By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 1 June 2018
လယ်ယာမြေ ဥပဒေ အခန်း(၇) တွင်
စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက အရေးယူခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
၁၉။ ဤဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကို ဖြစ်စေ၊ စည်းကမ်းချက် တစ်ခုခုကိုဖြစ်စေ၊ လိုက်နာရန်ပျက်ကွက်လျှင် ဝန်ကြီးဌာနက ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤ ဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့် အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည့် -
(က) သတ်မှတ်သည့်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောက်ရွက်စေခြင်း၊
(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
၂၀။ ပုဒ်မ ၁၉ ပါ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ယင်းပုဒ်မအရ ချမှတ်သောအမိန့်ကို လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူက လိုက်နာခြင်း မရှိလျှင် ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာ တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။
၂၁။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် ဝန်ကြီးဌာနက စည်းကြပ်ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန်ပျက်ကွက်လျှင် တည်ဆဲဥပဒေနှင့် အညီ ထိုအခွန်အခများကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့ ကောက်ခံခြင်းခံရမည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Pixaba
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ