By Daily Hot News, Shweproperty.com
Updated at 14 January 2019
သစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့ အရာပါ။ သဘာဝရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ပတ်ဝန်းကျင် ခြံထဲ၊အိမ်မှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။
ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိအိမ်၊ခြံထဲမှာ မစိုက်အပ်၊ မရှိသင့်တဲ့ အပင်တချို့ ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူတွေ ခေတ်မမီတော့ ဘူးလို့ဘဲဆိုဆို၊ ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့ စကားဘဲပြောပြော ဗဟုသုတအဖြစ်နဲ့ပဲဖြစ်ဖြစ် သိရအောင် အိမ်နဲ့ပက်သက်တဲ့ ရှေးမြန်မာ အယူတချို့ကို ဖော်ပြပေးလိုက်ပါတယ် … ။
အိမ်ပတ်ဝန်းကျင်တွင် မစိုက်အပ်သော အပင်များ
– အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။
– အနောက်ဘက်တွင် လက်ပံပင်၊ ထိန်ပင်၊
– တောင်ဘက်တွင် သျှစ်သျှားပင်၊ ဖီးခြမ်းငှက်ပျော၊ သင်္ဘောပင်များ၊
– မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင်နှင့် သျှစ်သျှားပင် ..
အဆိုပါအပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယ ထူပြောမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ ခုတ်ပစ်သင့်ပါသည်။
အိမ်ဆောက်ရက် ရွေးနည်း
တနင်္ဂနွေ – ဒုက္ခဆင်းရဲ ရောက်တတ်သည်။
တနလာၤ — နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ – ဆန်ရေစပါး ပေါများကြွယ်ဝမည်။
ဗုဒ္ဓဟူး၊ စနေ – သုခချမ်းသာရမည်။
ကြာသာပတေး – ချမ်းသာကြွယ်ဝမည်။
သောကြာ – သုံးလကြာလျှင် သုခပွားမည်။
အိမ်ဆောက်လ ရွေးနည်း
တန်ခူးလ– ချမ်းသာကြွယ်ဝမည်။
ကဆုန်လ — ဆန်ရေစပါး ပေါကြွယ်ဝမည်။
ဝါခေါင်လ — ဥစ္စာတိုးပွားမည်။
နတ်တော်လ — ထင်ပေါ်ကျော်စောမည်။
ပြာသိုလ — လူအများချီးမွမ်းမှုရမည်။
တပေါင်းလ — ချမ်းသာကြွယ်ဝမည်။
ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်။
ယနေ့ခေတ်မှာ အိမ်ကို သစ်သားအခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာအိမ်တစ်အိမ်ရဲ့ အဓိကပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာလူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကို အလွန်စိစစ်ပါတယ်။ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။
Ref & Photo Credit : Daily Hot News
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ