By Kyi Soe (IC), Shweproperty.com
Updated at 23 December 2018
အဆင့်(၁၀)ဆင့် လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။
ဤ(၁၀)အဆင့်ကို (၁)ဆင့်မျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာပါလိမ့်မည်။ (အတွေ.အကြုံကိုရေးတာပါ။)
အရောင်းအဝယ်စရန်ကြီး (စရန်ငွေ) မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။
၁. ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။
၂. စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ.ရမှသာလျှင် စရန်ချပါ။
၃.စရန်ချပြီးသည်နှင့်တပြိုင်နက ်နိုင်ငံပိုင်သတင်းစာတွင် ကန်.ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။
၄. (၄)မျိုးရမှငွေပြေချေပါ။
(၁)အရောင်းအဝယ်ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင်
(၂)မူရင်းဂရန် အမည်ပေါက်ထံမှ SP
(၃)မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။
(၄)မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။
ဝယ်ယူပြီးနောက် ၃-ဆင့်။
၁. တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်စောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်”တင်ပါ။
၂.”ရာဖြတ်”၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း”နှင့် “မှတ်ပုံတင်ကြေး”တို.ဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။
၃.အားလုံးပြီးမှ မြို.တော်စည်ပင်တွင် “ဂရန်”နှင့် “မြေကွက်” အမည်ပြောင်းပါ။
Ref : Kyi Soe (IC)
Photo Credit : Google
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ