By Manawmaya Journal, Shweproperty.com
Updated at 14 February 2020
မိသားစုကိစ္စ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေးကိစ္စအဖြာဖြာတို့၌ မရှိလို့ ခက်ခြင်းထက် မသိ၍ ခက်ခြင်းက ပို၍ အရေးကြီးပါလိမ့်မည်။မိသားစုကိစ္စများဆိုလျှင်လည်း ကိုယ့်အိမ် တွင်းရေး၊ ကိုယ့်စီးပွားရေး အဆင်မပြေသည်နှင့် မိမိတို့၏ ဟာကွက်ပြစ်ချက်များကို မဆန်းစစ်ဘဲ ဘေးပတ်ဝန်းကျင်ကို လက်ညှိုးထိုးလေ့ရှိကြတော့သည်။
မျက်နှာချင်းဆိုင်အိမ်ကြောင့်လား၊ မျက်စောင်း ထိုးက အိမ်ကြောင့်လား အထင်လွဲမှားခြင်းတွေ ပေါ် ပေါက်လာတတ်လေတော့သည်။ထိုမှသည် ဗေဒင်ဆရာတွေ၊ လောကီဆရာ တွေထံသို့လည်း ရောက်လာတတ်ပြန်လေသည်။ နည်းမှန်လမ်းမှန် စေတနာမှန်သော လောကီပညာ ရှင်နှင့် တွေ့လျှင်တော့ ကိစ္စမရှိ။ အတုအလိမ်နှင့် တွေ့လျှင်ကား ကျားကို ကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဆိုသော အဖြစ်မျိုး ကြုံရ တတ်ပေတော့သည်။
အချို့သော မိမိတို့၏အခက်အခဲများမှာ မိမိတို့ကြောင့်သာလျှင်ဖြစ်ကြောင်း သတိပြုမိစေလို၍ ဤစာကို ရေးလိုက်ပါသည်။
- မိမိတို့၏ အိမ်မှ၊ ဆိုင်မှ တိုင်ကပ်နာရီများ၊ စားပွဲတင်နာရီများပျက်နေ ရပ်နေလျှင် နိမိတ် မကောင်းပါ။
- မိမိ၏အိပ်ရာသည် ရှုပ်ပွေနေလျှင် နိမိတ် မကောင်းပါ။
- ရုပ်မြင်သံကြားကို အဝင်ပေါက်တည့်တည့် ဘက် လှည့်မထားသင့်ပါ။
- တရားခွေတွေချည်း ဆက် တိုက်ဖွင့်နေလျှင်တော့ ကိစ္စမရှိပါ။ အခြားသော အငို အယို အသတ်အဖြတ် ပုံရိပ်များက အဝင်ပေါက် ဘက်ကို လှည့်နေလျှင် လာဘ်တိတ်ပြီး မကောင်း တာတွေကို လက်ယပ်ခေါ်သလို ဖြစ်နေပေတော့ သည်။
- ညစာထမင်းစားပြီးနောက် ပန်းကန်ခွက် ယောက်များကို မနက်ကျမှ ဆေးမည်ဟု ဒီအတိုင်း ထားမည်ဆိုလျှင် နိမိတ်မကောင်းပါ။
- မီးဖိုချောင်းမှပစ္စည်းများသည် ဘုရားခန်းသို့ ရောက်နေလျှင် နိမိတ်မကောင်းပါ။
- ဘုရားခန်းမှပစ္စည်းများသည် မီးဖိုချောင်သို့ ရောက်နေလျှင် နိမိတ်မကောင်းပါ။
- အိမ်ထောင်ဦးစီး၏အဝတ်ပုဆိုးများဖြင့် ကြမ်း တိုက်ခြင်း၊ လက်သုတ်ခြင်းပြုလျှင် နိမိတ်မကောင်း ပါ။
- ရေပိုက်၊ ရေပိုက်ခေါင်းများမှ ရေများ ယိုနေ လျှင် နိမိတ်မကောင်းပါ။
သူများတကာကို အပြစ်မမြင်ခင် အဲဒါ အဲဒါလေးများကို သတိထားဆင်ခြင်ကြပါဦးဟု တိုက် တွန်းလိုက်ရပါသည်။
Ref : Manawmaya Journal
Photo Credit : Bnionline
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ