By Kyi Soe (IC), Shweproperty.com
Updated at 30 November 2017
ပြောင်းလိုသူ၏ အမည်ဖြင့် ဝယ်ယူထားသော မှတ်ပုံတင်စာချုပ်လိုပါတယ်။
ဝယ်တာမဟုတ်လည်း အမွေရတာ၊ စွန့်လွှတ်တြာ၊ တရားရုံးက အနိုင်ပေးတာကစတဲ့ ခိုင်မာတဲ့ စာချုပ်စာတမ်း တင်ပြဖို့လိုပါတယ်။
လျှောက်ထားသူရဲ့ မှတ်ပုံတင်မိတ္တူ ပိုင်ဆိုင်ကြောင်းစာချုပ်နှင့် မြေခွန်ကြွေးကျန် ရှင်းလင်ကြောင်းတို့ တွဲတင်ရပါတယ်။
အားလုံးပြည့်စုံမှန်ကန်တယ်ဆိုရင် စည်ပင်သာယာရေးကော်မတီကပဲ အမည်ပြောင်းလဲခွင့် အမိန့်ချမှာပါ။ (မူရင်း ဂရန်ပေါ်မှာ မင်နီနဲ့ အမည်ပြောင်းပေးလေ့ ရှိပါတယ်)
ရန်ကုန်မြို့တော် စည်ပင်သာယာ၏ အမိန့်-၃/၂၀၀၁-အပိုဒ်-၄(င)၏ လုပ်ပိုင်ခွင့်များအရ "ဂရန်မြေ ပိုင်ဆိုင်ခွင့် အမည်" လွဲပြောင်းပေးခြင်းသာ ဖြစ်ပါတယ်။
လျှောက်ထားသူ၏ ID မိတ္တူ ပိုင်ဆိုင်ကြောင်း အထောက်အထားစာချုပ် မူရင်းများ နှင့် မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်း လိုတာ (၃) ခုထဲပါ၊ သို့သော် ပိုင်ဆိုင်ကြောင်း စာချုပ်မူရင်းတွေကတော့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စနစ်တကျချုပ်ဆိုထားတဲ့ အမည်ပေါက်စာချုပ်ကလွဲရင် ဘာကိုမှ လက်မခံဘူးလို့သာ မှတ်ထားကြပါ။
တရားဝင် ရောင်းဝယ်၊ ပေးကမ်း၊ လွှဲပြောင်းတဲ့ စာချုပ်တစ်စောင်မှာ ကိုယ့်အမည်ပေါက်သာ "ဂရန်ပိုင်ဆိုင်ခွင့် အမည်"လွှဲပြောင်းလို့ရမှာပါ။
၁၉၈၇ မရွှ့ပစ္စည်းကန့်သတ် ဥပဒေနဲ့ ငြိစွန်းမှု ရှိ/ရှိမရှိ စစ်ဆေးနေပါတယ်။
အာလုံးပြည့်စုံ မှန်ကန်ပြီး သတင်းစာ ကန့်ကွက်သူ မရှိမှသာ ခွင့်ပြုပါသည်။
မူရင်းဂရန်တွှု်သာ အမည်ပြောင်းပေးသည်ကို တွေ့ဖူးပါသည်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ