By Le' Moe, Shweproperty.com
Updated at 12 January 2019
ပုံစံ (၁၀၅) နဲ့ပတ်သက်ပြီး အကွက်ရိုက်တာ လျှောက်ထားစဉ် ကြန့်ကြာတာတွေအတွက် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်........
မေး ။ ။ ပုံစံ (၇) ရပြီးသား ပေ (၄၀ × ၆၀) လယ်မြေပေါ်မှာ အကွက်ရိုက်ရောင်းတဲ့ မြေတွေဝယ်လိုပါတယ်။ ပုံစံ (၁၀၅) ကတော့ သုံးလလောက်နေရမယ်လို့ ပြောပါတယ်။ ဝယ်မယ်ဆိုရင် ဘာတွေစစ်ရမလဲ၊ (၁၀၅) ကျရင်ရော အဆောက်အအုံ ဆောက်လို့ရမလား။
ဖြေ ။ ။ ပုံစံ (၇) ဆိုတာလယ်မြေ ပိုင်ဆိုင်မှုအတွက် ထုတ်ထားပေးတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ကို ပြောတာပါ။ ပုံစံ (၇) လက်မှတ်ရှိရင် ပုံစံ-၁၀၅ လို့ လူပြောများနေတဲ့ လယ်မြေပုံရေးကူးပေးဖို့ မြို့နယ်မြေတိုင်းနဲ့ မြေစာရင်းရုံးမြို့နယ် ဦးစီး ဌာနမှုးဆီမှာ လျှောက်လို့ရပါတယ်။ ပုံစံ-၁၀၅ ထုတ်ပေးဖို့ လျှောက်ထားတဲ့ အခါမှာ လျှောက်ထားလိုတဲ့ ကိစ္စအတွက် ရေးပေးရပါတယ်။ ဥပမာ လယ်မြေကွက် အရောင်းအဝယ်ပြုလုပ်ဖို့ ဘဏ်မှာ ငွေချေးရန် မှတ်တမ်းအဖြစ်ထားရှိရန် လယ်ယာမြေအခြားနာမည်နဲ့ ခွင့်ပြုမိန့်စသည်ဖြင့် ဖော်ပြချက်ပေါ်မှာ မြို့နယ်ဦးစီးဌာနရုံးက စိစစ်ဆောင်ရွတ်ရမှာပါ။ ပုံစံ-၁၀၅ ဆိုတာ လယ်ယာမြေကို အခြားနည်းနဲ့ ခွင့်ပြုမိန့်ချပေးတာမျိုး ဖြစ်ပါတယ်။ ဒါမှသာ အဆောက်အအုံဆောက်ခွင့် ပြုတာဖြစ်ပါတယ်။ အဲသည်ခွင့်ပြုမိန့်မရပဲ လယ်မြေထဲမှာ အဆောက်အဦးဆောက်လုပ်ခွင့် မရှိပါဘူး။ ဗဟိုလယ်မြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ခွင့်ပြုမိန့်ရမှသာ တရားဝင်ဆောက်ခွင့်ရှိပါတယ်။
မေး ။ ။ ပုံစံ-၇ မြေမှာ ကြက်ခြံဆောက်ဖို့ ပုံစံ-၁၀၅ လျှောက်ခိုင်းလို့လျှောက်တာ တစ်နှစ်ပြည့်ပေမယ့် မကျသေးတာကြောင့် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။
ဖြေ ။ ။ လယ်မြေထဲမှာ ကြက်ခြံဆောက်ထားလို့ ပုံစံ-၁၀၅ လျှောက်ခိုင်းတာ တရားဝင် ဆောက်လုပ်ခွင့်မကျသေးဘူးဆိုတာ လုပ်ငန်းအဆင့်ဆင့်လုပ်နေရလို့ ဖြစ်ပါတယ်။
ပုံစံ-၁၀၅ လျှောက်ခိုင်းတယ်ဆိုတာ လယ်ယာမြေကို တခြားနည်းလျှောက်လွှာပုံစံ (၁၄) မှာ လိုအပ်ချက်တွေ ဖြည့်သွင်းပြီး ရက်ပိုင်း (၃၀) အတွင်း မြို့နယ်ဦးစီးဌာနရုံးမှာ လျှောက်ရပါတယ်။ လျှောက်ထားတဲ့အခါ အချက် (၉) ချက်ပြည့်စုံရပါတယ်။ အရေးကြီးဆုံးအချက်တွေကတော့ ဆောက်လုပ်မယ့် အဆောက်အအုံ တည်နေရာပြမြေပုံ၊ လျှောက်ထားတဲ့မြေနဲ့ ပတ်ဝန်းကျင်မြေများတည်ရှိမှု ဖော်ပြတဲ့မြေပုံပူးတွဲပြီး အနီးပတ်ဝန်းကျင်မြေတွေပေါ်မှာ အသုံးပြုမှု အခြေအနေတင်ပြထားခြင်းရှိ မရှိနဲ့ ရပ်ကွက် (သို့) ကျေးရွာအုပ်စု၊ လယ်ယာမြေ၊ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ထောက်ခံချက်စတာတွေကို ပြည့်စုံဖို့လိုအပ်ပါတယ်။
လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုခွင့်လျှောက်ထားချက်ကို မြို့နယ်ဦးစီးဌာနရုံးရဲ့ သဘောထားမှတ်ချက်နဲ့ မြို့နယ်လယ်ယာစီမံခန့်ခွဲမှုကို ဆက်လက်တင်ပြရပါတယ်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုက လက်ခံပြီးတာနဲ့ (၁၅) ရက်အတွင်း စီစစ်ပြီး ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြပြီး ၎င်းကတဆင့် နေပြည်တော်ကောင်စီ (သို့) ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို ဆက်လက်တင်ပြရပါတယ်။
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအနေနဲ့ နည်းဥပဒေအရ၊ နည်းဥပဒေခွဲ (က) အရ တင်ပြချက်နဲ့ စပ်လျဉ်းပြီးခွင့်ပြုချက်ရမှ လယ်ယာမြေအခြားနည်းနဲ့ အသုံးပြုခွင့်ပြုမိန့် ပုံစံ-၁၀၅ ထုတ်ပေးပါတယ်။ သည်လိုအဆင့်များတဲ့အတွက် တစ်နှစ်ပေမဲ့ ခွင့်ပြုမိန့်မကျသေးတာ ဖြစ်လိမ့်မယ် ထင်ပါတယ်။
Written By : Le' Moe
Photo Credit : Social
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ