By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 5 March 2018
လူတိုင်း အိမ်တိုင်း ဒီလိုနေ ဒီလိုလုပ်ရင် ဘုန်းကံနိမ့် လာဘ်တိတ်စေပြီး ဆိုးကျိုးများဖြစ်လာနိုင်လို့ သတိလေးနဲ့ ဆင်ချင်ကြဖို့ လိုပါတယ်။ ၁။ ဘုရားခန်းမှာ လင်မယားနှစ်ယောက်မအိပ်ရ။ ၂။ ယောကျၤား၏ညာဘက်တွင် မိန်းမ မအိပ်ရ။ ၃။ နံနက် ၄ခွဲမှ၆နာရီအတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီးလေးပါးသည်လူအများ၏ ကောင်းမှု မကောင်းမှုကိုကြည့်ရှုသောအချိန်ဖြစ်သည်။
ထိုအချိန်တွင် မေထုန်မီဝဲမှုကို အထူးရှောင်ကြဉ်ရမည် ၄။ မိမိအိပ်တဲ့ ခုတင်ထက် သို့မဟုတ် အိပ်ရာထက်မြင့်တဲ့ နေရာမှာ ထဘီတန်းမလုပ်ရ။ သား သမီး ခေါင်းရင်း မိဘခြေရင်းမှာ မနေရ မအိပ်ရ။ ၅။ မိမိရဲ့ အိပ်ရာခင်းနဲ့ ပုဆိုး၊ စောင်တွေကို မိမိအိပ်တဲ့ ခေါင်းအုံးပေါ်မှာ တင်မထားရ။ ၆။ မိမိနေထိုင်ရာထက်မြင့်တဲ့ နေရာမှာ ဖျာ၊ မွေ့ရာ ၊ စောင်တွေ လှမ်းခြင်းမလုပ်ရ။ ၇။ မိမိအိမ်ရှေ့အပေါက်ဝမှာ မေးကို လက်ထောက် ပြီးမထိုင်ရ မမှိုင်ရ။ ၈။ မိမိအိမ်ရှေ့တံခါးအပေါက်ဝမှာ ဆံပင်ဖားရားချပြီး သန်းဥ မဆွဲရ။ ၉။ မိမိအိမ်ရှေ့ တံခါးပေါက်ဝမှာ ကလေးတွေ မစင်မစွန့်ရ။ ၁၀။ မနက်အိပ်ယာထ မင်္ဂလာယူတဲ့ အချိန်မှာ အော်ဟစ်ဆဲရေးတိုင်းထွာခြင်းမလုပ်ရ။ ၁၁။ မနက်စောစောအိပ်ရာထ မျက်နှာသစ်ရာမှာ လည်ချောင်းထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာပြု၍ အော့….အော့….အော့ ဟု မလုပ်ရ။ ၁၂။ ကျွဲခတ်ထားတဲ့ အဝတ်၊ မီးလောင်ထားတဲ့အဝတ် လေပွေဖြင့်လွင့်ပါလာတဲ့ အဝတ်၊ ကြွက်ကိုက်ထားတဲ့အဝတ်တွေကို မဝတ်ကောင်း။
၁၃။ အိမ်ပေါ်မှာ လမ်းလျှောက်ရင် ခြေသံပြင်းပြင်း မလျှောက်ရ အိုးခွက် ပန်းကန် ပစ္စည်းတွေကို အသံမြည်အောင် ကြမ်းတမ်းစွာ မလုပ်ရ။ ၁၄။ ထမင်းစားရင် ထမင်းပန်းကန်တွေကို လှည့်ပြီး လှုပ်ပြီး မစားရ ငြိမ်သက်စွာ ညီညီညာညာ ထားပြီးမှစားရမယ်။ ထမင်းစားခုံကို လက်ထောက်ပြီးမစားရ။ ၁၅။ ထမင်းစားရင်သော် လည်းကောင်း အခြားအစားစာတွေ စားရင်သော်လည်းကောင်း ပါးစပ်မှ ပလပ်…ပလပ် မြည်အောင် ခွေးတွေ ထမင်းရည်သောက်သလို အသံမမြည်စေရ။ ၁၆။ လမ်းလျှောက်တဲ့အခါ..ထမင်းနဲ့အခြား အစားအသာက်တွေကို မစားရ။ ၁၇။ အိမ်ရှေ့ အပေါက်ဝကို ကျောခိုင်းပြီး မထိုင်ရ။ ၁၈။ နံနက်စောစောနဲ့ ညဘက်တွေမှာ လက်ဆစ် ခြေဆစ်တွေကို မချိုးရ။ ၁၉။ နံနက်စောစော နှင့် ညဘက်မှာ လေမချွန်ရ စတဲ့ အချက်တွေကို ရှောင်သင့်တယ် လို့ှရှေးလူကြီးတွေရဲ့ အဆိုရှိပါတယ်။ Written By : Shwe Kyaw (ShweProperty.com) Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ