By Kyi Soe (IC), Shweproperty.com
Updated at 14 November 2017
၁၈၅၃ ခုနှစ်လောက်ကစပြီး၊ အင်္ဂလိပ်အစိုးရက လူနေဖို.ဆိုပြီး သူဌေးတွေကိုရောင်းခဲ့တာကစပါတယ်။ Free Hold Land လို.ခေါ်ပါတယ်။
လူကြိုက်သိပ်များခဲ့ကြပါတယ်။ ဈေးလည်းကြီးပါတယ်။
ဒါပေမဲ့ ယခုခေတ် ဥပဒေတွေမှာတော့ “ဘိုးဘွားပိုင်မြေ” အတွက် သီးခြားဖော်ပြထားတာ မတွေ.ရတော့ပါဘူး။ တဖြေးဖြေးနဲ. “ဂရန်မြေ” တွေဖြစ်ကုန်မှာပါ။
နောင်တစ်ချိန်မှာတော့ လူနေမြေအားလုံးဟာ ဂရန်မြေတွေချည်း ဖြစ်ကုန်ကြရမှာပါ။
(၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ.စည်းပုံ အခြေခံ ဥပဒေအပိုဒ် ၃၇အရ ပြောတာပါ။)
ဥပဒေနဲ. နည်းနည်းနီးစပ်အောင်ပြောရရင် “လယ်ယာမြေ” ရယ် “မြို.မြေ” ရယ်ရှိပါတယ်။ မြေအားလုံးကတော့ နိုင်ငံတော်ပိုင်တွေသာ ဖြစ်ကြပါတယ်။
ရွာမြေ၊ မြို.မြေတွေကတော့ “လူနေမြေ” တွေပါ။ လူနေမြေမှန်လျှင် စလစ်၊ ပါမစ်နဲ. ဂရန်တို.သာ ဖြစ်ကြရမှာပါ။ ဒါတွေကလည်း စည်ပင်ရဲ. လုပ်ပိုင်ခွင့်များအတွင်းမှာသာရှိပါတယ်။(၃/၂၀၀၁)
မြေယာဥပဒေတွေထဲမှာ ဘိုးဘွားပိုင်ဆိုတဲ့ အခေါ်အဝေါ်မတွေ.မိတော့ပါဘူး။ တစ်ခါတစ်ရံ တွေ.မိတာက “ဂရန်ရှိဘိုးဘွားပိုင်” တဲ့။ ဒီမြေအမျိုးအစားက ရှင်းပါတယ်။ ဘိုးဘွားပိုင်ကနေ ဂရန်လျှောက်ယူတဲ့မြေတွေပေါ့။
ကျွန်တော့်မိတ်ဆွေတစ်ဦးကို ၁၉၉၀ ခုနှစ်တုန်းက ပြည်လမ်း (၉)မိုင်မှာ မြေတစ်မတ် (၁/၄ ဧကခန်.)ဝယ်ပေးခဲ့ဘူးပါတယ်။ ဘိုးဘွားပိုင်တဲ့ ၃(B) ကင်းလွတ်လက်မှတ်လည်း ရပြီးသားမြေကွက်ပါ၊ အကြောင်းကြောင့် ၂၀၁၅မှာ ကျွန်တော့်ကိုရောင်းပေးဖို. လာပြောပါတယ်။ “ဂရံစာရွက် မိတ္တူ” လဲပြတယ်။ ဈေးလည်း ပြောပါတယ်။ ပြီးတော့ “ကိုကြည်စိုးရေ ကျွန်တော်တို.မြေတွေက အရင်လို မဟုတ်တော့ဘူး ခိုင်မာသွားပြီဗျ” လို.လည်း ပြောသေးတယ်။ ကျွန်တော်ဘယ်လို နားလည်ရမှာပါလဲ။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ