By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 30 May 2018
ကျန်းမာရေးနဲ့ ညီညွတ်ပြီး နေချင့်စဖွယ်ကောင်းအောင် တည်ဆောက်ထားတဲ့ အိမ်လေးတစ်လုံးမှာ မိသားစုတွေနဲ့ အတူတကွ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခွင့်ရတယ်ဆိုတာ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ရရှိသလိုပါ။ဒီလို ကောင်းမွန်တဲ့ အိမ်မှာ မိသားစု စုံစုံလင်လင်နဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ပြုလုပ်ပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
မီးဖိုချောင်ကို ကျန်းမာရေးနဲ့ညီညွတ်အောင်
နေ့စဉ် ရေသောက်ဖို့ မမေ့အောင် ရေဘူးကို သင်မျက်စိနဲ့ အလွယ်တကူမြင်နိုင်ပြီး သောက်သုံးဖို့ လွယ်ကူလောက်တဲ့ နေရာမှာထားပါ။မီးဖိုချောင်ထဲမှာ စားပွဲတွေ ခုံတွေကို အများကြီး မထားမိပါစေနဲ့။ အစားအစာစားဖို့ ပြင်ဆင်နေချိန်မှာ တစ်ချိန်လုံးမထိုင်မိစေဖို့ သတိရပါ။မီးဖိုချောင်ထဲမှာ အရက်၊ဝိုင်ကို မသိမ်းထားမိစေပါနဲ့။သိမ်းထားမယ် ဆိုရင်လည်း အလွယ်တကူမမြင်နိုင်တဲ့ နေရာမှာထားပါ။ ထမင်း၊ဟင်းထည့်တဲ့ အခါမှာ ပန်းကန်ခွဲထည့်ပါ။ တစ်ပန်းကန်ထဲမှာ ထမင်းရော ဟင်းရော စုပြုံထည့်ပြီး စားသုံးခြင်းက သင့်ကို အများအပြား စားသုံးစေမိပြီး ကြာလာရင် ဝိတ်တက်လာနိုင်စေပါတယ်။
အလွယ်တကူ အလင်းဝင်ရောက်နိုင်မယ့် ခန်းဆီးမျိုးကို သုံးပါ။
သင် မနက်စောစော အိပ်ယာထပါသလား?ဒါမှမဟုတ် နေအလင်းရောင်မဝင်နိုင်အောင် သင့် အိမ်က ပြတင်းပေါက်တွေကို အလင်းမဖောက်နိုင်တဲ့ ခန်းဆီးတွေနဲ့ ကာရံထားပါသလား? သဘာဝအလင်းရောင်က အိပ်ရာဝင်ခြင်း၊ အိပ်ယာနိုးထခြင်းတို့နဲ့ ပတ်သတ်တဲ့ ကိုယ်ခံအားစနစ်ကို ထိန်းချုပ်နိုင်ပါတယ်။ အိပ်ရာစောစောထခြင်းအားဖြင့် ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ကြည်လင်ကာ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်တယ်လို့ သုတေသနတွေအရသိရပါတယ်။ဒါ့ကြောင့် သင့်အိမ်က ခန်းဆီးတွေကို အလင်းရောင် အလွယ်တကူဝင်ရောက်နိုင်တဲ့ ခန်းဆီးမျိုးအသုံးပြုဖို့ တိုက်တွန်းလိုက်ပါရစေ။
အိပ်ခန်းနံရံတွေကို ဆေးသုတ်ပါ။
အိပ်ခန်းနံရံအရောင်တွေက သင့်ရဲ့ အိပ်ချိန်၊စားသောက်တဲ့အလေ့အကျင့်နဲ့ စိတ်အခြေအနေတွေကို အကျိုးသက်ရောက်စေပါတယ်။Pantone Color Institute ရဲ့ လေ့လာချက်တွေအရ အနီရောင်ဟာ သွေးခုန်နှုန်းကို မြန်စေအောင် လှုံ့ဆော်ပေးနိုင်ပြီး အစားမြန်မြန် စားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။အပြာရောင်နဲ့အစိမ်းရောင် ရောနှောထားတဲ့ အရောင်တွေက အသက်ရှုနှုန်းနဲ့ နှလုံးခုန်နှုန်းကို နှေးစေပါတယ်။ဒီ စိတ်ငြိမ်စေတဲ့ အရောင်တွေကို စိတ်ဖိစီးမှုရှိတတ်တဲ့ သူတွေနဲ့ စိတ်ဆတ်တတ်တဲ့ ဆယ်ကျော်သက်တွေရဲ့ အိပ်ခန်းနံရံမှာ ဆေးသုတ်ပေးမယ်ဆိုရင် ကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။အပြာနုရောင်ဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ပေးစွမ်းနိုင်တာကြောင့် ညဘက်အိပ်ပျော်ဖို့ ခက်ခဲတဲ့ သူတွေရဲ့ အိပ်ခန်းနံရံကို အပြာနုရောင်သုတ်ပေးမယ်ဆိုရင် အလွယ်တကူအိပ်ပျော်စေမှာပါ။
သန့်ရှင်းလတ်ဆတ်တဲ့ လေရရှိအောင်
လေ့လာချက်တွေအရ အိမ်ထဲကလေတွေက အပြင်ကလေတွေထက် ၁၂ဆ ပိုပြီး ညစ်ညမ်းမှုရှိတယ်လို့ သိရပါတယ်။အိမ်သုတ်ဆေး၊ပရိဘောဂပစ္စည်းတွေ၊ အဝတ်အစားတွေ နဲ့ အိမ်ဆောက်ပစ္စည်းတွေကြောင့် အိမ်ထဲမှာ မသန့်ရှင်းတဲ့ လေတွေရှိနေနိုင်ပါတယ်။ဒါပေမဲ့ အိမ်ထဲမှာ သစ်ပင်လေးတွေ စိုက်ပျိုးထားမယ် ဆိုရင် သစ်ပင်တွေက အိမ်တွင်းက ကာဗွန်ဒိုုင်အောက်ဆိုဒ်ကို စုပ်ယူပြီး သန့်ရှင်းတဲ့ အောက်စီဂျင်ကို ပြန်လည် ထုတ်လွှတ်ပေးတာကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရရှိနိုင်ပါတယ်။ကဲ ဒီလို အပင်လေးတွေ စိုက်ပျိုးခြင်းအားဖြင့် အိမ်အလှဆင်နိုင်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေကို ရရှိနိုင်ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Kerleyfamilyhomes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ