By Myanmar Property News, Shweproperty.com
Updated at 30 October 2017
ရန်ကုန်မြို့တွင် ကွန်ဒိုတည်ဆောက်မှုမှာ များပြားလာခဲ့ပြီး ဤကဲ့သို့ များပြားလာရခြင်းမှာ မြေများရှားပါးလာသည်ကတစ် ကြောင်း၊ စီးပွားရေးအရှိန်အဟုန်မြင့်လာ၍ လူဦးရေများပြားလာပြီး လူများနေရန်အတွက်လည်းကောင်း ကုမ္ပဏီ၊ ရုံးခန်းများဖွင်ရန် အတွက်လည်းကောင်း၊ ၎င်းအပြင် ကွန်ဒို၏ အားသာချက်မှာ သာမန်တိုက်ခန်းများနှင့်မတူဘဲ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မား လာရန်အတွက်လည်းကောင်း ကွန်ဒိုများ ပိုမိုတည်ဆောက်လာခြင်းဖြစ်ပါသည်။
ထို့ကြောင့် Customer ဝယ်ယူသူများအနေဖြင့် လည်း ရွေးချယ်စရာ ပိုမိုများပြားလာကြပါသည်။ တချို့ကွန်ဒိုများမှာ အထပ်များများဆောက်လုပ်၊ ဓါတ်လှေကားများ တပ်လိုက်ပြီး၊ ကွန်ဒိုဟုအမည်တပ်ထားသည့် ကွန်ဒိုများလည်းရှိပါသည်။ ကွန်ဒိုဟုဆိုရာတွင် အဆောက်အအုံအပြင် ရေကူးကန်၊ ကလေးကစားကွင်း၊ အားကစားခန်းမ၊ ဓါတ်လှေကား၊ ပန်းခြံ၊ ကိုယ်ပိုင်ဈေး၊ ရုပ်ရှင်ရုံ၊ လုံခြုံရေး၊ ကုန်တိုက်များ၊ ဘဏ် စသည်တို့ဖြင့် နေထိုင်ရသော မြို့အစား တစ်ခုသာဖြစ်ပါသည်။
ကွန်ဒိုဆိုသည်မှာ အစုအဖွဲ့နှင့်နေထိုင်ရသော မြို့အသေးစား တစ်ခုဖြစ်၍ သီးခြား နေထိုင်ချင်သူနှင့် ဆိတ်ငြိမ်ရာတွင် နေထိုင်ချင်သူများအနေဖြင့် ကွန်ဒိုကို မရွေးချယ်သင့်ပေ။ အစုအဖွဲ့နှင့် နေထိုင်ရသောကြောင့် ကွန်ဒို၏ ပြင်ဆင်စရိတ် ရေ၊ မီး၊ လုံခြုံရေးစသည်တို့ကိုလည်း အားလုံးပေါင်းကာ စုပေါင်း အကုန်ကျ ခံရမည်ဖြစ်ပါသည်။ တကယ့် ကွန်ဒိုအစစ်အမှန်တစ်ခု၏ အားသာချက်မှာ အသုံးဆောင်ပစ္စည်းများကို အခြားနေရာ သွားစရာမလိုဘဲ မိမိနေထိုင်သော ကွန်ဒို တွင်သာ ဝယ်ယူနိုင်သောကြောင့် Customer ဝယ်ယူသူများအနေဖြင့်လည်း ပိုမိုအဆင်ပြေစေပါသည်။
Ref : Myanmar Property News
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ