By ဥပဒေအကျိုးဆောင် LL.B Group Myanmar, Shweproperty.com
Updated at 4 August 2018
စာချုပ်စာတမ်းများချုပ်ဆိုရာတွင် အသိသက်သေနှစ်ဦးပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်သည့် စာချုပ်များနှင့် ပတ်သက်၍ post များဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ထိုစာချုပ်များမှလွဲ၍ ကျန်သည့်စာချုပ်စာတမ်းများတွင် အသိသက်သေ (၂) ဦးပါဝင် ရမည်ဟု ဥပဒေ ပြဌာန်းချက်မရှိပါ ။သို့သော် စာချုပ်တစ်ခုချုပ်ဆိုမည်ဆိုလျှင် အနည်းဆုံး အသိသက်သေ (၂)ဦးဖြင့် လက်မှတ်ရေးထိုး ချုပ်ဆိုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော လွတ်လပ်စွာပေးခဲ့သည့် ပဋိညာဉ်မဟုတ်လျှင်စာချုပ်တစ်ရပ်သည် အသိသက် သေပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ပျက်ပြယ်သောကြောင့် ဖြစ်ပါသည်။
အောက်ပါအကြောင်းများသည် လွတ်လပ်သော သဘောတူညီမှုမဟုတ် ဟု ပဋိညာဉ်ဥပဒေတွင်ပြဌာန်းထားပါသည်။
ပုဒ်မ ၁၅ - အနိုင်အထက်ပြုခြင်း
ပုဒ်မ ၁၆ - မတရားသြဇာသုံးခြင်း
ပုဒ်မ ၁၇ - လိမ်လည်ခြင်း
ပုဒ်မ ၁၈ - အလွဲပြောဆိုခြင်း
ပုဒ်မ ၂၀ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ ရှိပြဌာန်းချက်များကို အထောက်အထားပြုရန် အလွဲထင်မှတ်စေခြင်း ဟုပြဌာန်းထားပါသည်။
ထို့ကြောင့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုရာတွင် စာချုပ်ချုပ်ဆိုကြသူ (၂)ဦးသည် အထက်ပါအချက်များ မပါဘဲ လွတ်လပ်စွာပေး၍ လက်မှတ်ရေးထိုးကြခြင်းဖြစ်ကြောင်း စာချုပ်တွင် ပါဝင်သော အသိသက်သေ (၂)ဦးကထောက်ခံထွက်ဆိုနိုင်သဖြင့် စာချုပ်သည် ခိုင်မာမှုရှိမည်ဖြစ်သည်။ အသိသက်သေများ မပါရှိဘဲ မိမိတို့ သဘောတူညီသူ (၂)ဦးသာ ပါဝင်လက်မှတ်ရေးထိုးထားသော စာချုပ်တစ်ခုသည် ပြဿနာ အရှုပ်အရှင်း ပေါ်ပေါက်လာသောအခါ တစ်ဖက်ဖက်မှ လွတ်လပ်စွာပေးခဲ့သော သဘောတူညီချက် မဟုတ်ပါဟု ငြင်းဆန်လာပါက စာချုပ်ကိုသက်သေခံနိုင်သည့် အသိသက်သေမရှိသဖြင့် စာချုပ်သည် အားကိုးကားထားပြုရန် ခိုင်မာမှုမရှိနိုင်တော့ပေ ။ထို့ကြောင့် စာချုပ်စာတမ်းများချုပ်ဆိုရာတွင် အနည်းဆုံး အသိသက်သေ (၂)ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့်သာ ချုပ်ဆိုသင့်ပါသည်။ သို့မှသာ စာချုပ်ချုပ်ဆိုခဲ့သော အကျိုးကျေးဇူးကို စာချုပ်ချုပ်ဆိုသူများမှ အပြည့်အ၀ ခံစားကြရမည်ဖြစ်ကြောင်း လေ့လာ တင်ပြလိုက်ရပါသည်။
Ref : ဥပဒေအကျိုးဆောင် LL.B Group Myanmar
Photo Credit : Career
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ