By Sint Sint, Shweproperty.com
Updated at 5 April 2020
ဂရန်အတု ဂရန်အစစ်အား အောက်ပါအချက်များဖြင့် ခွဲနိုင်ပါသည်။ ဂရန် မျက်နှာဖုံးက သားရေအစိမ်းရင့်ပါ တွန့်ကြေခြင်း မရှိပါ။ ဌာနတံဆိပ်မှာ ရွှေရောင် လက်နှင့်ပွတ်ကြည့်လျင် ကြမ်းပြီး ဖောင်းကြွ ဖြစ်ပါတယ်။ အိုးအိမ်ဂရန် မှာ အပြာရောင်ပါ ( အတုမှာ နက်ပြာရောင် သို့မဟုတ် အစိမ်းပုတ်ရောင်ဖြစ်ပြီး ဌာနတံဆိပ်မှာ ကြမ်းမနေပါ )
ဌာနတံဆိပ်ရေစာမှာအပြာနုပါ ထင်ရှားပြီး မှုံဝါးမနေ အရောင်မှာ အရမ်းတောက်ပမနေပါ။
စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာ သက်သက်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့် ချုပ်ထားသော ချုပ်ရိုးစများအပြင်သို့ ထွက်မနေပါ (အတုမှာ ချုပ်ထားသော ကြိုးစများ ထွက်နေပြီး ကြိုးထက်အပ်ပေါက်ရာက ကြီးနေတက်ပါတယ်)
စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။ စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ ပြီးပြတ်သားစွာ မြင်ရပါတယ် (အတုသည် ရေစာအား colourprinterဖြင့် ထုတ်ထားသဖြင့် အရမ်းထင်းလွန်းပြီး စာရွတ်သားမှာ မထူပါ စာလုံးများအားပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်)
မြေပုံဆွဲသည့်အခါ အဝိုင်းများနှင့် မြေကွက် ဘောင်ခတ်ခြင်းအား မှင်နီဖြင့် ဆွဲပြီးလက်ရာမှာ သေသပ်ပြီး အစွန်းများ ထွက်မနေပါ။ လိုင်းများညီညာလွန်းပါတယ် စာသားအား အနက်ဖြင့် သာရေးလေ့ရှိပါတယ် (အတုမှာ ဘောင်လိုင်းများအစွန်းထွက်ပြီး စာသားအား မှင်ပြာဖြင့် ရေးလေ့ရှိပါတယ်)
ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ရှိပါတယ်။
Ref & Photo Credit : Fbatinsone
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ