By Sint Sint, Shweproperty.com
Updated at 5 March 2020
အုတ်စီနည်း နှင့် တွက်နည်း
အုတ်စီရာတွင် ဘိလပ် မြေနှင့် အုတ်ကုန်ကျတာလေးတွေကို ဝါသနာပါတဲ့ စိတ်ဝင်စားသူ များအတွက် ပြန်တင်ပေးတာပါ။
၉” လက်မ အုတ်ရှိးစီရာတွင် (၁၀×၁၀) ပတ်လည် တစ်ကျင်း စီရာတွင် အုတ်အလုံးရေ = ၁၀၄၀ ခဲ
အလျား = ၂၆ ခဲ
အနံံ = ၄၉ ခဲ
၂၆×၄၀ = ၁၀၄၀ ခဲ ကုန်ပါတယ်။ (၄”လက်မခွဲ ) အုတ်စီရာတွင် ကုန်ကျ နည်းပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။
(၁၀×၁၀) ပတ်လည် ၄”လက်မခွဲ အုတ်စီရာတွင် အလျား….=၁၃ခဲ ၅မူး ၅မူးဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ် ရဲ နှစ်ပိုင်း တစ်ပိုင်းကို ၅မူးလို့ သက်မှတ်ပါတယ်။
အနံ (မြင့်) ၄၀ ခဲ ၁၃/၅×၄၀ = ၅၄၀ ကုန်ပါတယ်။
၉” လက်မအုတ် ရိုးနစ်ကျင်းစီရာတွင် ဘိလပ်မြေ ၁×၄ အချိုး ၆ အိပ် ကုန်ပါတယ်။ ၄”လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁×၄ အချိုး ဘိလပ်မြေ ၂အိပ်နှစ်အိပ်တစ်ပိုင်း ကုန်ပါတယ်။
၉” လက်မအုတ် ရိုးစီရာတွင် အလွှားမထက်ရာအောင် ‘စုံ,မ ခွဲခြားစီတတ်ဖို့လိုပါတယ်။ ဒါမှ ဒမ် နှစ်လွှား = စုံနစ်လွှား ထပ်မှာမဟုတ်ပါ။ ၃-၅-၇-၉ မ, ဂဏန်း များတွင် ဒမ်စီပြီးသွားရရပါမည်။
၂-၄-၆-၈,စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်။
အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့် အမြင်ကောင်းကောင်းရှိပါသည် နောက်ပြီး ဂျပန်ကွက် တရုပ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။ ဂျပန် ကွက်တွင် အလျား ၂ခဲ အနံ၂ခဲ ပုံမှန် သွားရပါသည်။
တရုပ်ကွက်တွင် အဲလိုျမဟုတ်တော့ပါ အလျား ၂ ခဲ အနံ ၁ခဲဖြစ်ပါတယ် ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက် နှင့်် စီသွားပြီး
အလျား ၂ ခဲ အနံ ၂ခဲ စီရင်ပိုခိုင်ပာတယ်။
ပညာဆက်လက်မျှဝေပေးနိုင်သည်။
Ref & Photo Credit : Latestmyanmarnews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ