By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 30 May 2018
မြန်မာနိုင်ငံတော်အတွင်းရှိ မြေလွတ်၊မြေလပ်၊ မြေရိုင်း များတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံသူများ၊ အစိုးရဌာနနှင့် အစိုးရမဟုပ်သော အဖွဲ့အစည်းများသည် (၂၀၁၂)ခုနှစ် မြန်မာနိုင်ငံ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန်ခွဲမှုဥပဒေအရ အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ရန်အတွက် စီမံခန်ခွဲရေး ဗဟိုကော်မတီသို့ လျောက်ထားနိုင်ပါသည်။
(က) စိုက်ပျိုးရေးလုပ်ငန်းများ
(ခ) မွေးမြူရေးလုပ်ငန်းများ
(ဂ) ဓာတ်သတ္တုထုတ်လုပ်ရေးလုပ်ငန်းများ
(ဃ) အစိုးရကခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ ကို လုပ်ကိုင်နိုင်ပါတယ်။
အသုံးပြုခွင့်လျောက်ထားသည့် လုပ်ငန်းများကို မှန်ကန်စွာအသုံးချခြင်း၊ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိပါက ဗဟိုကော်မတီမှ ပြန်လည် ငြင်းပယ်နိုင်ပါသည်။ အဆိုပါ မြေလွတ်၊မြေရိုင်းများတွင် အသုံးပြုခွင့်အမိန်မရရှိဘဲ ကျူးကျော်နေထိုင်သူသည် ဥပဒေအရ အရေးယူခြင်းကို ခံရမည်ဖြစ်သည်။
ခွင့်ပြုထားတဲ့ မြေလွတ်မြေရိုင်းများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းနှင့် လွှဲပြောင်းခြင်းများ ပြုလုပ်ခွင့် မရှိပေ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Princeedwardisland
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ