By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 21 May 2018
လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်းများဆောင်ရွက်သည့်အခါ အောက်ပါအချက်အလက်တွေကို သိထားဖို့ လိုအပ်ပါတယ်။
လယ်ယာမြေ ဥပဒေ အခန်း(၈)
လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်း
၂၂။ လယ်ယာမြေလုပ်ပိုင်ခွင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်း ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။
၂၃။ (က) ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပုဒ်မ ၂၂ အရ ချမှတ်သောအမွန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်နှင့် အညီ အယူခံနိုင်သည်။
(ခ) မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို ပြုနိုင်သည်။
၂၄။ (က) ပုဒ်မ ၂၃၊ ပုဒ်မခွဲ(ခ) အရ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ အယူခံနိုင်သည်။
(ခ) ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
၂၅။ (က) ပုဒ်မ ၂၄၊ ပုဒ်မခွဲ (ခ) အရ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွက်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီအယူခံနိုင်သည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည် ဟုဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Shutterstock
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ