By Shopmyat.com, Shweproperty.com
Updated at 16 August 2019
မိုးရွာသွန်းမှုများခြင်းကြောင့် ရေကြီးရေလျှံခြင်းကို ခံစားနေရတာ တနိုင်ငံလုံးပါပဲ။ တချို့ဒေသတွေမှာ ဆိုးဝါးတဲ့ အခြေအနေတွေကို ခံစားနေရပြီး၊အချို့မြို့နယ်တွေမှာတော့ အိမ်ထဲရေဝင် လမ်းတွေရေကြီးနဲ့ အလုပ်တွေရှုပ်ရ စိတ်ညစ်ရတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်နေရတာပါ။
ဒါကြောင့် ဒီလိုမိုးကြီးမုန်တိုင်းကာလာ အိမ်ထဲမှာရေဝင်လာရင် အန္တရာယ်မရှိအောင် ဘယ်လို ကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတော့
မီးပလပ်တွေဖြုတ်ထား၊မိန်းချထားပါ။
မီးပလက်ပေါက်တွေက အိမ်ရဲ့ အမြင့်မှာသာ မဟုတ်ပဲ အောက်နားတွေမှာလည်းရှိလို့ အိမ်ထဲရေဝင်ပြီးဆိုရင် အန္တရာယ် အရှိဆုံးဖြစ်တတ်ပါတယ်။ဒါကြောင့် အမြဲပဲ မီးခလုပ်တွေပိတ်ပေးပါ။မီးပလပ်တွေ အသုံးမလိုရင် ဖြုတ်ထားပါ။ အိမ်မှာလူမရှိရင် မီးမိန်းတွေကို ချထားခဲ့ပါ။
ရေစိုမခံ ပရိဘောဂများကို တဆင့်အမြင့်တွင်ထားပါ။
ကြိတ်သားလိုအသားမျိုးနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို အိမ်မှာအသုံးပြူထားတယ်ဆိုရင် ပရိဘောဂတွေအောက်မှာ အိမ်အနေအထားနဲ့ သင့်တော်မယ့် အုတ်နီခဲလို၊ သစ်သားအမာသားလိုမျိုးအောက်က ခံပြီး အသုံးပြုပါ။ အပျက်အစီးသက်သာစေပါတယ်။
အိမ်/ခြံ များကို မိုးမကျခင် ရှင်းလင်းထားပါ ။
မြေစိုက်အိမ်တွေ၊ ခြံနဲ့ဝန်းနဲ့အိမ်တွေအတွက် မြက်ရှင်းတာမျိုး၊ ဂိုထောင်ရှင်းထားတာမျိုး မိုးမကျခင်မှာလုပ်ထားသင့်ပါတယ်။ မိုးကြီးတဲ့အခါ အဆိပ်ရှိတဲ့ သတ္တဝါတွေလည်း ခြံထဲရောက်လာတတ်တာမို့ ခိုစရာနေရာမရှိအောင် သတိထားသင့်ပါတယ်။
အရေးကြီးစာရွက်စာတမ်းများ ရေမစိုနိုင်အောင် သိမ်းဆည်းပါ။
အရေးကြီးစာရွက်စာတမ်းတွေကု် ရေစိုလွယ်အောင် မထားပါနဲ့။ဗီရိုထဲမှာထားမယ်ဆိုလည်း မြင့်တဲ့အဆင့်မှာထားပါ။ ရေစိုပျက်စီးရတာ လွယ်ပေးမယ့် ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်တွေလိုဆိုရင် ပြန်လည်ရယူဖို့ခက်ခဲပါတယ်။
ထည့်သိမ်းစရာ အိတ်မျိူးအလွယ်တကူထားပါ။
မိုးကြီးတဲ့အခါ အိမ်ထဲ တစိမ့်စိမ့်ရေဝင်တတ်သလို ရုတ်တရက်လည်း ဝုန်းခနဲ ရေဝင်လာတတ်တာမို့ အလွယ်တကူထည့်လွယ်လို့ရတဲ့ အိတ်မျိုးအလွယ်တကူ ရှိတဲ့နေရာမှာထားပါ။ ဒါမှလိုအပ်တာတွေကို အမြန်ဆုံးထည့်ပြီး ရေလွတ်ရာသွားနိုင်မှာပါ။
လျှပ်စက်ပစ္စည်းတွေကို နံရံကပ်မထားပါနဲ့ ။
အိမ်ထဲကိုအောက်က ရေဝင်တတ်သလို တိုက်ခန်းတွေမှာတော့ မိုးယိုတာ နံရံဖက်ကစိမ့်တာတွေရှိတတ်ပါတယ်။ဒါကြောင့် ရေစိမ့်နိုင်တဲ့နံရံတွေ ရေစိုနိုင်တဲ့နေရာတွေနဲ့ ကပ်ပြီးလျှပ်စစ်ပစည်းတွေကိုမထားပါနဲ့။ရှော့ဖြစ်တတ်ပါတယ်။
ဒီအချက်တွေကို သတိထားမယ်ဆိုရင် မိုးကြီးလို့ အိမ်ထဲရေဝင်လာခဲ့ရင်တောင် အိမ်တွင်းပစ္စည်းပျက်စီးမှုနည်းမယ်လို့ထင်ပါတယ်။ ရေထဲအကြာကြီးနေရင် ဖျားနာတာ၊ဝမ်းပျက် တတ်တာမျိုးဖြစ်တတ်လို့ ကလေးလူကြီး ကျန်းမာရေးလည်း အထူးဂရုစိုက်ကြပါ။
Ref : Shopmyat.com
Photo Credit : Infokita
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ