By Manawmaya Journal, Shweproperty.com
Updated at 1 February 2020
ကျွနု်ပ်တို့ ငယ်စဉ်က တန်ဆောင်တိုင်ပွဲတော် ညများ၊ သီတင်းကျွတ်ပွဲတော်ညများဆိုလျှင် အထူး ပျော်ရွှင်ခဲ့ဖူးပါသည်။အိမ်တိုင်းအိမ်တိုင်းတွင် တစ်နေ့လုံး ဆီမီး ခွက်များ၊ ဖယောင်းတိုင်များ ကိုယ်စီကိုယ်စီ ပြင်ဆင် နေကြရသည်ကပင် ပျော်စရာကောင်းလှပါတော့၏။
ကျွနု်ပ်တို့ငယ်စဉ်က ဖယောင်းတိုင်မှာ ရှားပါး ပစ္စည်းဖြစ်လေ၏။ သမဆိုင်ဆိုသော ဆိုင်မှ ထုတ်ပေး မှသာ သုံးကြရ၏။ ငွေကြေးတတ်နိုင်ကုံလုံသောသူ အများစုသာလျှင် သုံးနိုင်သောပစ္စည်း ဖြစ်လေ၏။ အများစုမှာမူ ရေနံဆီမီးခွက်များကိုသာလျှင် သုံးကြရလေ၏။ ဈေးမှရောင်းသော အသင့်လုပ်ပြီး ရေနံဆီမီးခွက်ကိုပင် ဝယ်ယူ၍အသုံးပြုရန် ငွေကြေး ခက်ခဲသူများမှာ မင်ပုလင်းကဲ့သို့သော ပုလင်းများကို ဖောက်၍မီးစာတပ်ပြီး ရေနံဆီမီးခွက်လုပ်ကြရလေ၏။
ထိုစဉ်က ကျွနု်ပ်တို့ ကျောင်းသူကျောင်းသား အများစုမှာ စာကြည့်စားပွဲပေါ်တွင် မီးခိုး တအူအူ တက်နေသော ရေနံဆီမီးခွက်ဖြင့် စာကျက်ခဲ့ကြရလေ ၏။ ရေနံဆီမီးစာမှာ နာရီဝက်ခန့်ကြာလျှင် မှိုင်းများ တက်လာသောကြောင့် မီးတောက်အားမှာ တဖြည်း ဖြည်း နည်းလာသဖြင့် ထိုမှိုင်းများကို တုတ်ကလေး ဖြင့် ထိုးချရသည်မှာလည်း တစ်လုပ်ဖြစ်လေတော့၏။ မကြာမကြာလည်း ငှက်ပျောဖူးပုလင်းဟုခေါ် သော ဖန်ပုလင်းများနှင့် သိုလှောင်ထားလေ့ရှိသည့် ရေနံဆီကို ရေနံဆီမီးခွက်ထဲသို့ ဖြည့်ပေးရသေး၏။ လျှပ်စစ်မီးမှာလည်း များသောအားဖြင့် နေ့ခင်း တွင်မလာဘဲ ညဘက်ကျမှ ပေးသည်များလည်း ရှိ၏။ ညစဉ်ပင်မရဘဲ အလှည့်ကျ ရသည်များလည်း ရှိလေ၏။
ထို့ကြောင့် ထိုခေတ်ထိုအခါက ကျွနု်ပ်တို့အိမ်များတွင် ရေနံဆီမီးခွက်ဟူသည်မှာ မရှိမဖြစ်ဇာတ်လိုက်ကျော်ကြီး ဖြစ်ခဲ့ပါလေတော့၏။ဖယောင်းတိုင်မှာမူ အလွန်ပင် သုံးခဲလှသော ပစ္စည်းဖြစ်လေ၏။ တန်ဆောင်တိုင်ပွဲတော်ရက်များ၊ သီတင်းကျွတ် ပွဲတော်ရက်များတွင်မူ ရေနံဆီမီးခွက်ကိုပင် ပေါပေါ များများ မသုံးနိုင်ကြတော့ဘဲ ဆီမီးခွက်များဖြင့် မီး ထွန်းကြရလေ၏။အမေက ဈေးတွင် မြေဆီမီးခွက်ကလေးများ အစိတ် ငါးဆယ် စသည်ဖြင့် ဝယ်လာလေ၏။
ထိုမြေ ဆီမီးခွက်လေးများကို တစ်နေကုန် ရေတွင် စိမ်ထား ကြရ၏။ သို့မှသာ ရေဝပြီးလျှင် ဆီကို မစုပ်တော့မည် ဖြစ်လေ၏။ မီးစာပြုလုပ်ရန်အတွက် ဂွမ်းကိုလည်း အတောင့်ကလေးများ အဆင်သင့် ပြုလုပ်ထားကြရ လေ၏။ညနေစောင်းပြီဆိုသည်နှင့် ဘုရားစင်မှစကာ အိမ်အဝင်ဝများ၊ ပြတင်းပေါက်ဘောင်များ စသည် ဖြင့် နေရာအနှံ့တွင် ဆီမီးခွက်များကိုတင်ကာ စားသော ဆီကို လောင်းထည့်ကြ၏။ များသောအားဖြင့် ကျွနု်ပ်တို့ မြေလတ်ဘက် တွင် နှမ်းဆီကို အသုံးများကြလေ၏။
နှမ်းဆီကမှ လေးလေးပင်ပင်ကလေး ရှိသည်ဟု ဆိုကြ၏။ ပဲဆီ ကို စားလေ့မရှိပေ။ ရန်ကုန်တွင်မူ ပဲဆီကိုသာ အသုံး များလေ၏။ နှမ်းဆီက ခါးသည်ဟု ဆိုကြလေ၏။ ရန် ကုန်ဘက်တွင် နှမ်းဆီဆိုသည်မှာ ဆေးဖော်ဆေးလူး ရန်အတွက်သာဟု ထင်မှတ်ကြ၏။ ဆီထည့်ပြီးနောက် ဆီမီးခွက်တွင် မီးစာလေး များကို ထည့်ကြပြီး တပျော်တပါးကြီး ဆီမီးထွန်းကြ လေတော့၏။ ပါးစပ်မှလည်း တပျော်တပါး အော်ဟစ် လေ့ရှိကြ၏။ အိမ်တိုင်းအိမ်တိုင်းတွင် ထိုသို့ ပြုလုပ် နေသောကြောင့် တစ်ရပ်ကွက်လုံးမှာ ကျွက်ကျွက်ညံ နေလေတော့၏။ထိုခေတ်ထိုအခါက ယခုကဲ့သို့ ဂက်စ်မီးခြစ် များလည်း မပေါ်သေးပေ။ ဂွမ်းနှင့် ဓာတ်ဆီထည့်ပြီး သုံးရသောကြေးမီးခြစ်၊ ဒန်မီးခြစ်များသာလျှင် ရှိလေ၏။
ရှေးလူကြီးများက ဓာတ်မီးခြစ်ဟု ခေါ်ကြလေ၏။ မြန်မာ့အစဉ်အလာတွင်မရှိခဲ့သေးဘဲအင်္ဂ္လိပ် နှင့်အတူ ပါလာသော ခေတ်ပေါ်ပစ္စည်းများကို ရှေး မြန်မာများက ဓာတ်ဟူ၍ တွဲပြီး သုံးပစ်ခဲ့ကြလေ၏။ များသောအားဖြင့် ဘာမှန်းမသိသောအရာများဆိုလျှင် ဓာတ်ဟူ၍လုပ်ပစ်လိုက်ကြလေ၏။ရေနံဆီမှတစ်ဆင့် တက်လာသောဆီကို ဓာတ်ဆီ၊ ထင်း၊ မီးသွေး မသုံး တော့သော ရထားကို ဓာတ်ရထား၊ ရုပ်ရှင်ကို ဓာတ် ရှင်၊ ထူးထူးဆန်းဆန်း လျှပ်စစ်သိုလှောင်ထားသော အခဲလေးကို ဓာတ်ခဲ၊ ဓာတ်ခဲထည့်၍ မီးလင်းသော အရာကိုဓာတ်မီး …စသည်ဖြင့် အမည်ပေးပစ်ဖြစ်ခဲ့ ကြလေ၏။
ရှေးလူကြီးများသာ ရှိနေဦးမည်ဆိုပါလျှင် ဟိုလိုလိုဒီလိုလို ဘာမှန်းမသိသောသမ္မတအား ဓာတ် သမ္မတ၊ ယောင်လည်လည်ဖြစ်နေသော အစိုးရအား ဓာတ်အစိုးရ …စသည်ဖြင့် အမည်ပေးဦးမည်လော မသိနိုင် …။ကျွနု်ပ်တို့သည် ဓာတ်ဆီနှင့် ဂွမ်းကိုသုံးသော ဓာတ်မီးခြစ်ကြီးများကိုလည်းတဂျောက်ဂျောက်ခြစ်ကာ သုံးခဲ့ကြရဖူးလေ၏။ဆေးပေါ့လိပ်သောက်သောအဘိုး ကြီးအဘွားကြီးများဆိုလျှင် ထိုဓာတ်မီးခြစ်များကိုသေ မတတ် ခြစ်ကြရသောကြောင့် လက်မများတွင် မည်း နေကာ အသားမာများပင် တက်နေလေ့ရှိလေ၏။
အိမ်တိုင်းအိမ်တိုင်းတွင် မီးထွန်းကြသကဲ့သို့ ဘုရားစေတီများတွင်လည်း ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲ များနှင့်အတူ လူပရိသတ်များ စည်ကားသောရက် ဖြစ် လေ၏။ကျွနု်ပ်တို့သည် အိမ်များတွင် မီးထွန်းပြီးသည် နှင့်လမ်းများပေါ်သို့ပြေးထွက်ကြလေတော့၏။ကလေး အားလုံးလိုလိုတွင် တုတ်ချောင်းကလေးတပ်၍ လက် နှင့် တွန်းရသော မီးပုံးကလေးများ ရှိနေတတ်ကြ၏။ များသောအားဖြင့် ပိုက်ဆံပေး၍ဝယ်သော မီးပုံးက လေးများမဟုတ်ဘဲ လက်ဖြစ် ကိုယ်တိုင်ဖန်တီးထား ကြသည့် မီးပုံးကလေးများသာ များလေ၏။
ထို့အပြင် ဗြောက်အိုးမဖောက်ရဟု မည်သည့် ခေတ်အဆက်ဆက် အစိုးရမင်းများက အမိန့်ထုတ် သည်ဖြစ်စေ ထိုရက်များဆိုလျှင် ကျွနု်ပ်တို့ယောကျာ်း လေးများအားလုံးလိုလို၌ ဗြောက်အိုးများ ကိုယ်စီရှိနေ ကြလေ၏။ ယခုခေတ်ကဲ့သို့ အသင့်မီးတို့ပြီး ဖောက် နိုင်သော ဗြောက်အိုးဆိုသည်မှာ သူဌေးသား၊ သူဌေး သမီးများသာ သုံးနိုင်သော ပစ္စည်းဖြစ်လေ၏။ ထို့ကြောင့် ကျွနု်ပ်တို့သည် တစ်ပေခန့် ဝါးခြမ်း ပြား၏ထိပ်တွင် စက်ဘီးမှ စပုတ်တံနှင့် စပုတ်တံခေါင်း ကို သားရေပင်နှင့်ကပ်ပြီး စည်းရ၏။
အိမ်ရိုက်သံက လေးကို အဖျား အနည်းငယ်တုံးအောင် ထုလျက် သား ရေပင်ကလေးဖြင့် တွဲလောင်းဆွဲထားရ၏။ ထိုခေတ် ကအသုံးများသောနတ်သမီးတံဆိပ်၊ ကင်းမြီးကောက် တံဆိပ်ယမ်းမီးခြစ်ဘူးလေးများကို မုန့်ဖိုးထဲမှ စု၍ဝယ် ကာ မီးခြစ်ဆံခေါင်းမှ ယမ်းကို လက်သည်းဖြင့် ြွခေ၍ စပုတ်တံခေါင်းထဲသို့ ထည့်သိပ်ရလေ၏။ ပြီးနောက် သံချွန်ကလေးကို တေ့ကာ ကျောက်တုံး စသော အမာခံများပေါ်သို့ အားဖြင့် ရိုက်ချရလေ၏။ ဤသည်မှာပင် ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ကျွနု်ပ်တို့ကလေးများ ၏ ဧရာမမဟာကစားစရာကြီး ဖြစ်ခဲ့ရပါလေတော့၏။
ကျွနု်ပ်တို့သည်ထိုသို့လျှင် သီတင်းကျွတ်အခါ ရက်များ၊ တန်ဆောင်မုန်းအခါရက်များ၌ ဆီမီးများ မြိုင်မြိုင်ထွန်း၍ ပျော်ခဲ့ကြရဖူးသကဲ့သို့ အခြားသော ရက်များတွင်လည်း ညနေစောင်းပြီဆိုသည်နှင့် အဘိုး အဘွားများက ဘုရားစင်တွင် ဆီမီးထွန်း၍ နေ့စဉ် ပူဇော်ကြစမြဲ ဖြစ်လေတော့၏။ အဘိုးအဘွားများ မအား၍လည်းကောင်း၊ နေ ထိုင်မကောင်းဖြစ်၍လည်းကောင်း ဘုရားတွင် မီးမပူ ဇော်နိုင်သော ရက်များ၌ ကျွနု်ပ်တို့ကလေးများအား ထွန်းခိုင်းလေ့ရှိလေ၏။
ကျွနု်ပ်တို့က – “ခဏနေပါဦး အမေကြီးရဲ့ …၊ ပြီးရင် ထွန်းပါ့မယ် …” စသည်ဖြင့် ဆင်ခြေဆင်လက်ပေး ၍ အချိန်ရွှေ့လျှင် အဘိုးအဘွားများက – “ဟဲ့ …ကလေးလေး အချိန်မဆွဲနဲ့ …၊ အခု ထွန်းဆို ထွန်းလိုက် …” စသည်ဖြင့် မြည်တွန် လေ့ရှိကြလေ၏။ ထို့နောက် – “အခုထွန်းမှ ရမှာဟဲ့ …၊ နေဝင်းမီးလက် စီးပွားတက်ဆိုတာ မကြားဖူးဘူးလား …၊ နေဝင်ချိန် မှာ မီးထွန်းရတယ် …၊ ဘုရားမှာ ပထမဆုံးစပြီး ပူ ဇော်၊ ပြီးတော့မှ အိမ်မီးတွေ လိုက်ထွန်း …” ဟု ပြောလေ့ရှိရာ ကျွနု်ပ်တို့က – “နေဝင်တာပဲ အဘကြီးရယ် …၊ ဘာ အချိန် တွေ ရွေးနေရဦးမှာလဲ …” ဟု ပြန်၍ စောဒက တက် လေ့ရှိကြလေ၏။ ထို
အခါ အဘိုးအဘွားတို့က မြန်မာ လများအလိုက် နေဝင်ချိန်ဟူ၍ အချိန်နာရီကို သတ်မှတ်ထားကြောင်း၊ ထိုနေဝင်ချိန်တွင် ဘုရားမီး ပူဇော်ခြင်း၊ အိမ်မီးများ ထွန်းညှိခြင်းအားဖြင့် နေဝင်မီး လက် စီးပွားတက်ဟူသော ဆိုထုံးနှင့်အညီ စီးပွား တက်စေနိုင်ကြောင်း ရှင်းပြကြလေ၏။ သို့ပါသောကြောင့် ခုနစ်ရက်သားသမီးများ အနေနှင့် မိမိတို့၏ အိမ်ခန်းအလုပ်ခန်း၊ ရုံးခန်းများ တွင် ညနေစောင်း နေဝင်ချိန်၌ ဘုရားမီးပူဇော်၍ ဆု တောင်းခြင်း၊ အိမ်မီးများ၊ ဆိုင်မီးများဖွင့်၍ ဆုတောင်း ခြင်းများ ပြုလုပ်နိုင်ကြပါစေရန် အလို့ငှာ ရှေးမြန်မာ ကြီးတို့ သတ်မှတ်ခဲ့သော လအလိုက် နေဝင်ချိန်များကို အောက်တွင် ဖော်ပြလိုက်ရပါတော့သတည်း။
လအလိုက် နေဝင်ချိန်များ
၁။ တန်ခူးလ – ညနေ ၆းဝဝ နာရီ
၂။ ကဆုန်လ – ညနေ ၆း၁၀ နာရီ
၃။ နယုန်လ – ညနေ ၆း၂၀ နာရီ
၄။ ဝါဆိုလ – ညနေ ၆း၃၀ နာရီ
၅။ ဝါခေါင်လ – ညနေ ၆း၂၀ နာရီ
၆။ တော်သလင်းလ – ညနေ ၆း၁၀ နာရီ
၇။ သီတင်းကျွတ်လ – ညနေ ၆းဝဝ နာရီ
၈။ တန်ဆောင်မုန်းလ – ညနေ ၅း၅၀ နာရီ
၉။ နတ်တော်လ – ညနေ ၅း၄၀ နာရီ
၁၀။ ပြာသိုလ – ညနေ ၅း၃၀ နာရီ
၁၁။ တပို့တွဲလ – ညနေ ၅း၄၀ နာရီ
၁၂။ တပေါင်းလ – ညနေ ၅း၅၀ နာရီ
Ref : Manawmaya Journal
Photo Credit : Manzelan
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ