By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 5 June 2018
အခုခေတ်မှာ အိမ်ဝယ်မယ်ဆို ငွေအကြေပေးချေပြီး ဝယ်ယူစရာမလိုတော့ပါဘူး၊ လစဉ်ပုံမှန်ဝင်ငွေရှိသူတိုင်း အိမ်ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကို ဘဏ်တွေ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီးတော့ အိမ်အရစ်ကျဝယ်ယူနိုင်ဖို့ အိမ်ရာချေးငွေတွေ ပေးနေပါပြီ။ ဒီလို အရစ်ကျဝယ်ယူနိုင်ဖို့ ဘာတွေ သိထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ဘဏ် (သို့) ဆောက်လုပ်ရေး Developer !!!
အခုချိန်ှမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တော်တော်များများဟာ ဆောက်လုပ်ရေးကုမ္မဏီတွေ ချိတ်ဆက်ပြီး ဝယ်ယူသူတွေ အရစ်ကျဝယ်ယူနိုင်ဖို့ကို ဆောင်ရွက်နေကြပါတယ်။ ဘဏ်တစ်ခုနဲ့ တစ်ခု ရရှိနိုင်မယ့် အခွင့်အရေးချင်းမတူတာကြောင့် သင်နဲ့ ကိုက်ညီမှုရှိမယ့် ဘဏ်ကို ရွေးချယ်ပြီးမှ ဝယ်ယူပါ။ ဆောက်လုပ်ရေး Developer တွေကနေ တဆင့်လည်း တိုက်ရိုက်ဝယ်ယူနိုင်တဲ့ ပရောဂျက်တွေရှိတာကြောင့် နှစ်တိုတိုနဲ့ အရစ်ကျ ဝယ်ယူချင်သူတွေအနေနဲ့ အတိုးမဲ့၊အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ ပရောဂျက်တွေကို ရွေးချယ်ဝယ်ယူပါ။
လစဉ်ဝင်ငွေ !!!
သင်ဟာ အိမ်တစ်လုံးကို အရစ်ကျဝယ်ယူဖို့ မှန်းထားတယ်ဆိုရင် ပထမဦးဆုံး ချိန်ညှိရမှာကတော့ သင်လစဉ်ရရှိတဲ့ ပုံမှန်ဝင်ငွေ၊ ဒါမှမဟုပ် မိသားစုတစ်ခုလုံးရဲ့ တစ်လတာ ရရှိတဲ့ ဝင်ငွေကို မိသားစု တစ်လတာ သုံးစွဲဖို့ စရိတ်စက၊ အပိုစုဆောင်းငွေတွေကို ချန်လှန်ထားကာ လစဉ်အရစ်ကျပေးချေရမယ်ငွေနဲ့ ကိုယ်ရဲ့ ဝင်ငွေ ကိုက်ညီမှုရှိ၊မရှိကို အရင်စဉ်းစား ဆုံးဖြတ်ပါ။ ကိုယ့်ဝင်ငွေနဲ့ ကိုက်ညီမှုရှိမယ့် အသင့်တော်ဆုံး အိမ်ခန်းမျိုးကို ရွေးချယ်ပါ။
နှစ်ရှည်လား၊နှစ်တိုလား ???
ဘယ်လို အရစ်ကျပေးချေမှု နဲ့ ဝယ်ယူမှာလဲဆိုတာက အရေးကြီးပါတယ်၊ ဘယ်နှနှစ်အထိ အရစ်ကျပေးပြိး အိမ်ဝယ်မယ်ဆိုတဲ့ ရည်မှန်းချက် (Target) တစ်ခုထားသင့်ပါတယ်။ ဘဏ်နဲ့ ဝယ်ယူမယ်ဆိုရင် (၂၅)နှစ်အထိ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ဝယ်ယူမယ်ဆိုရင် အများဆုံး(၃)နှစ်အထိ နှစ်တို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာပါ။
ဘယ်မှာ ဝယ်ယူရမလဲ ???
ဒီအချက်အလက်တွေကို သိပြီဆိုရင်တော့ ဘယ်မှာ ဝယ်ရမှာလဲ၊ ဘယ်ကိုသွားဝယ်ရမလဲ စတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ အိမ်ရာချေးငွေ ရယူပြီး တစ်ခါတည်း ဝယ်ယူနိုင်မယ့် အိမ်ရာအရောင်းပြပွဲတွေမှာ ဝယ်ယူတာဟာ အကောင်းဆုံးပါ။ အိမ်ရာအရောင်းပြပွဲတွေမှာ ဝယ်ယူနိုင်ခြင်းရဲ့ အားသာချက်ကတော့ ကိုယ့်ရဲ့ ဝင်ငွေကို တခါတည်းတွက်ဆပြိး အကူအညီပေးမယ့် ဘဏ်ချေးငွေဆိုင်ရာ ဝန်ထမ်းတွေ အသင့်ရှိနေပြီး ကိုယ်နဲ့ ကိုက်ညီမယ့် ပရောဂျက်အစုံ၊နေရာအစုံက အိမ်ရာခြံမြေတွေ ကိုတစ်နေရာတည်းမှာ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
Written By : Hsu Myat May Zaw(ShweProperty.com)
Photo Credit : Investopedia
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ