By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 1 June 2018
အခြားနည်းအသုံးပြုခွင့်လျှောက်ထားတဲ့အခါ လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ လိုပါတယ်။ အကြောင်းပြချက်ခိုင်မာဖို့လည်းလိုပါတယ်။ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနတို့ရဲ့ ထောက်ခံချက်တွေ လိုအပ်ပါတယ်။
လျှောက်ထားချက်ကို တိုင်းဒေသကြီးအထိ တင်ရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြို့နယ် မြေစာရင်းဌာနကနေ ခွင့်ပြုရမှာဖြစ်တယ်လို့ သိရပါတယ်။လယ်မြေဆိုရင် ဗဟို လယ်မြေစီမံခန့်ခွဲမှုကိုလည်း တင်ရတယ်လို့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ၊ အပိုဒ် ၃၀ (က) မှာပြဌာန်းထားပါတယ်။ယာမြေပေါ်မှာ အိမ်ဆောက်ခွင့်တင်လို့ရပေမယ့် လယ်မြေကို အိမ်ဆောက်ခွင့်မပြုဘူးလို့လည်း သိရပါတယ်။
၃။ လယ်ယာမြေ ဥပဒေ ပုုဒ်မ ၈၀ အရ
ကျေးလက်ဒေသ ဖွံ.ဖြိုးတိုုးတက်ရေး ဆောက်ရွက်မယ့် လုုပ်ငန်းစီမံချက် သိုု့မဟုုတ် မြို့ပြဒေသ ဖွံ့ဖြိုးတိုုးတက်ရေး ဆောင်ရွက်မယ့် လုုပ်ငန်းစီမံချက်အရ ကျေးလက်လူနေမူဘဝဖွံ့ဖြိုးတိုုးတက်ရေးနဲ့ဆိုင်တဲ့ စာသင်ကျောင်း ၊ ကျန်းမာရေးဌာန၊ ဆေးရုံု၊ ဆေးပေးခန်း၊ စာကြည့်တိုုက်၊ လမ်း၊တံတား၊ ကျေးလက်ဈေး၊ ဘာသာရေးအဆောက်အအုံု၊ သုုသာန်နှင့် အခြားလိုုအပ်သောအဆောက်အအုံတွေအတွက် အသုံးပြုဖို့ လိုပါက အောက်ပါအချက်တွေနဲ့ ညီပါက အသုံးပြုဖို့ ခွင့်ပြုနိုင်သည်။
(က) စာသင်ကျောင်းအတွက်ဖြစ်ပါက ပြည်တောင်စုုအဆင့်ပညာရေးဝန်ကြီးဌာန၏လုုပ်ငန်းဆိုုင်ရာ ခွင့်ပြုချက်ရှိပြီး ရန်ပုံုငွေရရှိနိုုင်မယ့် အခြေအနေရှိခြင်း
(ခ) ကျန်းမာရေးဌာန၊ ဆေးရုံုနဲ့ ဆေးပေးခန်းအတွက်ဆိုရင် ပြည်တောင်စုုအဆင့် ကျန်းမားရေးဝန်ကြီးဌာနရဲ့ လုုပ်ငန်းဆိုုင်ရာ ခွင့်ပြုချက်ရှိပြီး ရန်ပုံုငွေရရှိနိုုင်မှု အခြေအနေရှိခြင်း
(ဂ) ဘာသာရေးအဆောက်အအုံုတွေအတွက်ဆိုရင်လည်း ပြည်တောင်စုုအဆင့် သာသနာရေးဝန်ကြီးဌာနရဲ့ လုုပ်ငန်းဆိုုင်ရာ ခွင့်ပြုချက်ရှိပြီး ရန်ပုံုငွေရရှိနိုုင်မှု အခြေအနေရှိခြင်း
(ဃ) အခြားကိစ္စရပ်အတွက်ဆိုရင် သက်ဆိုုင်ရာ ပြည်တောင်စုုအဆင့် ဝန်ကြီးဌာနရဲ့ လုုပ်ငန်းဆိုုင်ရာ ခွင့်ပြုချက်ရှိပြီး ရန်ပုံုငွေရရှိနိုုင်မှု အခြေအနေရှိခြင်း စတဲ့အချက်တွေ လိုပါတယ်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Architectengilde
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ