By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 21 January 2019
လက်ရှိတွင် လယ်ယာမြေလုပ်ကိုင်နေသူများ အနေဖြင့် လယ်ယာမြေနှင့် ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များစသည့် သိထားသင့်သည်များကို ဖော်ပြပေးလိုက်သည်။
လယ်ယာမြေ ဥပဒေ အခန်း (၄)
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ
၁၂။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည်
(က) ဤဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။
(ခ) လယ်ယာမြေနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းနှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(ဃ) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(င) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်သာပေါင်နှံရမည်။
(စ) သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တရားဝင် ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်းမပြုရ။
(ဆ) လယ်ယာမြေကို ခွင့်ပြုအမိန့််မရရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရ။
(ဇ) လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်း မပြုရ။
(ဈ) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်း မပြုရ။
(ည) လယ်ယာမြေ လုပ်ပိုင်ခွင့် မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်၍ အငြင်းပွားမှု ဖြစ်ပေါ်နေသောကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရန်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။
၁၃။ ဤဥပဒေ အာဏာတည်ပြီးသည့်နောက် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရူပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင် ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည်။
၁၄။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့် အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ နိုင်ငံတော အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သည့်အဖွဲ့အစည်းကိုမျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Aitcofficial
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ