အခါမှာလည်းခိုင်မာမှုရှိအောင် သေချာစိစစ်သင့်တယ်လို. သိရပါတယ်။
‘စည်ပင်ကိုဆောက်လုပ်ခွင့် တင်တဲ့အခါ ပိုင်ဆိုင်အထောက်အထားအဖြစ် ဂရန်မိတ္တူနဲ. မူရင်းကို ပြပြီးရင် မူရင်းကိုမြေရှင်က ပြန်သိမ်းထားရမယ်’လို. ကန်ထရိုက်တာကိုနိုင်ဝင်းကပြောပါတယ်။
ကန်ထရိုက် တည်ဆောက်သူကိုဂရန်မူရင်းပေးထားတာကြောင့် ဂရန်ပြန်မရတော့တာ၊ ပေါင်နှံပြီးချေးငွေရယူတာတွေ ဖြစ်တတ်ပါတယ်။ ကန်ထရိုက်တွေကိုဂရန်မူရင်းပေးထားဖို. ညွှန်ကြားချက်မရှိဘူးလို.လည်းရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီကသတိပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ကန်ထရိုက်ဆောက်လုုပ်သူတချို.က အိမ်ခြံ၊ မြေနဲ. ပတ်သက်ပြီးစာချုပ်ချုပ်ဆိုတဲ့အခါမှာမြေရှင်တွေထက် ပိုမိုနားလည်တာကြောင့် ဆောက်နေရင်းနဲ. အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိလာတတ်ပါတယ်။ ဆောက်လက်စတိုက်ကိုရပ်ပြီးအသစ်ပြန်လည်တည်ဆောက်ရတာတွေလည်းရှိနိုင်ပါတယ်။ အဲဒါကြောင့် တစ်ခါတလေမှာအိမ်ရှင်တွေဘက်ကဆောက်လုပ်မှု မတည်စရိတ်ပြန်လည် ထုတ်ပေးရတာတွေလည်းရှိပါတယ်။
အခုနောက်ပိုင်းမှာကန်ထရိုက်အကြီးတချို.က နာမည်မရှိတဲ့ ကန်ထရိုက်အသေးတွေကိုတစ်ဆင့် ငှားရမ်းတည်ဆောက်တာကြောင့် ဆောက်လက်စတန်းလန်းနဲ. ရပ်ထားရတဲ့ အခြေအနေတွေလည်းရှိပါတယ်။
ဒါကြောင့် ကိုယ့်မြေမှာကန်ထရိုက်နဲ. အကျိုးတူပူးပေါင်းတည်ဆောက်မယ့် သူတွေအနေနဲ. လုပ်ငန်းလိုင်စင်ရအင်ဂျင်နီယာ၊ လိုပ်ငန်းလိုင်စင်ရကန်ထရိုက်တာတွေနဲ.သာဆောက်လုပ်သင့်တယ်လို. သိရပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ