By Shwe Mom, Shweproperty.com
Updated at 12 October 2016
ကမ္ဘာပေါ်မှာ လူတွေ ယခင်က နေထိုင်ခဲ့ပေမယ့် နောက်ပိုင်းအချိန်တွေမှာ စီးပွားရေး၊ လူမှုရေး၊ အသက်အိုးအိမ်လုံခြုံရေး စတဲ့ အကြောင်းပြ ချက်တွေကြောင့် ရေကြည်ရာ မြက်နုရှာရင်း စွန့်ခွာခဲ့တဲ့ မြို့တွေ ရွာတွေဟာ ယခုအချိန်ထိ အထင် အရှား ရှိနေပါတယ်။ အဲဒီ မြို့တွေရွာတွေ ထဲမှာ ဘေးအန္တရာယ်ဆိုး၊ သဘာဝအန္တရာယ်ဆိုးတွေ ကျရောက်ပြီး လူတွေစွန့် ခွာခဲ့တဲ့၊ လက်ရှိအချိန်မှာ သရဲတွေနေထိုင်တဲ့မြို့တော် (Ghost Town) လို့ နာမည်ကြီးနေတဲ့ မြို့တော်ဟောင်း (၅) ခု အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်........
(၁) Pripyat, Ukraine
ယူကရိန်းနိုင်ငံမှာရှိတဲ့ Pripyat မြို့ဟောင်းဟာ လူတွေ စွန့်ခွာခဲ့ရာ မြို့တစ်ခု ဖြစ်ပါတယ်။ ကာလအားဖြင့်တော့ သိပ်မ ကြာသေးပါဘူး။ 1986 ခုနှစ် ဧပြီလ 26 ရက်နေ့ မနက် 1.23 နာရီအချိန်မှာ ဆိုဗီယက်နိုင်ငံ(ရုရှ)ဘက်ခြမ်းမှာရှိတဲ့ နြူ ကလီးယား စက်ရုံ Chernobyl Nuclear Power Plant ဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (18)မိုင်အကွာမှာရှိတဲ့ အနီးစပ်ဆုံး နယ်စပ်မြို့ Pripyat အထိ မီးတွေကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ စာရင်းဇယားအရ လူပေါင်း ရာချီသေဆုံးခဲ့တယ် ဆိုပေ မယ့် ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။ မြို့နေလူပေါင်း 49000 လည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ယခုအ ချိန်ထိ အဲဒီနေရာတွေကို လူတွေမသွားရဲသေးဘဲ မကျွတ်လွတ်သေးတဲ့ ဝိဉာဉ်တွေ ရှိတယ်လို့ ယုံကြည်ကြပါတယ်။
(၂) Oradour-sur-Glane, France
ပြင်သစ်မှာ ရှိတဲ့ Oradour-sur-Glane ရွာကတော့ ဒုတိယကမ္ဘာစစ်ကြီး အတောအတွင်း 1944 ခုနှစ် ဇွန်လ 10 ရက်နေ့ မှာ Nazi Waffen SS တပ်ဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး၊ ရွာသား 642 ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ ရသလိုပါတယ်။ အချို့ကတော့ သေနက်နဲ့ ပစ်သတ်ခံခဲ့ရပြီး မိန်းမနဲ့ ကလေးတွေကိုတော့ အိမ်ထဲမှာ ပိတ်ကာ မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။ အသက်စွန့်ပြီး ကိုယ်လွတ်ရုန်းပြေးသူ အချို့သာ လွှတ်မြောက်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ အဲဒီ Glane ရွာကို ပြတိုက်သဘောမျိုး ဖွင့်ထားတာဖြစ်ပေမယ့် သရဲတွေကြောင့် အဖော်မပါဘဲ မသွားရဲကြပါဘူးတဲ့။
(၃) Hashima Island, Japan
Hashima ကျွန်းဟာ 1877 ခုနှစ်ကစပြီး လူနေထူထပ်ခဲ့တဲ့ ကျွန်းဖြစ်ပါတယ်။ အကြောင်းကတော့ ဂျပန်တွေရဲ့ သတ္တုတူး ဖော်ရေး မိုင်းတွင်းတွေ ရှိရာကျွန်းဖြစ်လို့ပါ။ ဂျပန်တွေဟာ ဖက်ဆစ်အင်ပါယာ တန်ခိုးထွားချိန်မှာ အာရှတစ်ခွင်ကို အနိုင် ကျ အုပ်စိုးခဲ့ပါတယ်။ အဲဒီ သတ္တုတွင်းတွေမှာ လိုအပ်တဲ့ လုပ်သားတွေကို စစ်အတွင်း ဖမ်းဆီးမိတဲ့ သုံ့ပန်းတွေကို အစာ အနည်းငယ်သာ ထောက်ပံ့ပြီး မညှာမတာ ခိုင်းစေခဲ့ပါတယ်။ စာရင်းဇယားအရ ကိုးရီးယားနဲ့ တရုတ်လုပ်သားပေါင်း 5200 ရှိခဲ့ပြီး အလုပ်ခွင်အတွင်း သေဆုံးသူများကိုလည်း ဖြစ်သလို သင်္ဂြီုဟ်ခဲ့တယ်လို့ သိရပါတယ်။ 1974 ခုနှစ်မှာ မိုင်း တွင်းတွေ ပိတ်သိမ်းခဲ့ပြီးနောက်ပိုင်း အဲဒီကျွန်းပေါ်မှာ လူတွေ မနေတော့ဘဲ ရံခါ တံငါလှေငယ်လေးတွေ ရာသီဥတု ကြောင့် ကပ်နားခဲ့ပေမယ့် သရဲတစ္တေတွေကြောင့် ဘယ်သူမှ ကြာကြာမနေရဲဘူးလို့ ဆိုပါတယ်။ 2012 ခုနှစ်မှာတော့ ဂျိမ်း ဘွန်းရဲ့ Sky Fall ဇာတ်ကားကို အဲဒီကျွန်းမှာ ရိုက်ကူးခဲ့ပါတယ်။
(၄) Varosha, Cyprus
ဆိုက်ပရပ်စ်နိုင်ငံရဲ့ ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့ Varosha အပန်းဖြေစခန်းဟာ 1970 ခုနှစ်များဆီက နိုင်ငံအတွက် ဘဏ္ဍာငွေ အများဆုံး ရှာပေးရာ ကမ်းခြေဖြစ်ပါတယ်။ 1974 ခုနှစ်မှာ တူရီကီတွေရဲ့ ကျူးကျော်ခြင်းကို ခံခဲ့ရပြီး စစ် လမ်းကြောင်ပေါ်မှာရှိနေတဲ့ Varosha နေ လူတွေဟာလည်း မနေရဲဘဲ လူပေါင်း 15000 လောက် အိုးအိမ်ကို စွန့်ခွာ ပြေးခဲ့ရပါတယ်။ ထင်မှတ်ထားသလိုပဲ အဲဒီမှာ ကျန်ရစ်ခဲ့တဲ့ လူတွေအားလုံးနီးပါ တူရကီရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရ ပြီး ဝိဉာဉ်တွေ မကျွန်လွတ်သေးဘူးလို့ ယူဆခဲ့ကြပါတယ်။
(၅) Bodie, California
အမေရိကန် ကယ်လီဖိုးနီးယားမှာရှိတဲ့ Bodie မြို့ပျက်ဟာ 1876 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ရွှေသတ္တု တူးဖော်ရာ ဒေသဖြစ်လို့ အလွန်စည်ကားခဲ့ပါတယ်။ လူူပေါင်း တစ်သိန်းလောက် နေထိုင်ခဲ့ကြပြီး 1940 ခုနှစ် နောက်ပိုင်း အလွန်ရက်စက်တဲ့ ဆောင်းရာသီ နှင်းမုန်တိုင်းကြောင့် လူတွေ ထောင်ချီသေဆုံးခဲ့ရပါတယ်။ အဲဒီနောက် ရွှေလည်း အထွက်ပါးလာခဲ့လို့ လူတွေက အပြီးတိုင် စွန့်ခြင်းခံခဲ့ရပါတယ်။ အခုအချိန်မှာ အမေရိကန်ဟာ Bodie ကို ကမ္ဘာ့လှည့်ခရီးသွားများ အတွက် စွဲဆောင်ရာအဖြစ် အသုံးပြုထားပြီး မြို့ဟောင်းကို မပြင်မဆင်ပဲ ဒီအတိုင်း ထိန်းသိမ်း ထားပါတယ်။
Ref & Photo Credit : Shwemom
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ