By UTO, Shweproperty.com
Updated at 2 April 2018
မြေအမည်ပေါက်ပိုင်ရှင်များဖြစ်သောမိခင် ဖခင် ကွယ်လွန်ခြင်း၊ဇနီး ခင်ပွန်း ကွယ်လွန်ခြင်း၊ညီအကိုမောင်နှမ များကွယ်လွန်ခြင်း တို့ကြောင့် ကျန်ရစ်သူများမှာ အဆိုပါမြေကွက်အားရောင်းချလိုခြင်း[သို့မဟုတ်]၊မိမိတို့အမည်သို့ ပြောင်းလိုပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမူးဌာနတွင် ဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံကူးရပါတယ်။
1-အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံကူး ရန်လိုအပ်သော စာရွက်စာတမ်းများမှာ--- -မြေငှားဂရန်မူရင်း[ဘိုးဘွားပိုင်မြေဆို လျင် နောက်ဆုံးအမည်ပေါက်ခဲ့သော မှတ်ပုံတင်စာချုပ်မူရင်း]
-သေစာရင်းမူရင်း
-အမွေဆက်ခံပိုင်ဆိုင်ကြောင်းပြုလုပ်မည့်သူရဲ့
သန်းခေါင်စာရင်းမူရင်း
-မှတ်ပုံတင်မူရင်း
-မြေခွန်ပြေစာမူရင်း[ဘိုးဘွားပိုင်မြေဆိုမလိုပါ]
-ဥပဒေနှင့်အညီပြုလုပ်ထားသော
အမွေဆက်ခံပိုင်ဆိုင်ကြောင်းကျမ်းကျိမ်လွှာတစ်စောင်နှင့်ကျမ်းကျိန်ဆိုသူရဲ့အချက်လက်များမှန်ကန်ကြောင်းထောက်ခံကျမ်းကျိန်နှစ်စောင် [ယခုအခါရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှယနေ့ အမူ့တွဲဖွင့်မည်ဆိုလျင်ယနေ့နေ့စွဲဖြင့်ကျိန်ဆို ထားသော ကျမ်းကျိန် လွာဖြစ် ရပါမည် ။လုပ်နေကျမ ဟုတ်သောပြည်သူများအနေဖြင်အခက်ခဲရှိနိုင်ပါသည်။]
-အမွေဆက်ခံမည့်သူမှာ အလုပ်မအားသဖြင့်လည်ကောင်း၊ကျန်းမာရေးမကောင်းသဖြင့်လည်ကောင်း၊ မိမိကိုယ်စားဆောင်ရွက်ပေးမည့် သူအား စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးမှာ အထွေထွေကိုယ် စားလှယ်စာပေးပြီးေ ဆာင်ရွက်နိုင်ပါတယ် ။အထွေထွေကိုယ်စားလှ ယ်စာဖြင့်ေ ဆာင် ရွက်မည်ဆိုပါက ပါဝါမရုတ်သိမ်းကြောင်း၊ပါဝါပေးသူသက်ရှိ ထင်ရှားရှိကြောင်းကျမ်းကျိန်လွှာပါရပါမည်။
ရန်ကုန်မြို့တော်စည်ပင်၊မြေ/ယာဌာနမှာ တစ်ပါတ်လျင် တနလာင်္၊ဗုဒ္ဓဟူး၊သောကြာ နေ့များတွင်သာ အမူ့တွဲဖွင့်လှစ်ခြင်းကို လက်ခံဆောင်ရွက်ေ ပးပါတယ်။မူရင်းနှင့်တကွ မိတ္တူတစ်စုံဆွဲသွားပါ၊ ဌာနမှပေးသောပုံစံဖြည့်ပါ။ဝန်ဆောင်ခငွေသွင်းရပါမည်။
အထက်ဖော်ပြပါစာရွက်များစုံလျင်အမူ့တွဲဖွင့်လို့ရပါပြီ။
မြေကွက်အားအရောင်းအဝယ်ပြုလုပ်မည်ဆိုပါက ပိုင်ဆိုင်ကြောင်းမြေပုံနှင့်အရောင်းအဝယ်ပြုလုပ်ရန်မြေပုံ ပူတွဲကူးယူနိုင်ပါတယ်။
အမူ့တွဲဖွင့်ပြီးသုံးပါတ်ခန့်အကြာဌာနမှကွင်းဆင်းစစ်ဆေးပါတယ်။ထိုနောက်ဌာနမှသတင်းစာကြေငြာထည့်ရန်အတွက်ဌာနမှရေးထားသောသတင်းစာကြေငြာစာပေးပါ တယ်။ထိုစာရွက်အားယူပြီးလျောက်ထားသူမှ ကြေမုံ၊မြန်မာ့အလင်း၊မြို့တော်သတင်းစာတိုက်များတွင်ကိုယ်တိုင် တစ်စောင်စီထည့်ရပါတ ယ်။ သတင်းစာ သုံးစောင်တွင်ပါသည့်အခါ အဆိုပါသတင်းစာမူရင်း သုံးစောင်အား အမူ့တွဲကိုင်ကြီးကြပ်ရေးမူးထံ သွားပို့ ပေးရပါတ ယ်။သ တင်းစာ ရက်ပြည့်ပြီးကန့်ကွက်မူ့ မရှိသည့်အခါ နှစ်ပါတ်ခန့်ကြာလျင်မြေပုံထုတ်လို့ ရပါပြီ။[စုစုပေါင်းကြာမြင့်ချိန်နှစ်လခန့်၊]
အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေငြာစာချုပ်ချုပ်ဆိုခြင်း------
မြေပုံရလျင် စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်အမွေဆက်ခံပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်ချုပ်လို့ရပါပြီ။
-မြေငှားဂရန်မူရင်း[ဘိုးဘွားပိုင်မြေဆို လျင် နောက်ဆုံးအမည်ပေါက်ခဲ့သော မှတ်ပုံတင်စာချုပ်မူရင်း]
မှတ်ပုံတင်မူရင်း
-ဥပဒေနှင့်အညီပြုလုပ်ထားသော အမွေဆက်ခံပိုင်ဆိုင်ကြောင်းကျမ်းကျိမ်လွှာတစ်စောင်
-အမွေဆက်ခံမည့်သူမှာ အလုပ်မအားသဖြင့်လည်ကောင်း၊ကျန်းမာရေးမကောင်းသဖြင့်လည်ကောင်း၊ မိမိကိုယ်စားဆောင်ရွက်ပေးမည့် သူအား စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးမှာ အထွေထွေကိုယ်စားလှယ် စာပေးပြီးဆောင်ရွက်နိုင်ပါတ ယ်။အထွေထွေကိုယ်စားလှယ် စာဖြင့်ေ ဆာင်ရွက် မည်ဆိုပါက ပါဝါမရုတ်သိမ်းကြောင်း၊ပါဝါပေးသူသက်ရှိ ထင်ရှားရှိကြောင်းကျမ်းကျိန်လွှာပါရပါမည်။
-အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေငြာစာချုပ်ရိုက်သွားပါ၊အဆိုပါစာချုပ်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံ အားပူးတွဲထားပါ။
အထက်ဖော်ပြပါ စာရွက်များနှင့်စာချုပ်အားမိတ္တူတစ်စုံနှင့် ဌာနသို့ပြသရန်မူရင်းများယူသွားပါ။
စာချုပ်ရုံးမှာ တနလာင်္နေ့မှ သောကြာနေ့အထိ တစ်ပါတ်လျင်ငါးရက်ဆောင်ရွက်ပေးပါတယ်။မှတ်ပုံတင်မည့်နေ့တွင် မြေကွက်အား ကန့်ကွက် ထာခြင်းရှိမရှိ၊ ပါဝါဖြင်ဆောင်ရွက်ပါက အဆိုပါ ပါဝါအား ရုတ်သိမ်းထားခြင်း၊ကန့်ကွက်ထားခြင်းရှိမရှိအမူ့တွဲခန်းတွင် စစ်ဆေးရန်မမေ့ပါနှင့်။
မှတ်ပုံတင်ပြီးလျင် ၊သုံးပါတ်ပြည့်ပါက မှတ်ပုံတင်စာချုပ်အားထုတ်ယူနိုင်ပါပြီ။အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေငြာစာချုပ်ချုပ်ဆိုသည့်နေ့တွင် အမွေဆက်ခံသူကိုယ်တိုင်မှတ်ပုံတင်ပါက ဝယ်သူအား တပါတည်းအထူးကိုယ်စားလှယ်လွှဲစာလွှဲပေးလို့ရပါတယ်။
မြေအမည်ပြောင်းဆောင်ရွက်ခြင်း------
-မြေငှားဂရန်မူရင်း[ဘိုးဘွားပိုင်မြေဆို လျင် နောက်ဆုံးအမည်ပေါက်ခဲ့သော မှတ်ပုံတင်စာချုပ်မူရင်း
-အမွေဆက်ခံပိုင်ဆိုင်ကြောင်ကြေငြာစာချုပ်မူရင်း
-အမည်ပြောင်းဆောင်ရွက်မည့်မည့်သူမှာ အလုပ်မအားသဖြင့်လည်ကောင်း၊ကျန်းမာရေးမကောင်းသဖြင့်လည်ကောင်း၊ မိမိကိုယ်စားေ ဆာင် ရွက်ပေးမည့် သူအား စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးမှာ အထွေထွေကိုယ်စား လှယ်စာပေးပြီးဆောင်ရွက်နို င်ပါတယ်။အထွေေ ထွကိုယ်စားလှ ယ်စာဖြင့်ဆောင်ရွက်မည်ဆိုပါက ပါဝါမရုတ်သိမ်းကြောင်း၊ပါဝါပေးသူသက်ရှိ ထင်ရှားရှိကြောင်းကျမ်းကျိန်လွှာပါရပါမည်။
ရန်ကုန်မြို့တော်စည်ပင်၊မြေ/ယာဌာနမှာ တစ်ပါတ်လျင် တနလာင်္၊ဗုဒ္ဓဟူး၊သောကြာ နေ့များတွင်သာ အမူ့တွဲဖွင့်လှစ်ြ ခင်းကို လက်ခံဆောင် ရွ က်ပေးပါတယ်။မူရင်းနှင့်တကွ မိတ္တူတစ်စုံဆွဲသွားပါ၊ ဌာနမှပေးသောပုံစံဖြည့်ပါ။
အထက်ဖော်ပြပါစာရွက်များစုံလျင်မြေအမည်ပြောင်းအမူ့တွဲဖွ့င်လို့ရပါပြီ။
ပထမတစ်ရက်တွင်ဌာနမှ မူရင်းတိုက်ဆိုင်စစ်ဆေးပြီး၊ ကန့်ကွက်စာထုတ်ပေးပါတယ်။အဆိုပါကန့်ကွက်စာအား ရပ်ကွက်ရုံး၊မြို့နယ်အုပ် ချုပ်ေ ရးမူးရုံး၊နှင့်လျောက်ထားသည့်မြေပြင်တွင်ကပ်ရပါသည်။ရုံးနှစ်ရုံးမှ သိရှိကြောင်း တံဆိပ်တုံးများထုပေးပါတယ်။
အဆိုပါစာရွက်နှင့်ပထမရက်စစ်ဆေးထားသောအမူ့တွဲဖိုင်အားတွဲလျက်မြေအမည်ပြောင်းဖွင့်ရပါပြီ။
အဆိုပါနေ့တွင် သတင်းစာဖိုးနှင့် ဌာနဝန်ဆောင်စားရိတ်ငွေသွင်းရပါတယ်။[ဌာနရဲ့လုပ်ထုံးလုပ်နည်းအရ လိုအပ်လျင် ထပ်မံကွင်းဆင်းစ စ်ဆေးပါတယ်]၄၅ ရက်ခန့်ကြာလျင် မြေအမည်ပြောင်း ခွင့်ပြုကြောင်းဌာနမှအကြောင်းကြားပါတယ်။ အကြောင်းကြားသည့်နေ့တွင်မြေ ငှားဂရန်မူရင်း [ဘိုးဘွားပိုင်မြေဆို လျင် နောက်ဆုံးအမည်ပေါက်ခဲ့သော မှတ်ပုံတင်စာချုပ်မူရင်း[သို့မဟုတ်]အမွေဆက်ခံ ပိုင်ဆိုင်ေ ကြာင်ေ ကြငြာစာချုပ်မူရင်းအားဌာနသို့ တစ်ရက်ကြိုပို့ပြီး၊ နောက်နေ့တွင်ထုတ်ယူနိုင်ပါပြီ။
ရေးသားထားသည့်အကြောင်းရာများတွင်လိုအပ်ချက်များရှိနိုင်ပါတယ်၊ရှေ့နေ/အကျိုးဆောင်များနှင့်လုပ်ကိုင်ဆောင်ရွက်ရန်ငွေကြေးမတက်နိုင်သူများ၊ကိုယ်တိုင်ဆောင်ရွက်ချင်သူများအတွက် လိမ်ညာမခံရအောင်အလင်းပြပေးခြင်းသာဖြစ်ပါတယ်။ ပညာရှင်များအတွက်မရည်ရွယ်ပါ။
Ref : UTO Photo Credit : Php4net Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ