By The Kumudra, Shweproperty.com
Updated at 28 May 2015
မြေငှားရန်ထုတ်ယူမယ်ဆိုရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မြေပေါ်အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း။
၂။ မြေငှားဂရန် စာချုပ်ထုတ်ပေးရာတွင် ကာလအားဖြင့် နှစ် (၆၀) (ဘုရင့်နောင်ပွဲရုံမြေ (၂၅) နှစ် ) သတ်မှတ် ထုတ်ပေးပါသည်။
၃။ မြေကွက်မျက်နှာစာ ပေ (၂၀) ရှိရန်နဲ့ အနည်းဆုံးဧရိယာ (၁၂၀၀) စတုရန်းပေ ရှိရန် လိုအပ်ပါသည်။ သတ်မှတ်လျှောက်လွှာဖြည့်စွက်ပြီး အမှုတွဲဖွင့်လှစ်ခြင်း။
၄။ ဌာနမှ သတ်မှတ်ထားတဲ့ ပုံစံနဲ့ ပိုင်ဆိုင်မှုအထောက်အထား ပြည့်စုံမှု စစ်ဆေးခြင်း။
၅။ ရန်ကုန်စည်ပင်သာယာမြေ နည်းဥပဒေအပိုဒ် (၂၅) အရ ကန့်ကွက်ရန် ကြော်ငြာ တစ်လတိတိ ထုတ်ပြန်ခြင်း။
၆။ ကန့်ကွက်ရန် ကြော်ငြာတစ်လပြည့်လွန်ပါက မြေစာရင်းပိုင်ဆိုင်မှု၊ စာချုပ်စာတမ်းများ၊ တရားရုံး၊ အမိန့်ဒီဂရီများနဲ့ ကန့်ကွက်ချက်များရှိပါက စိစစ်ခြင်း။
၇။ (၁၉၇၈) ခုနှစ် မရွှေ့မပြောင်းနိင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေနဲ့ ငြိစွန်းမှုရှိမရှိ စိစစ်ခြင်း။
၈။ စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက မြေငှားစာချုပ်တွင် ပုံစံဖြည့်စွက်ခြင်း၊ ဂရန်တွင် မြေပုံရေးဆွဲခြင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီအစည်းအဝေးသို့ တင်ပြခြင်း။
၉။ မြေငှားဂရန်စာချုပ်ကို မှတ်ပုံတင်ရန် မလိုပါ၊ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခပေးသွင်းစေပြီး ထုတ်ပေးသည်။
၁၀။ တစ်နှစ်အတွင်း မြေငှားခအပေါ် တံဆိပ်ခေါင်းအခွန် အက်ဥပဒေအရ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ကပ်ရန် လိုအပ်ပါတယ်။
၁၁။ မြေငှားဂရန်စာချုပ်မှာ အငှားချထားသူနဲ့ အငှားချထားခြင်းခံရသူ နှစ်ဦးနှစ်ဖက်လုံး သက်သေတွေနဲ့ လက်မှတ်ရေးထိုး ထုတ်ပေးပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ