By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 31 May 2018
ယနေ့ခေတ်တွင် လယ်ယာမြေများကို ခြံကွက်ရိုက် ရောင်းချမှုများကို နေရာ အနှံ့အပြားတွင်တွေ့ရသည်။ အထူးသဖြင့် အချက်အခြာကျသော ဒေသများ နှင့် မြို့နှင့် မလှမ်းမကမ်းတွင် ရှိသော ရပ်ကွက်ကျေးရွာများတွင် တွေ့ရသည်။
- လယ်ယာမြေကို ခွင့်ပြုမိန့်မရဘဲ အခြားနည်း အသုံးပြုပါက အရေးယူခံရမည် ဟု လယ်ယာမြေဥပဒေတွင် ဖော်ပြထားသည်။
- သီးနှံစိုက်ပျိုးရန် ခွင့်ပြုထားသော လယ်ယာမြေများကို ခွင့်ပြုမိန့်ရယူခြင်း မရှိဘဲ အခြားနည်းအသုံးပြုပါက လယ်ယာမြေ ဥပဒေအရ အရေးယူမည်ဖြစ်သည်။
- ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေတွင် လယ်ယာမြေကို အခြားနည်းဖြင့် အသွင်ပြောင်း အသုံးပြုလိုပါက လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုမိန့်ရယူရန် လိုအပ်မည်ဖြစ်သည်။
- ထိုကဲ့သို့ ခွင့်ပြုမိန့်ရယူခြင်း မရှိဘဲ လယ်ယာမြေပေါ်ကို နေထိုင်အသုံးပြုပါက လယ်ယာမြေ ဥပဒေအတိုင်း အရေးယူခြင်းခံရမည်။
လယ်ယာမြေဥပဒေ၊ ပုဒ်မ ၁၉ အရ လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းသုံးစွဲခွင့် မပြုရဟု ပြဌာန်းထားသောကြောင့် လယ်ယာမြေကို စိုက်ပျိုးခြင်း မပြုဘဲ ကျောက်တိုင်များ စိုက်ကာခြံစည်းရိုးကာရံခြင်း၊ ကြိုတင်ကာ မြေဖို့အဆောက်အဦး ဆောက်လုပ်ထားခြင်း များသည် ပုဒ်မ ၁၉ အရ သတ်မှတ်သည့်ဒဏ်ကြေးပေးဆောင်စေခြင်း၊ လယ်ယာမြေပေါ်မှနှင်ထုတ်ထိုက်သူအားနှင်ထုတ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်းများ ပြုလုပ်မည်ဟု လယ်ယာမြေ ဥပဒေတွင် ဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Goldenpeacockmm
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ