By Manawmaya Journal, Shweproperty.com
Updated at 5 January 2020
ကျွနု်ပ် ဒုတိယတန်းကျောင်းသားအရွယ်က ဖြစ်လေ၏။ ထိုစဉ်က ကျွနု်ပ်တို့ မိသားစုသည် မကွေးမြို့ မြင်သာရပ်၌ အိမ်တစ်လုံးကိုငှား၍ နေထိုင် လျက်ရှိကြလေ၏။
တစ်နေသ၌ ညနေခင်းကျောင်းဆင်းပြီး၍ အိမ်ရောက်စအချိန်တွင် အိမ်ရှေ့ဘက်ဆီမှ နောင် ဝေဝေ ဟူသော ကြေးစည်သံကို ကြားလိုက်သဖြင့် ကျွနု်ပ်လည်းလှမ်း၍ ကြည့်လိုက်သောအခါ အသား ညိုညို၊ အရပ်မြင့်မြင့် ဒေါက်ချာချွန်ချွန်ကြီးကို ဆောင်းထားသော ရသေ့ကြီးတစ်ပါး အိမ်ရှေ့၌ ရပ် နေသည်ကို တွေ့ရလေ၏။ ထို့ကြောင့် ကျွနု်ပ်လည်း ထိုစဉ်က ကျွနု်ပ်ရသော မုန့်ဖိုး ဆယ်ပြားအနက်မှ ငါးပြားစေ့တစ်စေ့သည် မသုံးဖြစ်ဘဲ အိတ်ကပ်ထဲ၌ စမ်းမိသောကြောင့် ထိုငါးပြားစေ့ကလေးကို ရသေ့ ကြီးအား သွား၍လှူလိုက်လေ၏။
ရသေ့ကြီးက သာဓုခေါ်ကာ ဆုများပေးပြီး လျှင် သူ၏လွယ်အိတ်အညိုကြီးအတွင်းမှ ငွေပြား ကလေးဖြင့် လိပ်ထားသည့် အဆောင်လက်ဖွဲ့လေး တစ်ခုကို နှိုက်ပြီး ကျွနု်ပ်အား ပေးသွားခဲ့လေ၏။ ပြီးနောက် –
“လူလေးအဖေရဲ့ အသက်ကို သိသလား။ ဘာနေ့သားလဲ”ဟုမေးလျှင် ကျွနု်ပ်ကလည်း သိနေ သောကြောင့် ပြောလိုက်သောအခါ ရသေ့ကြီးသည် အတန်ကြာမျှ မျက်စိကိုမှိတ်လျက် ပါးစပ်မှ ပွစိပွစိ ရေရွတ်နေလေ၏။ ထို့နောက်တွင်မှ –
“အိမ်း … လူလေးတို့မိသားစု မထင်မှတ် ဘဲ အိမ်ပြောင်းရတော့မယ်ကွယ့်” ကြေးစည်ကြီးကို နောင်ခနဲထု၍ ထွက်သွာလေတော့၏။
ကျွနု်ပ်၏မိဘများမှာ ဝန်ထမ်းများဖြစ်ကြ၏။ နောက်နှစ်ရက်ကြာသောအခါ ဖခင်ဖြစ်သူသည် အလုပ်မှ ထွက်လိုက်ပြီးလျှင် ချက်ချင်းဆိုသလိုပင် ကျွနု်ပ်တို့၏ ဇာတိဖြစ်သော တောင်တွင်းကြီးမြို့သို့ ပြန်ပြီးပြောင်းရန် စီစဉ်လေတော၏။
ဤသို့ဖြင့် ကျွနု်ပ်သည် ဒုတိယတန်း စာသင် တန်း စာသင်နှစ်တစ်ဝက်မှာပင် မကွေးမြို့မှ ပြောင်း လာခဲ့ရလေတော့၏။ မှတ်မှတ်ရရ ၁၉၈၁ ခုနှစ် ဧပြီလ ၁၁ ရက်ဖြစ်လေ၏။ ထိုနေ့မှာ စနေနေ့ ဖြစ်လေ၏။ ကျွနု်ပ်သည် နို့စို့သားအရွယ် ဒုတိယ မြောက် ညီငယ်အား ပုခက်ထဲသို့ထည့်ကာ ပုခက် လွှဲပေးရင်း မိခင်ကြီး ရုံးမှ ငှားလာပေးသော ပုံပြင် စာအုပ်အထူကြီးကို ဖတ်နေခဲ့လေ၏။
ထိုအချိန်၌ အိမ်ရှေ့ဆီမှ နောင်ဝေဝေ ဟူသော ကြေးစည်သံကြားလိုက်သဖြင့် လှမ်း၍ ကြည့်လိုက်သောအခါ ဒေါက်ချာ ချွန်ချွန်ကြီးကို ဆောင်းထားသည့် အရပ်မြင့်မြင့် အသားညိုညို ရသေ့ကြီးတစ်ပါးကို တွေ့လိုက်ရပြန်လေ၏။ ကျွနု်ပ် ၏စိတ်ထဲ၌ လွန်ခဲ့သော လေးငါးလခန့်က မကွေးမြို့ တွင် တွေ့ခဲ့သော ရသေ့ကြီးပင်လောဟူ၍ တွေးမိ လေ၏ အမှန်စင်စစ် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ ကလေးတစ်ဦး၏ မျက်စိထဲတွင်မူ ဒေါက်ချာကြီးကို ဆောင်း၍ ကိုယ်ရုံအညိုကြီး ရုံထားလျှင် အတူတူ ဟုပင်သာ ထင်ယောင်မိနေပါလေတော့၏။
ကျွနု်ပ်သည် အိတ်ကပ်စမ်း၍ ကြည့်လိုက် သောအခါ မုန့်ဖိုး တစ်ပြားမျှ ရှိမနေပေ။ ထို့ကြောင့် ရသေ့ကြီး၏ အနီးသို့ ပြေးသွားပြီးလျှင် –
“ကန်တော့ပါစေ့ ဘရသေ့။ ကျွန်တော့်မှာ မုန့်ဖိုးမရှိလိုပါ”ဟု ပြောလိုက်လျှင် ရသေ့ကြီးက ပြုံး၍ သာဓုခေါ်ပြီးလျှင် ဆုများပေးလေ၏။ ကျွနု်ပ်က ကျွနု်ပ်၏မိခင်ကြီး၏ အသက်နှင့်နေ့သားကို လွှတ်ခနဲ ပြောလိုက်၏။ ရသေ့ကြီးက ရုတ်တရက် အူကြောင် ကြောင် ဖြစ်နေ၏။ ထိုနောက်တွင်မှ ပြုံးလျက်-
“လူလေးတို့ မိသားစု အိုးသစ် အိမ်သစ် နေရတော့မယ်ကွယ့်”ဟုပြောကာ ကြေးစည်ကြီးကို နောင်ခနဲ ထု၍ ထွက်သွားလေတော့၏။
ထိုနေ့က အိမ်တွင် ကျွနု်ပ်၏ဖခင်ကြီးဘက်မှ အဘိုးနှင့် အဘွားလည်း ရှိနေလေ၏။ မိခင်ကြီးမှမူ စနေနေ့ နေ့တစ်ဝက် ရုံးသွားနေရလေ၏။
နေ့လယ် ၁ နာရီထိုးလုလုအချိန်ခန့်တွင် သံပိုက်လုံးဖြင့် ပြုလုပ်ထားသော ဓာတ်တိုင်များကို ခဲဖြင့် တစ်တောင်တောင် ခေါက်သော အသံများ ဟိုမှသည်မှ ဆိုသလို ပေါ်ထွက်လာလေတော့၏။ ထိုသို့လျှင် ဓာတ်တိုင်ကို ခေါက်ခြင်းသည် ကျွနု်ပ် တို့ဒေသ၌ မီးလောင်ကြောင်း အချက်ပေးသော သင်္ကေတပင် ဖြစ်လေတော့၏။
ကျွနု်ပ်၏ မိခင်ကြီးနှင့် ဖခင်ကြီးတို့သည် အိမ်သို့ အမောတကော ပြန်ပြေးလာကြလေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးမှလည်း အော်သံ ဟစ်သံများ ဖြင့် ဆူညံနေလေတော၏။
တိုက်ဆိုင်စွာပင် ထိုနေ့ နံနက်ပိုင်းက မကွေး မြို့တွင် မီးလောင်သဖြင့် တောင်တွင်းကြီးမှ မီး သတ်ကားများ သွားရောက် ကူညီပေးနေရသော ကြောင့် တောင်တွင်းကြီးတွင် မီးသတ်ကားများ ရှိမနေကြောင်း၊ လွန်စွာပူပြင်းလှသော ဧပြီလ၏ နေ့လယ်ခင်း ဖြစ်နေသောကြောင့် မီးကိုနိုင်ရန် မလွယ်ကြောင်းဖြင့်လည်း လူကြီးများသည် ပြောဆို နေကြလေ၏။
အမှန်တကယ်လည်း မြို့၏စနေထောင့်ဘက် ဆီမှ စပြီးလောင်လိုက်သောမီးသည် တနင်္ဂနွေ ထောင့်ဘက်ဆီသို့ ထိန်းမနိုင် သိမ်းမရလောင် လောင်ကျွမ်းခဲ့လေတော၏။ တစ်မြို့လုံးနီးပါးလိုလို မီးသင့်ခံခဲ့ရလေ၏။ ကျွနု်ပ်တို့၏ အိမ်လည်း မီးထဲ ပါသွားခဲ့လေတော့၏။ ထို့ကြောင့် နာရီပိုင်းကလေး ကပင် ရသေ့ကြီး ပြောသွားသည်အတိုင်း ကျွနု်ပ်တို့ မှာ မဖြစ်မနေပင် အိုးသစ်အိမ်သစ်ကိန်း ကြုံရပါလေ တော့၏။
ကျန်သည်တို့မှာ အမှတ်မထင် ရသေ့ကြီး များက ကျွနု်ပ်တို့ မိသားစု၏ အိုးအိမ် အပြောင်း အလဲ ကံကို နိမိတ်ဖတ်သွားခဲ့ကြခြင်းများ၏ မှန်ကန် ကြောင်း လက်တွေ့သာဓကများပင် ဖြစ်ပါလေ တော့၏။
တစ်ချိန်တွင် ကျွနု်ပ်သည် ဆရာကြီး မင်သိင်္ခ ထံမှ ဗေဒင်ပညာရပ်များကို ဆည်းပူးခွင့်ရခဲ့လေ၏။ ထိုသောအခါ လူတို့တွင် မိမိတို့၏ ဗေဒင်ကိန်းခန်း အလိုက် အိုး၊ အိမ်၊ နေရာထိုင်ခင်း အပြောင်းအလဲ ကြုံရတတ်သော၊ မပြောင်းလျှင်လည်း ပြင်ဆင် မွမ်းမံရတတ်သော အသက်အပိုင်းအခြားများ ရှိနေ သည်ကို တွေ့မိပါလေတော့၏။
သို့ပါသောကြောင့် မိတ်ဆွေများအတွက် အိမ်ပြောင်းခြင်း၊ နေရာပြောင်းခြင်း(သို့မဟုတ်) အလုပ်အပြောင်းအလဲ၊ အလုပ်နေရာ အပြောင်း အလဲကြုံခြင်း၊ နေအိမ်၊ ရုံးခန်း၊ အလုပ်ခန်း ပြင်ဆင် မွမ်းမံရခြင်းများကြုံရနိုင်သော၊ ထိုသို့အပြောင်းအလဲ ကြုံလျှင်လည်း ကောင်းသော အသက်အပိုင်းအခြား များကို တွက်စစ်ဖော်ပြလိုက်ရပါပေသတည်း။
တနင်္ဂနွေသားသမီးများ – အသက် – ၉နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊ ၆၆နှစ်၊ ၇၃နှစ်၊ ၇၄နှစ်၊ ၈၁နှစ်၊ ၈၂နှစ်။
တနင်္လာသားသမီးများ – အသက်- ၈နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၃နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၄၉နှစ်၊ ၅၆နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊ ၆၅နှစ်၊ ၇၂နှစ်၊ ၇၃နှစ်၊ ၈၀နှစ်၊ ၈၁နှစ်။
အင်္ဂါသားသမီးများ – အသက်- ၇နှစ်၊ ၈နှစ်၊ ၁၅နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊၃၂နှစ်၊ ၃၉နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၄၈နှစ်၊ ၅၅နှစ်၊ ၅၆နှစ်၊ ၆၃နှစ်၊ ၆၄နှစ်၊ ၇၁နှစ်၊ ၇၂နှစ်၊ ၇၉နှစ်၊ ၈၀နှစ်။
ဗုဒ္ဓဟူးသားသမီးများ – အသက်- ၆နှစ်၊ ၇နှစ်၊ ၁၄နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၅၅နှစ်၊ ၆၂နှစ်၊ ၆၃နှစ်၊ ၇၀နှစ်၊ ၇၁နှစ်၊ ၇၈နှစ်၊ ၇၉နှစ်၊ ၈၆နှစ်၊ ၈၇နှစ်။
ကြာသပတေးသားသမီးများ – အသက်- ၄နှစ်၊ ၅နှစ်၊ ၁၂နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၇၇နှစ်၊ ၈၄နှစ်၊ ၈၅နှစ်။
သောကြာသားသမီးများ – အသက်- ၂နှစ်၊ ၃နှစ်၊ ၁၀နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၁နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊ ၇၅နှစ်၊ ၈၂နှစ်၊ ၈၃နှစ်။
စနေသားသမီးများ – အသက်- ၅နှစ်၊ ၆နှစ်၊ ၁၃နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၀နှစ်၊ ၇၇နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၈၆နှစ်။
Ref : Manawmaya Journal
Photo Credit : Gettyimages
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ