By Mg Kaung Phae, Shweproperty.com
Updated at 7 July 2015
သူငယ်ချင်းဖြစ်သူ ကိုုအေးချမ်းက အိမ်အပြောင်းရွှေ.ပြုလုုပ်စဉ် မြေချပါမစ်ပျောက်သွားတာ ပြန်ရအောင် နည်းလမ်းကောင်းလေး ပေးပါအုံုးလိုု. မေးလာပါတယ်...
စာရေးသူက...
မင်းဝယ်ထားတဲ့ ပါမစ်မြေကွက်က တောင်ဒဂုံုမြေကွက် ပါမစ်အမည်ပေါက်က ဦးရွှေကျော်ထံက တစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက် ပျောက်သွားတာ။ ဒီတော့ ဆောင်ရွက်ရမှာ အဆင့်တွေများတယ်။
ဓာတ်ပုံုမြေချ ပါမစ်မြေကွက်တွေကိုု ထုုတ်ပေးထားက ရန်ကုုန်မြို.မြို.ရွာနှင့် အိုုးအိမ်ဖွံ.ဖြိုးရေးဦးစီးဌာန ထုုတ်ပေးထားတာ။
အိုုအိမ်မြေချပါမစ်ကိုု မူလအမည်ပေါက်ရှိ၊ မရှိသိလိုုတာပဲ ဖြစ်စေ၊ အတုုနဲ.အစစ် ခွဲခြားသိချင်လိုု.ပဲ ဖြစ်ဖြစ်၊ မြေချပါမစ်ပျောက်သွားလိုု. ဘယ်လိုုဆောင်ရွက်ရမယ်ဆိုုတာ သိလိုုရင်ပဲဖြစ်စေ ရန်ကုုန်တိုုင်း အိုုးအိမ်ရုံုးမှာပဲ သွားပြီးစုံုစမ်းကြတယ်။ အဲဒီရုံုးက သက်ဆိုုင်ရာမြို.နယ် တာဝန်ခံက ရှင်းပြပေးပါတယ်။
အခုုတော့ မြို.သစ်မြေကွက်ပါမစ်တွေကိုု အိုုးအိမ်ကနေ မြို.တော်စည်ပင်မြေယာဌာနကိုု လွဲှပြောင်းနေပြီးလိုု. သိရတယ်။
ဒီတော့ အကောင်းဆုံုး အကြံပြုချင်တာကတော့ ရန်ကုုန်မြို.တော် စည်ပင်သာယာရေး ကော်မတီ၊ မြို.ပြစီမံကိန်းနှင့် မြေစီမံခန်.ခွဲမှုုဌာနက လက်ခံဆောင်ပေးနေတဲ့ လိုုအပ်မယ့် အချက်အလက်တွေကိုု ပြောပြလိုုက်မယ်လေ။
ပထမဆုံုး မြေချပါမစ်အမည်ပေါက် ဦးရွှေကျော်ကိုု ပြန်ရှာရမယ်။ ဦးရွှေကျော်ကိုု တွေ.ခဲ့ရင် ဦးရွှေကျော် ကိုုယ်တိုုင် မြေချပါမစ်ပျောက်ဆုံုးသွားကြောင်း တောင်ဒဂုံုက မိမိမြေကွက်ရှိတဲ့ ရပ်ကွက်ရုံုးက ရပ်ကွက်အုုပ်ချုပ်ရေးမှူးထံမှာ ထောက်ခံချက် သွားယူရမယ်။ အဲဒီမြေချပါမစ် ပျောက်ဆုံုးကြောင်း ထောက်ခံချက်ကိုုတင်ပြပြီး သက်ဆိုုင်ရာမြို.နယ် ရဲစခန်းက ထပ်ဆင့်ထောက်ခံချက်ယူရမယ်။
အဲဒီထောက်ခံချက် (၂) ခုုရရင် အိမ်အပြောင်းအရွှေ. ပြုလုုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံုးသွားကြောင်း ပါမစ်အမည်ပေါက် ဦးရွှေကျော်က တရားရုံုးမှာ ကျမ်းကျိန်ရမယ်။ အဲဒီ (၃) မျိုးစုံုရန်တော့ ဦးရွှေကျော်ရဲ. နိုုင်ငံသားကတ်ပြားမူရင်းနဲ. မိတ္တူ (၁) စုံုစီယူဆောင်ပြီး ရန်ကုုန်မြို.တော်ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ လျှောက်လွှာဝယ်ပြီး ပါမစ်ပျောက်လိုု. ဂရန်အသစ်မြေဌားစာချုပ် ထုုတ်ပေးပါရန် လျှောက်ထားရမယ်။ မြေယာဌာနက ညွှန်ပြတဲ့အတိုုင်း သတင်းစာမှာ ကန်.ကွက်ရန်ရှိ/မရှိ ကြော်ငြာရမယ် လျှောက်ထားတဲ့မြေကွက် ကွင်းဆင်း စစ်ဆေးလိမ့်မယ်။
အဲ…တစ်ခုုတော့ ကြိုပြီးပြောထားရဦးမယ်။ ဂရန်သစ်မလျှောက်မီကတည်းက ကိုုယ်ရထားတဲ့ မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ ကိုုယ်တိုုင် နေရမယ်။ မြေကွက်မှာလာပြီး ကွင်းဆင်းစစ်ဆေးတဲ့ မြေတိုုင်းတာဝန်ခံနဲ. မြေကွက်လျှောက်သူကိုုယ်တိုုင် ကိုုယ့်မြေကွက် ကိုုယ့်အိမ်ရှေ.မှာ နှစ်ယောက်တွဲပြီးရိုုက်ထားတဲ့ဓာတ်ပုံုကိုု မြေယာဌာနမှာ တင်ပြရမယ်။
အဲဒီလိုု အချက်အလက်တွေစုံုပြီးရင် မြေကွက်ရှိတဲ့ အုုပ်ချုပ်ရေးမှူးရုံုးနဲ. မြို.နယ်အုုပ်ချုပ်ရေးမှူးရုံုးတိုု.မှာ ဂရန်သစ်လျှောက်ထားမှုုနဲ. ပတ်သက်လိုု.ကန်.ကွက်နိုုင်ကြောင်း ကြော်ငြာရသေးတယ်။ သတင်းစာနဲ. အုုပ်ချုပ်ရေးမှူးရုံုးတွေမှာလည်း ကန်.ကွက်သူမရှိတော့ဘူးဆိုုရင်တော့ ဌာနက ဂရန်ထုုတ်ပေးနိုုင်ဖိုု.အတွက် အဆင့်ဆင့် ဆောက်ရွက်ပေးရတယ်။ ဂရန်အသစ်ထုုတ်ဖိုု. အကြောင်းကြားလာရင် (ပေ ၄၀ x ပေ ၆၀) မြေကွက်ဖိုုးငွေ ၄၈၀၀၀ိ/ (ကျပ်လေးသောင်းရှစ်ထောင်) ပေးသွင်းရတယ်။ ငွေသွင်းခွင့်ရရင်တော့ဂရန် မြေဌားစာချုပ်ကိုု မကြာခင် သွားရောက်ထုုတ်ယူလိုု.ရပြီးပေါ့။
ဂရန်သစ်ရလာရင် အမည်ပေါက် ဦးရွှေကျော် နာမည်နဲ.ထွက်လာမယ်။ ဦးရွှေကျော်နဲ. ကိုုအေးချမ်းမြေနဲ. အိမ် အရောင်းအဝယ် ကတိစာချုပ်ပါ ပြန်ဝယ်လိုုက်တဲ့ သဘောပေါ့။
ကိုုအေးချမ်း နာမည်ပြောင်းပြီးတဲ့အထိ ဂရန်လုုပ်မယ်ဆိုုရင် ငွေအကုုန်အကျများမယ်။ ဒီတော့ ဦးရွှေကျော်က ဦးအေးချမ်းကိုု အဆိုုပါမြေကွက်နဲ. ပတ်သက်ပြီး ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းခြင်းတိုု. ပြုလုုပ်နိုုင်တယ်ဆိုုတဲ့မှတ်ပုံုတင်အထူးကိုုယ်စားလှယ်လွှဲစာ လက်ခံယူထားလိုုက်ရင် အားလုံုးပိုုင်ဆိုုင်ခွင့်ရသွားပြီးပေါ့ကွာ ။
ကဲ… ရှင်းပြီးလားသူငယ်ချင်း ။
အေး… သဘောတော့ ပေါက်သွားပါပြီး။ ကိုုယ်မြေကွက်အဆုံုးရံှုုးမခံနိုုင်တော့ မင်းပြောတဲ့အတိုုင်း လုုပ်ရတော့မှာပေါ့ကွာ ။
Ref : Mg Kaung Phae Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ