By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 31 May 2018
မြေဈေးကွက်အတွင်း လယ်ယာမြေများ အရောင်းအဝယ်လုပ်နေပေမယ့် လယ်ယာမြေများပေါ်မှာ လူနေထိုင်ခွင့်မရရှိသေးကြောင်းကိုလည်း တွေ့ရသည်။လယ်ယာမြေ ဥပဒေအရ လယ်ယာမြေများပေါ်တွင် လူနေထိုင်ခွင့် အဆောက်အအုံ ဆောက်လုပ်ခွင့်တွေမရှိပါ။
လယ်ယာမြေများပေါ်တွင် လူနေထိုင်ပြီး အဆောက်အအုံဆောက်လုပ်ချင်ပါက လယ်ယာမြေ ဥပဒေနဲ့ အညီ အဆင့်ဆင့်လျှောက်ထားခွင့်ရှိတယ်လို့ တွေ့ရသည်။လယ်ယာမြေနှင့် ပတ်သက်ပြီး မည့်သည့် လယ်မြေ ၊ ယာမြေများပေါ်တွင်မှ လူနေထိုင်ခွင့် မပြုထားကြောင်း လယ်ယာမြေ ဥပဒေတွင် ဖော်ပြထားသည်။
လယ်ယာမြေပေါ်တွင် အဆောက်အအုံဆောက်ပြီး လူနေထိုင်မည်ဆိုလျှင် လူနေရန် မြေအဖြစ် လျှောက်ထားရမည် ဟု လယ်ယာမြေ ဥပဒေတွင်ဖော်ပြထားသည်။ တချို့က လယ်ယာလုပ်ကိုင်ခြင်း မပြုတော့ဘဲ ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ထားမှုများလည်းရှိသည်။
လူနေထိုင်ခွင့် လျှောက်ထားမည်ဆိုလျှင် မြို့နယ်မြေစာရင်း ဦးစီးဌာနတွင် ပုံစံ (၁၄) လျှောက်ထားရမည်ဖြစ်ပြီး မြေစာရင်းဖြစ်တဲ့ ပုံစံ(၁၀၅) ကိုတပါတည်း တောင်းယူရမည်ဖြစ်သည်။
ပုံစံ (၁၀၅)ကိုလျှောက်ထားရာတွင် လယ်ယာမြေကို တခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ထားကြောင်း ပါဝင်ရမည်ဖြစ်သည် ဟု လယ်ယာမြေ ဥပဒေတွင်ဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Davidwallphoto
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ