By Trend Myanmar, Shweproperty.com
Updated at 12 October 2016
ဆရာဝန်ဖြစ်သူမိန်းမက ကန်ချပြီးနောက်၊ အသက် ၆၉ နှစ်အရွယ် သူဌေးအဘိုးကြီးတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၁.၃ သန်းတန် အိမ်ဝင်းထဲက အိမ်ရှေ့မြက်ခင်းပြင်မှာ ခြောက်လကြာ နေထိုင်ခဲ့ရပါတယ်။
Texas ပြည်နယ်၊ Seabrook မြို့က Sharafat Khan ဆိုသူ အမျိုးသားဟာ လက်ရှိမှာ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ သူပိုင်အိမ်ကြီးရှေ့တံခါးရဲ့ မလှမ်းမကမ်းမှာပဲ အိပ်စက်နေရသူဖြစ်ပါတယ်။ အသက် ၆၁ နှစ်အရွယ် ဇနီးဖြစ်သူ Shahnaz နဲ့စကားများရန်ဖြစ်အပြီးမှာ ဇနီးဖြစ်သူဟာ အိမ်ရဲ့ သော့ခလောက်တွေ အကုန် ပြောင်းလဲပစ်လိုက်တာကြောင့် Khan တစ်ယောက် အခုလို အိပ်စက်နေရတာဖြစ်ပါတယ်။
မြို့ဆင်ခြေဖုံးမှာရှိတဲ့ အိမ်ကြီးရဲ့တစ်ဝက်ကို ပိုင်ဆိုင်တဲ့ Khan ဟာ အခုအခါ လင်မယားနှစ်ယောက်ပိုင်တဲ့ ပိုက်ဆံတွေကိုလည်း သုံးခွင့်မရတော့ သလို၊ အဝတ်လျှော်စက် ပစ္စည်းတွေလည်း သုံးခွင့်ပိတ်ခံထားရတယ်လို့ဆိုပါတယ်။ ညဘက်ဆို အိမ်ရှေ့ဆင်ဝင်အောက်မှာ အိပ်ရာခင်းလေး တစ်ခု ခြုံအိပ်ရပြီး အေးအေးဆေးဆေးနားနေချင်တဲ့အခါ နောက်ဖေးခြံဝင်းထဲက ရေကူးကန်ဘေးနားသွား နားနေရပါတယ်။ နေ့လယ်ဘက် နေပူတဲ့အခါ အရိပ်ရအောင်အတွက် သစ်ပင်တွေ အောက်မှာ ခိုနေရ တယ်လို့သိရပါတယ်။
အိမ်နီးနားချင်းတွေဟာ Khan ဟာ သူ့အိမ်ရှေ့မှာတင် သူသေသွားနိုင်တယ်လို့စိုးရိမ်နေကြပြီး အခုအခါ သူဟာ အလွန်အင်အားချည့်နဲ့နေပြီး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူးလို့ဆိုပါတယ်။ ရပ်သူရွာသားတွေက သူ့ကို စောင်တွေ လာပေးထားရင်တောင် မိန်းမဖြစ်သူက ပြန်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ မိန်းမဖြစ်သူဟာ Khan ကို အစားအသောက်မကျွေးဖို့အတွက် သတိပေးဆိုင်းဘုတ်တွေပါ ထောင်ထားတယ်လို့သိရပါတယ်။
ရဲတွေ အကြိမ် ၃၀ လောက် ဆင့်ခေါ်ပြီး ကူညီခဲ့ကြပေမယ့်၊ တရားဥပဒေအရ သူ့မိန်းမက သူ့ကို အိမ်ထဲ ပြန်လက်ခံအောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ သူတို့နှစ်ဦးရန်ဖြစ်ရတဲ့အဓိကပြဿနာဟာ ငွေကြေးကြောင့်ဖြစ်ပြီး မိန်းမဖြစ်သူက သူမပစ္စည်းဥစ္စာရဲ့ တစ်ဝက်ကို မလွှဲပေးချင်လို ့ဖြစ်ကာ Khan ကလည်း ရှေ့နေမဌားရမ်းနိုင်တဲ့အတွက် တရားဝင်ကွာရှင်းမှု မလုပ်နိုင်ဘူးလို့ဆိုပါတယ်။ ဒီအိမ်ခြံမြေနဲ့ပတ်သက်ပြီး သူရသင်တဲ့ဝေစုကို လိုချင်ကြောင်း Khan က ပြောကြားခဲ့ပါတယ်။
Khan ဟာ မိသားစုကုမ္ပဏီ Khan Investments LLC ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ကြောင်း အွန်လိုင်းအချက်အလက်စာရင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Ref & Photo Credit : Trend Myanmar
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ