By Manawmaya Journal, Shweproperty.com
Updated at 8 August 2018
“ဆရာရယ် ကျွန်တော်တို့လည်း တစ် သက်လုံး ကုန်းရုန်းပြီး ကြိုးစားနေတာပါ ၊ အခု ပင်စင်လည်း ရတော့မယ် ၊ အခုထိ အိုးပိုင်အိမ် ပိုင် မရှိသေးပါဘူးဆရာရယ် ၊ ယတြာချေရုံနဲ့ ရက်ပိုင်းလပိုင်းအတွင်း အိမ်တစ်လုံးရလာဖို့ မလွယ် ဘူးဆိုတာ သိနေပေမယ့် အိုးပိုင်အိမ်ပိုင်လေးဖြစ်လာ ဖို့ အခွင့်အလမ်းကောင်းလေးတွေ ပေါ်လာလိုပေါ် လာငြား ဆရာတို့မှာ နည်းကောင်းလေးဘာလေးများ မရှိဘူးတဲ့လားဗျာ ”ထိုသို့သောအသံများသည် ကျွန်တော်တို့ မကြာမကြာဆိုသလို ကြားရလေ့ရှိသော ဗေဒင်ပရိသတ်များ၏ အသံများပင်ဖြစ်ပါသည်။
ကိုယ်ချင်းလည်းစာမိပါသည်။ ဤခေတ်ဤ အခါကြီးတွင် ပို၍ပင် ဆိုးပေတော့သည်။ စားရေး၊ ဝတ်ရေးထက် နေထိုင်ရေးစရိတ်မှာ အထူးပင် ကြီး မားလှသည်မဟုတ်ပါလော။ထိုသို့သောပရိသတ်များကြုံလာလျှင် ကျွန်တော့်ကိုယ်တွေ့ နည်းကလေးဖြင့် ကိုယ်ချင်းစာစိတ် ကြီးမားစွာ ပြောပြပေးလေ့ရှိသော နည်းလေးတစ်ခု ရှိပါသည်။
ထိုနည်းမှာ –“အင်္ဂါနေ့နံနက်ပိုင်းတွင် ရုက္ခစိုးစင်ရှိသော ညောင်ပင်ကြီးကြီးတစ်ပင်သို့သွားပါ ၊ ရုက္ခ စိုးမင်း ကြီးကိုရည်ရွယ်၍ အမွှေးတိုင်အလင်း တိုင်လေးများ ထွန်းညှိပူဇော်ပါ ။ထို့အပြင် ကောက်ညှင်းပေါင်းတွင် အုန်းသီးဆံဖြူး၍ လှူဒါန်းပါ ၊ပြီးလျှင် ထိုညောင်ပင်မှာပင် စာက လေးအိမ်တစ်လုံး၊ တတ်နိုင်လျှင် ငါးလုံး ချိတ် ဆွဲ၍ လှူဒါန်းပါ ။ပြီးလျှင် မိမိပြုခဲ့ဖူးသမျှ ကုသိုလ် ကောင်းမှုများအား ရုက္ခစိုးမင်းကြီးအား အမျှပေး ဝေပါ ။စာကလေးအိမ် လှူဒါန်းရခြင်းအကျိုး အားကြောင့် မိမိတို့အတွက်လည်း အိုးပိုင်အိမ်ပိုင် ရလာစေမည့် ကံအခြေအနေကောင်း ပေါ်ပေါက်ပွင့်လန်းလာစေရန် ဆုတောင်းပါ ” ဟု ဖြစ်ပါတော့သည်။အိုးပိုင်အိမ်ပိုင်မရှိသေးသော မိသားစု များအတွက် အိုးပိုင်အိမ်ပိုင်ရရန် ကံအခွင့်အလမ်းများ ပွင့်လန်းကြပါစေသော် ။
Ref : Manawmaya Journal
Photo Credit : 123rf
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ