By Property News, Shweproperty.com
Updated at 30 October 2017
လူသားအားလုံး တစ်ချိန်မှာ အိုကြ၊နာကြ၊ သေကြရအုံးမှာပါ။ မိမိသေဆုံးသွားလျှင် မိမိတို့ပိုင်ဆိုင်တဲ့ အိမ်၊ ခြံ၊ မြေ တွေ ကို သားသမီး၊ မြေး၊ မြစ် တွေကိုအမွေအဖြစ်ပေးတတ်ကြပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သေတမ်းစာနှင့် မိသားစု စီမံမှုဆိုတာ ရှိပါတယ်။ လူကြီးမင်းတို့အိမ် ဝယ်ယူမယ့် အိမ်၊ ခြံ၊ မြေ က သေတမ်းစာတစ်ခုတည်းနှင့် ကိုးကားပြီးရောင်းတဲ့ အိမ်၊ ခြံ၊ မြေ ဆိုရင် မဝယ်သင့် ပါဘူး။
တခြား ပိုင်ဆိုင်မှု အထောက်အထားတွေကို ကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ စာချုပ်ထဲမှာ ပေးအပ်တဲ့သူက “သေဆုံးချိန်နောက်ပိုင်းတွင်” ပိုင်ဆိုင်မှု ရှိရမယ်လို့ သေတမ်းစာ သဘောဆန်တဲ့စာချုပ်ချုပ်ထားသော် အိမ်၊ ခြံ၊ မြေ တွေ ကိုလည်း ရှောင်သင့်ပါတယ်။
အမွေပေးအပ်တဲ့သူတစ်ဦးတည်းရဲ့ ဆန္ဒအရ ပေးအပ်ခဲ့တဲ့ စာချုပ်မျိုး(ဥပမာ- အဖေ၊ အမေ ၊ အဘိုး၊ အဘွား တွေက သားသမီး ၊မြေးမြစ်တွေထဲကမှ တစ်ဦးထဲကိုပဲ အမွေပေးအပ်ခဲ့ချင်လို့ အခြားညီကိုမောင်နှမတွေရဲ့ သဘောတူညီမှုမပါပဲ အမွေဆက်ခဲရမဲ့သား တစ်ဦးတည်းကို သာ လက်မှတ်ထိုးထားတဲ့ စာချုပ်မျိုးနဲ့ ချုပ်ဆိုထားတဲ့ အိမ် ခြံ မြေဆိုရင် လည်းရှောင်ရှားသင့်ပါသည်။
အကယ်၍ စာချုပ်ထဲမှာ အမွေရှင်ကိုယ်တိုင် တရားဝင် ခွဲတမ်း (ကြေညာစာတမ်း) ကို အမွေရှင်ရော အမွေဆက်ခံမယ် အမွေခံ သားသမီး အကုန်လုံးအပြင် အသိသက်သေ နှစ်ဦးပါ လက်မှတ်ထိုးထားပြီး စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာလည်း စာချုပ်ချုပ်ဆိုထားပြီး အားလုံးက ကန့်ကွက်မှု မရှိသဘောတူကြောင်းရေးသားပြီး လက်မှတ်ထိုးထားကြတဲ့ အိမ်၊ ခြံ၊ မြေ ဆိုရင်တော့ ဝယ်ယူနိုင်ပါတယ်။
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စာချုပ်ချုပ်ဆိုမထားဘူးဆိုရင် အမည်ပြောင်းတဲ့အခါ အမည်ပေါက်လျှောက်တဲ့ အခါတွေမှာဆိုရင် ပြသနာရှိနိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ အိမ် ခြံ မြေ လောကမှာ အမွေဆိုင်အိမ်ခြံ မြေဆိုတာရှိနေဦးမှာပါ။ အမွေဆိုင် အိမ် ခြံ မြေတိုင်းကို မဝယ်ယူသင့်ဘူးလို့ မပြောလိုပါ။
အကယ်၍ဝယ်ယူမယ်ဆိုရင်နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေနဲ့ စာချုပ်စာတမ်းတွေကို သေချာစစ်ဆေးပြီး မှ ဝယ်ယူသင့်ကြောင်း ရောင်းမှား ဝယ်မှား မဖြစ်ရလေအောင် အကြံပြုပြောကြားလိုပါသည်။
Ref : Property News
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ