By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 24 May 2018
လယ်ယာမြေလုပ်ကိုင်သူတို့ အတွက် သိသင့်သိထိုက်သော လယ်ယာမြေစီမံခန့်ခွဲခြင်း ဆိုင်ရာ ဗဟုသုတများကို ဖော်ပြပေးလိုက်ပါတယ်။
လယ်ယာမြေ ဥပဒေ အခန်း(၁၁)
လယ်ယာမြေကို စီမံခန့်ခွဲခြင်း
၃၂။ နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံးလိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား သတ်မှတ်ကာလ အတွင်းအမြန်ဆုံးပြီးစီးရန် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း မပြုတော့ပါက မူလဘယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံပြန်လည်ပေးအပ်ရမည်။
၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့က သော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်အပ်သော အာဏာပိုင်က သော်လည်းကောင်း အခြားနည်း အမိန့်ဆင့်ဆိုသည်မှ တစ်ပါး ကျွဲ၊ နွား၊ စားကျက်များနှင့် ရွာဘုံမြေများကို မပျက်စီးစေဘဲ ဆက်လက်ထားရှိရမည်။
၃၄။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့်ပေးထားသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် စပ်လျဉ်း၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပြီး ဤဥပဒေတွင် အကျူံးဝင်စေရမည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Youtube
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ