By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 5 April 2018
လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြစ်လျင် လယ်ယာမြေ ဥပဒေပါ ပုဒ်မ ၂၂ ၊ ၂၃၊ ၂၄ နှင့် ၂၅ တို့ကိုသိထားမှ လယ်ယာမြေ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ပုဒ်မ ၂၂ ။ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မှုလမှုခင်း ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။
၂၃။ (က) ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပုဒ်မ ၂၂ အရ ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေ နပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်းသက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီ မံခန့်ခွဲ မှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ အယူခံနိုင်သည်။
(ခ) မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
၂၄။ (က) ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ခ) အရ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေသူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ သတ် မှတ်ချက်များနှင့် အညီ အယူခံနိုင်သည်။
(ခ) ပုဒ်မ ၂၄၊ ပုုဒ်မခွဲ(ခ) အရ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
ပုဒ်မ ၂၅ (က) ပုဒ်မ ၂၄၊ ပုဒ်မခွဲ(ခ) အရ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ် သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ အယူခံနိုင်သည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည် ဟု လယ်ယာမြေ ဥပဒေတွင် ပြဌာန်းထားသည်။ Written By : Shwe Kyaw (ShweProperty.com) Photo Credit : Scmp Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ