By Myanmar Times, Shweproperty.com
Updated at 15 November 2017
အိမ်ခြံမြေရောင်းဝယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့ အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ လုပ်ဆောင်ရာမှာ နှစ်ဦးနှစ်ဖက် သတိထားသင့်၊ သိထားသင့်တဲ့ အချက်တွေ ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် တချို့က ပြောပါတယ်။
အိမ်ခြံမြေရောင်းဝယ်ရာမှာ တချို့ ဝယ်လက်တွေက အခွန်ရှောင်ချင်တဲ့အခါမှာ အရောင်းအဝယ် စာချုပ်နဲ့ တစ်ခါတည်း လွှဲပြောင်း မချုပ်ဆိုကြဘဲ ဒီလို အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေ၊ အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့သာ အလုပ်လုပ်ထားကြလေ့ ရှိပါ တယ်။ အခွန်ရှောင်ချင်တဲ့ အတွက် ဒီလို အလွယ်တကူ လုပ်ထားပေမဲ့ တကယ်တမ်း မှာ သိထားရမယ့် အရေးကြီးတဲ့ အချက်တွေ ရှိနေကြောင်း အတွေ့အကြုံရင့်ကျက်တဲ့ အကျိုးဆောင် တချို့က ပြောပါတယ်။ အထူး ကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ်လွှဲစာတွေ လုပ်ဆောင်ရာမှာ အကြီးအကဲ (လွှဲပေးတဲ့သူ၊ တစ်နည်းအားဖြင့် ရောင်းချသူပိုင်ရှင်) ဟာသဆုံးခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်သွားခြင်းကြောင့် ဖြစ်စေ၊ ထောင်နှစ်ရှည်ကျလျှင်ဖြစ်စေ၊ ကြွေးမြီမှ ကင်းလွတ်စေရန် အတည်ဖြစ်လျက် ရှိတဲ့ ဥပဒေတစ်ရပ်ရပ်အရ ကြွေးမဆပ်နိုင်တဲ့ လူမွဲစာရင်းဖြစ်ကြောင်း စီရင် ဆုံးဖြတ်ခြင်းခံ ရခြင်းကြောင့်ဖြစ်စေ၊ ဒီလိုအကြောင်းတရား တွေကြောင့် အထူးကိုယ်စားလှယ် လွှဲစာ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေဟာ ဆုံးခန်းတိုင်ပြီး ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ ဒီအချက်တွေကို ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀၁ မှာ အတိအလင်း ဖော်ပြထားကြောင်းလည်း အိမ်ခြံမြေလော ကမှာ နှစ်ပေါင်း ၃၀ နီးပါး အတွေ့အကြုံရှိထားတဲ့ ကြည်စိုး (IC) က ပြောပါတယ်။
ဒီလို ကိုယ်စားလှယ်လွှဲစာတွေ ပျက်ပြယ် ရတဲ့ အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်း တွေထဲက တစ်ခုကို ဥပမာပြရရင် လူတစ် ယောက်က အိမ်မြေပိုင်ရှင်တစ်ယောက်ဆီက သိန်း ၁၀၀ တန် အိမ်မြေကို အထူးကိုယ်စား လှယ်လွှဲစာနဲ့ စာချုပ်ချုပ်ပြီး ငွေချေလိုက်ပါ တယ်။ နောက်တစ်နေ့မှာ အဲဒီရောင်းချလိုက်တဲ့ ပိုင်ရှင်က သေဆုံးသွားခဲ့တယ်ဆိုရင် အဲဒီ အထူးကိုယ်စားလှယ်လွှဲစာက အကျုံးမဝင် တော့ဘဲ ပျက်ပြယ်သွားမှာ မျိုးဖြစ်ပါတယ်။
ဒါ့ပြင် ဒီကိုယ်စားလှယ်လွှဲစာတွေကို စနစ် တကျနဲ့ ပြန်ရုပ်သိမ်းနိုင်ရင်လည်း ပျက်ပြယ်သလို ကိုယ်စားလှယ် (ပိုင်ရှင်)က ကိုယ်စားလှယ် လုပ်ငန်းကို ဆောင်ရွက်ရန် ငြင်းပယ်ခြင်းကြောင့်ဖြစ်စေ၊ ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်းကြောင့် ဖြစ်စေလည်း ပျက်ပြယ်ပါတယ်။ ဒီကိုယ်စားလှယ်လွှဲ စာတွေမှာ သက်တမ်းမရှိသလို စိတ်ပေါ့သွပ်နေသူနဲ့ အသက် ၁၈ နှစ်အောက်က လွဲပြီး စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကာ ကြိုက်တဲ့ သူကို လွှဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိုယ်စားလှယ်လွှဲစာတွေဟာ လွှဲတဲ့သူရော၊ အလွှဲခံတဲ့သူပါ သတိထားကြ ရမှာ ဖြစ်ပါတယ်။ အထူးကိုယ်စားလှယ် လွှဲစာနဲ့ အထွေထွေ ကိုယ်စားလှယ်လွှဲစာမှာ အထွေ ထွေကိုယ်စားလှယ်လွှဲစာဟာ အကန့်အသတ်မရှိ ပါဝါပေးတာဖြစ်ပြီး အလွှဲခံရသူ လုပ်သမျှ၊ ဖြစ်သမျှ ပြဿနာကို မူလပိုင်ရှင်ဟာ ရှောင်လို့မရတာကြောင့် ပေါ့ပေါ့ဆဆ မလုပ်သင့် ဘူးလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
အခုလိုအချိန်အခါမှာ အိမ်ခြံမြေ ရောင်း ဝယ်ရာမှာ ကျင့်သုံးရမယ့် အခွန်စနစ်ဟာ ဝယ်လက်တွေအတွက် ခေါင်းခဲစရာ ဖြစ်နေပါ တယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာတွေကို ပိုအာရုံကျနေကြဖွယ်ရှိလို့ သတိထားသင့်တဲ့ အချက်တွေကို သိထားပြီးမှ အလုပ်လုပ်သင့် ကြောင်း အကျိုးဆောင် တချို့က အကြံပြု ပါတယ်။
Posted By : Wai Phyoe
Ref & Photo Credit : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ