By Wai Phyoe, Shweproperty.com
Updated at 27 September 2015
အခုနောက်ပိုင်းမှာ အိမ်ခြံမြေဝယ်ယူသူ အများစုဟာ ကိုယ်ဝယ်ယူမယ့် မြေရဲ့ မြို့နယ်အပေါ်မှာ မူတည်ပြီး မဝယ်ခင်စစ်ဆေးတာတွေ ပြုလုပ်လာကြပါတယ်။ အဓိက စစ်ဆေးပြီး ဝယ်ယူလာတဲ့ မြို့နယ်တွေကတော့ အစိုးရဝန်ထမ်းတွေကို အကွက်ချပေးထားတာ မဟုတ်ပဲ မြို့သစ်တည်ထောင်ရေး အတွက် အကွက်ရိုက်ထားတဲ့ မြို့နယ်တွေ၊ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေပဲ ဖြစ်တယ်။
စစ်ဆေးမှု အများစုကတော့ စတင်ဝယ်ယူဖို့ စရန်လာရောက် မချခင်ကတည်းက ကိုယ်ဝယ်ယူမယ့်မြေကို သက်ဆိုင်ရာ စာရင်းရုံးမှာ စစ်ဆေးပြီး သေချာတော့မှ စရန်ချလာကြတာ ဖြစ်ပါတယ်။
အစိုးရက တရားဝန်ချထားပေးတဲ့ ဝန်ထမ်းအကွက်တွေမှာတော့ ပါမစ်မြေတွေမှာ အရှုပ်အရှင်းကင်းပြီး ဝယ်ယူသူအတွက် ဂရန်အမည်ပေါက် ပြုလုပ်ရတာလွယ်ကူတာကြောင့် ရိုးရိုးဂရန်မြေထက် လူကြိုက်များတယ်လို့ သိရပါတယ်။
တချို့ ဂရန်မြေအများစုမှာလည်း ဂရန်မိတ္တူပြပြီး စရန်ချခိုင်းတာတွေ ရှိတာကြောင့် ဝယ်ယူမယ့်သူ ဘက်က မိမိဝယ်ယူမယ့် အိမ်ခြံမြေရဲ့ အထောက်အထားတွေကို နားလည်တဲ့ ပညာရှင်နဲ့ အသေးစိတ် စစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
Written By : Wai Phyoe
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ