By သန်းထွန်း (သမိုင်းပါမောက္ခ) ၊ မန္တလေး တက္ကသိုလ်, Shweproperty.com
Updated at 3 August 2019
အခုခေတ် မြန်မာတွေကတော့ ဒါတွေဟာ လောကီအယူအဆတွေပါ နိဗ္ဗာန်ရောက်ကြေင်း မဟုတ်ဘူးလို့ ပြောချင် ပြောနေပါ လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လိုက်နာရင် ကိုယ်အတွက်ကောင်းတာတွေ အများကြီးပါတယ်လို့ ယူဆနိုင်ပါတယ်။ အိမ်နှင့်ပတ်သက်တဲ့ ရှေးထုံးအစဉ်အလာများကို သိရှိ လေ့လာ မှတ်သားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်.........
၀၁ ။ အိမ်မှာလုံးစုံ ပတ်လည်အုံ ဆီဆုံမရှိကောင်း ။
၀၂ ။ ပဒိုင်း ၊ ခတ္တာ ၊ ပဲကြီးဝါ နီးစွာ မစိုက်ကောင်း ။
၀၃ ။ မျောက်နှင့် ဖရုံ နီးစိုက်တုံ ဖျင်းသုဉ် ပျက်တတ်ကြောင်း ၊
၀၄ ။ အိမ်ရှေ့မှာသာ နွားထားရာ မြန်စွာ ပျက်စီးကြောင်း ။
၀၅ ။ ထဘီ ၊ တဘက်လျှင် ပခုံးတင် ဆွဲငင် မရိုက်ကောင်း ။
၀၆ ။ သား ၊ မြေး တို့ကို သွေးသံယို မျက်လို မရိုက်ကောင်း ။
၀၇ ။ ချိုးကျိုးကျွဲ ၊ နွား ကန်ငြား ဆင် ၊ မြင်း စီးနင်ခြင်း ရှောင်ကွင်း မဝယ်ကောင်း ။
၀၈ ။ ချိုတည်လူးနွား အိမ်မှာထား ၊ စီးပွား ဆုတ်ယုတ်ကြောင်း ။
၀၉ ။ ရွာပြင် ၊ အိမ်ပြင် သေလေလျှင် ရွာအိမ်အတွင်း မသွင်းမယူရ ။
၁၀ ။ မသာပို့ရာ အလောင်းဟာ နောက်မှာထား၍ မပို့ကောင်း ။
၁၁ ။ မသာချသွား အိမ်ရှေ့ပါး ရပ်နား မပြုကောင်း ။
၁၂ ။ တံခွန်ကုက္ကား ၊ ကြက်လျှာများ စိုက်လွှား အိမမှာ မပြုနှင့် ။
၁၃ ။အိမ်ရှေ့ သမိုက် ထရံ၌ စိုက်၍လေးကို မထားနှင့် ။
၁၄ ။ စားဖွယ် သောက်ရံ ခွက်ပန်းကန် အသံမြည်အောင် မချနှင့် ။
၁၅ ။ ရေလဲမည်တွင် ထမီလျှင် အိမ်ရှေ့အပြင် မလှန်းနှင့် ။
၁၆ ။ခေါင်းလျှော်ပြီးလျှင် ထိုဆံပင် နေတွင် မလှန်းနှင့် ။
၁၇ ။ စားဖွယ်ပို့လာ ခွက်ယောက်မှာ ဆေးကာပြန်၍ မပေးနှင့် ။
၁၈ ။ ကိုယ်ဝန်ဆောင်မိန်းမ စားသမျှ ကိုယ်ကယူငင် မစားနှင့် ။
၁၉ ။ ကိုယ်ဝတ်တသွယ် သားသူငယ် ဓားဝယ် မမြှောက်နှင့် ။
၂၀ ။ အုပ်ဆောင်းပခြုပ် ဦးထုပ်တစ်ဖြာ ဆန်ကောမှာ ထေးဖာ မသုံးနှင့် ။
၂၁ ။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။
၂၂ ။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အကျၤ ီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။
၂၃ ။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။
၂၄ ။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။
၂၅ ။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာ မခိုသင့် ။
၂၆ ။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။
၂၇ ။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး ၃ ခုလုံး ကုန်းကွဝင်လို့ မလျှိုနှင့် ။
၂၈ ။ သားတစ်သီဖို့ မဲတံစို့ ထောင်လို့ မထားနှင့် ။
၂၉ ။ ခရီးရောက်ခါ အိပ်ရာထစ ဒေါသမျက်ပွား ဤသူများ စကားလိုရာ မမေးနှင့် ။
၃၀ ။ မသန့်ပြန့် တစ်ခန်း လမ်းလယ်တစ်ရပ် သူမြတ်နေရာ ဤ ၃ ဖြာ တက်ကာ မနေနှင့် ။
၃၁ ။ နှုတ်ပိုက်ရှိငြား မိန်းမများ သွား၍ မချီနှင့် ။
၃၂ ။ မိန်းမမွေးနေ့ သီတင်းနေ့ နေ့လယ်အခါ ဤ ၃ ဖြာ ကာမမြူးထူး မကျူးနှင့် ။
၃၃ ။လိုမရှိခါ အင်္ဂါမှန် (ကျောင်းကန်ဘုရား)သွားရင်း တစ်ထွေ သန္ဓေရင့်မာ ဤအခါ ကာမမြူးထူး မကျူးနှင့် ။
၃၄ ။ ဆရာမိဘ ကိစ္စတစ်ထွေ မီးနှင့်ရေ မထီလေးစား မပြုနှင့် ။
၃၅ ။ စလောင်းတစ်တန် ပန်ကန်တစ်သီး ဤမြေကြီး ခတ်တီး မပြုနှင့် ။
၃၆ ။ ထမင်းဟင်းအိုး မွှေထိုးယောက်မ လက်ကိုင်က မီးမှာ ပြန်ကာ မထိုးနှင့် ။
၃၇ ။ မီးမတောက်လျှင် စားဖိုခွင် ပြိုင်ယှဉ် နှစ်ယောက် မမှုတ်နှင့် ။
၃၈ ။ ခေါင်းပေါင်းတစ်မျိုး ပုဆိုးတဘက် သစ်ရွက်နားပန် ဆံပင်တစ်လက် ဤ ၄ ရပ် ဖြတ်တိ မပြုနှင့် ။
၃၉ ။ လက်ဆုံစားလူ အိမ်နေသူ ကိုယ်မူ နှုတ်ပိုက်ရှိ ဆင်၊မြင်း၊ကျွဲ၊နွား စသည်များ ဝယ်မှားဘေးဒဏ်ထိ ။
၄၀ ။ အဦးသီးသစ်ဦး ဖလမိန်းမ မဆွတ်ကောင်း ၊ မိန်းမဆွတ်ငြား သစ်သီးများ ပျက်ပြားသိမ်ဖျင်းကြောင်း ။
၄၁ ။ သန္ဓေရင့်မာ မိတ်သဟာ မင်္ဂလာလက်ဖွဲ့ မပြုနှင့် ။
Posted By : Wai Phyoe
Written By : သန်းထွန်း (သမိုင်းပါမောက္ခ) ၊ မန္တလေး တက္ကသိုလ်
Photo Credit : Social (Original Uploder)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ